မြေဩဇာကော်မတီ၏ (၃၄) ကြိမ်မြောက်အစည်းအဝေး ကျင်းပ မြေဩဇာ တင်သွင်းထောက်ခံချက်များကိုလည်း Online မှ ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  ဒီဇင်ဘာ  ၁၄
သီးနှံအရည်အသွေးနှင့်  အထွက်နှုန်း   ကောင်းမွန် စေမည့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများနှင့် မြေဆီလွှာ ဖွံ့ဖြိုးရေး နည်းပညာ၊ အသိပညာ ပြန့်ပွား ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီးရုံး   အစည်းအဝေးခန်းမ၌    ကျင်းပသည့် မြေဩဇာကော်မတီ၏ (၃၄) ကြိမ်မြောက် အစည်း အဝေးတွင် မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး  ဒေါက်တာအောင်ကြီးက ပြောကြားသည်။ 
အဆိုပါ အစည်းအဝေးသို့ မြေဩဇာကော်မတီ အဖွဲ့ဝင်များနှင့် မြေဩဇာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်   ဆွေးနွေးခဲ့ကြသည်။    စိုက်ပျိုး ထုတ်လုပ်မှု  တိုးတက်ရေးအတွက်  အရည်အသွေး ပြည့်ဝပြီး စံချိန်စံညွှန်းကိုက်ညီသော မြေဩဇာများကို  အကျိုးရှိစွာ  သုံးစွဲနိုင်ကြစေရန်  မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့၏ စိစစ်ထောက်ခံချက်ကို အခြေခံ၍  သက်ဆိုင်ရာဌာနများ ပေါင်းစပ်ဖွဲ့စည်းဆောင်ရွက် သည့် မြေဩဇာကော်မတီ အစည်းအဝေးများမှ စိစစ်  ဆွေးနွေးဆောင်ရွက်ခဲ့ရာ (၃၃)ကြိမ်မြောက် အစည်း အဝေးအထိ မြေဩဇာတင်သွင်း၊ တင်ပို့ထုတ်လုပ် မှတ်ပုံတင်  စုစုပေါင်း  ၈၇၃၈  စောင်ကို  မှတ်ပုံတင် ခွင့်ပြုပေးနိုင်ခဲ့ပြီး ဖြစ်သည်။
မြေဩဇာများ   ထုတ်လုပ်၊   တင်သွင်းခြင်း လုပ်ငန်းများအတွက် လွယ်ကူလျင်မြန်စွာ မှတ်ပုံတင် နိုင်ရန်  စိုက်ပျိုးရေးဦးစီးဌာနက MAIRS Online System   ဖြင့်    မှတ်ပုံတင်လျှောက်ထားခြင်းကို ဆောင်ရွက်ပေးလျက်ရှိပြီး    သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်  ကိုက်ညီသည့် လျှောက်လွှာ များကို  မှတ်ပုံတင်ခွင့်ပြုလက်မှတ်များ  Online  မှ ထုတ်ယူရရှိနိုင်ရေးကိုလည်း   ဆောင်ရွက်လျက်ရှိ သည်။ အလားတူ မြေဩဇာ တင်သွင်းထောက်ခံချက်  များကိုလည်း Online မှ ဆောင်ရွက်ပေးလျက်ရှိသည်။
မြေဩဇာများတင်သွင်းရာတွင်  လုပ်ငန်းလွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ဖြေလျှော့မှုအနေဖြင့်  ထုပ်ပိုးပစ္စည်း၌ ပြည်ပမူရင်းနိုင်ငံ၏ အမှတ်တံဆိပ် ပါ  Orginal  Bag  များတွင်  မြေဩဇာအမည်နှင့် ပါဝင်သောအာဟာရဓာတ် အချိုးအစားကို အလွယ် တကူ စစ်ဆေးနိုင်ရန် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြ၍  တင်သွင်းခွင့်ပြုခဲ့ပြီး ပြည်တွင်းသို့ ရောက်ရှိလာမှသာ မြန်မာဘာသာအညွှန်းစာပါ    အိတ်ခွံများအတွင်း ထည့်သွင်းရောင်းချနိုင်ရေး ဆောင်ရွက်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။                      သတင်းစဉ်