မြေငလျင်လှုပ်ခတ်မှုနှင့် အနီးဆုံးဖြစ်သည့် သဖန်းဆိပ်ရေလှောင်တမံ ထိခိုက်မှုမရှိဟုသိရ

 

နေပြည်တော်   ဇူလိုင်   ၃၀


ယမန်နေ့   မွန်းလွဲ   ၃ နာရီတွင် ကန့်ဘလူ    မြေငလျင်စခန်းမှ အရှေ့တောင်ဘက်   (၄၂)  မိုင် အကွာတွင် အနက် (၁၀)ကီလို မီတာကို ဗဟိုပြု၍ အင်အားရစ်(ချ်) တာစကေး (၆ ဒသမ ၃) အဆင့်ရှိ အင်အားပြင်းထန်    မြေငလျင် လှုပ်ခတ်ခဲ့သည့်အတွက်     ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေး   ဦးစီးဌာနအနေဖြင့်   ငလျင် ရိုက်ခတ်မှုဒဏ်ကြောင့်   ဌာနမှ ထိန်းသိမ်းထားသော ရေလှောင် တမံနှင့်        ဆက်စပ်ရေအား အဆောက်အအုံများ ထိခိုက်မှုရှိ/မရှိ ချက်ချင်းကွင်းဆင်းစစ်ဆေး ရန်     ညွှန်ကြားချက်ထုတ်ပြန်ခဲ့ သည်။ မြေငလျင် အဓိကလှုပ်ခတ် ခဲ့သည့်နေရာမှာ    စစ်ကိုင်းတိုင်း ဒေသကြီး၊              ကန့်ဘလူဒေသ ဖြစ်သော်လည်း  ငလျင်ပြတ်ရွေ့           ကြောများ    ဆက်စက်မှုအရ    စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊    မန္တလေးတိုင်း ဒေသကြီးနှင့်         ရှမ်းပြည်နယ်    (တောင်ပိုင်း) တို့ကို  ကွင်းဆင်း     စစ်ဆေးခဲ့ရာတွင် ဆည်/တမံများ နှင့်  ရေအားလျှပ်စစ်  အဆောက် အအုံများ    ထိခိုက်မှုမရှိကြောင်း      တွေ့ရှိရသည်။

 


အထူးသဖြင့် ငလျင်လှုပ်ခတ် မှုနှင့် အနီးဆုံးဖြစ်သည့် သဖန်း ဆိပ်  ရေလှောင်တမံကို   အထူး ဂရုစိုက်၍ မျက်မြင်စစ်ဆေးခြင်း ကို    ဆောင်ရွက်ခဲ့ရာတွင်    တမံ ကိုယ်ထည်၊ ရေထုတ်ပြွန်၊ ရေပိုလွှဲ  နှင့်    ရေအားလျှပ်စစ်စက်ရုံများ အပါအဝင်   ရေအား   အဆောက် အအုံများ ထိခိုက်မှု မရှိကြောင်း တွေ့ရှိရသည်။       သဖန်းဆိပ် ရေလှောင်တမံကြီးသည် အမြင့် ပေ   ၁၀၈   ပေရှိကာ၊     အလျား ၂၂၅၈၇ ပေရှိပြီး အရှေ့တောင် အာရှတွင် အရှည်လျားဆုံးတမံ ဖြစ်၍ ရေပြည့်သိုလှောင်ပမာဏ ၂၈    သိန်းခန့်     သိုလှောင်ထား နိုင်ကာ စိုက်ပျိုးမြေဧက ၅ သိန်း ခန့်      ရေပေးဝေနိုင်သည့်အပြင် လျှပ်စစ်ဓာတ်အား  မဂ္ဂါဝပ် (၃၀) ကိုလည်း ထုတ်လွှတ်ပေးလျက် ရှိသည်။

 


ဆည်မြောင်းနှင့်  ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာန   အနေ ဖြင့် ရေလှောင်တမံများ ဘေးကင်း လုံခြုံမှုရှိစေရေး  (Dam Safety) လုပ်ငန်းများကို ဦးစားပေးဆောင်  ရွက်လျက်ရှိပြီး မိုးရာသီမတိုင်မီ အချိန်မှစ၍ တမံစစ်ဆေးရေးအဖွဲ့ လေးဖွဲ့ကို ဖွဲ့စည်းပြီး အရေးကြီး သော   တမံများကို    ကွင်းဆင်း စစ်ဆေးကာ          တွေ့ရှိရသည့် အားနည်းချက်များကို     အချိန်မီ ပြုပြင်ခဲ့ပြီး ဖြစ်သည်၊၊

 


ထို့ပြင် အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက ရေလှောင်တမံ အောက်ဘက်ရှိ    မြို့ပြကျေးရွာ နေ      ပြည်သူများ၏      အသက် အိုးအိမ်စည်းစိမ်         ထိခိုက်မှု လျော့ပါးစေရေးကို    အထောက် အကူပြုစေနိုင်ရန်     အတွက် အရေးပေါ်အခြေအနေ     ကြိုတင် စီမံခန့်ခွဲမှု စီမံချက် (Emergency Preparedness Plan- EPP) ကို    တမံတစ်ခုချင်းစီအလိုက် ရေးဆွဲ ကာ   EPP  ပါ  လုပ်ငန်းစဉ်များ အတိုင်း     လိုက်နာဆောင်ရွက် လျက်ရှိကြောင်း    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်        ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။ 

 


သတင်းစဉ်