
စစ်ကိုင်း ဒီဇင်ဘာ ၁၅
ဒီဇင်ဘာ ၁၅ ရက် နံနက် ၃ နာရီ ၁၇ မိနစ်ခန့်က မန္တလေးမြေငလျင်စခန်း၏ အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာ တံတားဦးမြို့၏ အရှေ့ဘက် လေးမိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာ စကေး ၅ ဒသမ ၂ အဆင့် အင်အားအသင့်အတင့်ရှိ မြေငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်ခဲ့သည်။
အဆိုပါမြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်း မြို့နယ် မင်းကွန်းကျေးရွာရှိ မြသိန်းတန်စေတီတော် ၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ ပြုတ်ကျခြင်း၊ စေတီတော်၏ အရှေ့ဘက်ခေါင်းလောင်းမှောက် အောက်ခြေမှ အထက်သပိတ်တော်အထိ ပေ ၄၀ခန့် အက်ကြောင်းဖြစ်ပေါ်ခြင်း၊ အရှေ့ဘက် သီတာ ခုနစ် တန်မုခ်ဦး၏ခြောက်ခုမြောက် မုခ်ဦးအနည်းငယ် ကွဲအက်ခြင်း၊ ခုနစ်ခုမြောက်မုခ်ဦး အထက်တံတိုင်း အနည်းငယ် ကွဲအက်ခဲ့ကြောင်းသည်။
အဆိုပါဘုရားမှ မြေခခဲ့သော စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို မင်းကွန်းကျေးရွာ နဂါး ပါတ်ကျောင်းတိုက်မှ ဆရာတော် ဥူးတိသာသန (လေးဌာနဥက္ကဋ္ဌဆရာတော်) မှ ထိန်းသိမ်းထားရှိ ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတောင်ရှိ ဥမင်ကိုးဆယ် ဘုရား အနည်းငယ်ကွဲအက်ပြီးပျက်စီးခြင်း၊ သောတာ ပန်ရပ်ကွက် လေးကျွန်းမာန်အောင်ဘုရားမဏ္ဍိုင် ကွေးသွားခြင်းနှင့် ဧမြဝတီရပ်ကွက်ရှိ လောက မာရဇိန်ဘုရား စိန်ဖူးတော် မြေခခြင်းများဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။ အဆိုပါမြေငလျင်လှုပ်ခတ်မှု ကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ ဌာနဆိုင်ရာ အဆောက် အအုံများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)