
နေပြည်တော် ဇန်နဝါရီ ၂၆
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် နေပြည် တော် ပုဗ္ဗသီရိမြို့နယ် စက်စက်ယို ကွင်း၌ ကျင်းပမည့် မွေးမြူရေး တိရစ္ဆာန်ပြပွဲပြိုင်ပွဲ (၂၀၂၂) ကျင်းပ ရေး အကြိုပြင်ဆင်မှုများကို ဇန်နဝါရီ ၂၄ ရက်တွင် ပြပွဲ၊ ပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက် များ ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြ သည်။
တိရစ္ဆာန်အစာပင် စိုက်ပျိုး ကျွေးမွေးသည့်စနစ် ဖွံ့ဖြိုးစေခြင်း ဖြင့် အသားစားနွား၊ နို့စားနွား၊ သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ တိုးတက်ထုတ်လုပ် နိုင်ရန်၊ ပြည်တွင်းစားသုံးမှုအတွက် အသား၊ နို့ နှင့် နို့ထွက်ပစ္စည်းများ ဖူလုံစေပြီး မွေးမြူရေးထွက် ကုန်ကြမ်းကုန်ချောများ ပြည်ပ တင်ပို့မှု တိုးမြှင့်နိုင်ရန်၊ မွေးမြူရေး သမားအချင်းချင်း အပြန်အလှန် ဆက်သွယ်မှုကွန်ရက် ကျယ်ပြန့် လာစေခြင်းဖြင့် ပြည်တွင်း ပြည်ပ ဈေးကွက်ယှဉ်ပြိုင်မှု အားကောင်း လာစေရန်နှင့် မွေးမြူသူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ထုတ်လုပ်မှု ကောင်းမွန်သော အသားစားနွား၊ နို့စားနွားနှင့် သိုး၊ ဆိတ်မျိုးများကို ဖော်ထုတ်၍ မျိုးထိန်းမျိုးပွား မျိုးမြှင့်လုပ်ငန်းများ ဖြစ်ထွန်း အောင်မြင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပ မည့် အဆိုပါ ပြပွဲပြိုင်ပွဲကို ဇန်နဝါရီ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်