
နိုင်ငံ၏ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေ ဖြင့် ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိရာ ကြိုးပမ်းဆောင်ရွက်မှုတစ်ခု အနေဖြင့် မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲကြီးကို ဇန်နဝါရီ ၂၈ ရက်မှ ၃၀ ရက် အထိ သုံးရက်တာ အောင်မြင်စွာကျင်းပ ခဲ့ပြီးဖြစ်သည်။
အဆိုပါ ပြပွဲ၊ ပြိုင်ပွဲကြီးကို မျိုးကောင်း မျိုးသန့်များရရှိနိုင်သည့် အရင်းအမြစ် များကို ဖော်ထုတ်ပြီး မွေးမြူထုတ်လုပ်မှု နည်းပညာများ မျှဝေပေးခြင်း၊ မွေးမြူသူ အချင်းချင်းဆက်သွယ်မှု ကွန်ရက် ချဲ့ထွင်ခြင်း၊ အရည်အသွေးမြင့် မွေးမြူ ရေးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချနိုင်မည့် နည်းပညာများ ဖြန့်ဖြူး ခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံကာ ငြိမ်းချမ်း သာယာသည့် လူ့ဘောင်တစ်ခု တည် ထောင်နိုင်ရန် လိုအပ်သောရလဒ်များ ဖော်ထုတ်ချမှတ်နိုင်ရန် မျှော်မှန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
တိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲတွင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးမှ တောင်သူ များ၏ မွေးမြူရေးတိရစ္ဆာန်များဖြစ်သည့် နွားနောက်၊ နို့စားကျွဲ၊ ဒေသနွား၊ နို့စား နွားမကြီး၊ နို့စားနွားမဒန်း၊ အသားစားနွား၊ ဒေသသိုး၊ ဒေသဆိတ်၊ နိုင်ငံခြားမျိုး အသားတိုးဆိတ်၊ နိုင်ငံခြားမျိုးသိုး စသည့် မွေးမြူရေးတိရစ္ဆာန်များ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
အမျိုးအစားအလိုက် ဆုများပေးအပ်
တိရစ္ဆာန်ပြိုင်ပွဲတွင် ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မွေးမြူရေးတိရစ္ဆာန် ကောင်ရေ ၁၆၄ ကောင် ယှဉ်ပြိုင်ခဲ့ပြီး တိရစ္ဆာန်ပြပွဲတွင် ၄၉ ကောင် ပါဝင်ပြသခဲ့ ကာ အမျိုးအစားအလိုက် ဆုများပေးအပ် ခဲ့သည်။
တိရစ္ဆာန်ပြိုင်ပွဲများတွင် ခိုင်းနွားနှင့် ပတ်သက်သော အမှတ်ပေးစည်းမျဉ်းများ၊ နို့စားနွားနှင့်ပတ်သက်သော အမှတ် ပေးစည်းမျဉ်းများ၊ အသားတိုးနွားနှင့် ပတ်သက်သော အမှတ်ပေးစည်းမျဉ်းများ၊ သိုး၊ ဆိတ်နှင့် ပတ်သက်သော အမှတ် ပေး စည်းမျဉ်းများကိုရေးဆွဲပြီး ပြိုင်ပွဲ အလိုက် အချို့က ထုတ်လုပ်မှု၊ အချို့က လှပကြော့ရှင်းမှုကို ဦးတည်အမှတ် ပေးကာ မြန်မာ့နွားသိုးအလှပြိုင်ပွဲတွင် မြန်မာ့ခိုင်းနွားမျိုးရင်း စစ်မှန်ခြင်း၊ သွင်ပြင်လက္ခဏာပြည့်စုံခြင်း၊ မျိုးပွား အင်္ဂါဖွံ့ဖြိုးခြင်း၊ ခန္ဓာကိုယ်အချိုးအစား ညီမျှခြင်း၊ ဗွေ၊ ဘို့အနေအထားမှန်ကန် ခြင်း၊ လည်ပင်းတုတ်ခိုင်၊ ဇက်ပေါက် ကောင်းမွန်ခြင်း၊ ရင်အုပ်အကျယ်၊ ဒေါက် အမြင့်၊ အသက်(သွားစိုက်)နှင့် အသား အရေကောင်းမွန်ခြင်းစသည့် အချက် များဖြင့် အမှတ်ပေးရွေးချယ်ခဲ့သည်။
နို့စားနွားမကြီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် နို့စားနွားမများကို ခန္ဓာကိုယ်အချိုးအစား ကျမှု၊ နို့စားနွား၏ သွင်ပြင်လက္ခဏာ ပြည့်စုံမှု၊ နို့အုံအနေအထားကောင်းမွန်မှု၊ နို့ထွက်နှုန်း၊ အသက်၊ နောက်ပါ နွား ကလေး၏ အသက်နှင့် သွင်ပြင်လက္ခဏာ၊ နို့အရည်အသွေးစသည့် အချက်များကို မူတည်၍ ရွေးချယ်ခဲ့သည်။
အလားတူ နို့စားနွားမတမ်းများကို ခန္ဓာကိုယ်အချိုးအစား၊ မျိုးရိုးဗီဇ၊ သွင်ပြင် လက္ခဏာ၊ နို့အုံအနေအထားနှင့် အသက် စသည့်အချက်များကို လည်းကောင်း၊ အသားစားနွားထီးများကို မျိုးရင်း၊ အသက်အလိုက် ကြီးထွားနှုန်း၊ ကြွက်သား ဖွဲ့စည်းမှုနှင့် အရေပြားကောင်းမွန်ခြင်း စသည့်အချက်များကို လည်းကောင်း၊ အသားတိုးနွားမများကို မျိုးရင်း၊ အမျိုး အလိုက် ခန္ဓာကိုယ်အချိုးအစား၊ ကြွက်သား ဖွဲ့စည်းပုံ၊ တင်ပါးဆုံရိုးခွင်နှင့် အရေပြား ကောင်းမွန်ခြင်း စသည့်အချက်များကို လည်းကောင်း အခြေခံ၍ အမှတ်ပေး ရွေးချယ်ခဲ့သည်။
“ဒီလို မွေးမြူရေးတိရစ္ဆာန်ပြိုင်ပွဲ တွေက ကျွန်တော်တို့လို တောင်သူတွေ အတွက် အကျိုးကျေးဇူးအများကြီးရှိပါ တယ်။ မွေးမြူရေးနည်းစနစ်တွေ၊ အစား ကျွေးမှုပုံစံတွေ စသဖြင့် အစုံသိရပါတယ်။ ပြီးတော့ တိုင်းဒေသကြီး၊ ပြည်နယ်အစုံ က တောင်သူအစုံ၊ မွေးမြူရေးလုပ်ငန်းစုံ နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရတာက အဖိုး မဖြတ်နိုင်စရာပါပဲ။ ဒီပွဲမှာ ကျွန်တော့်ရဲ့ တိုင်းချစ်လို့ခေါ်တဲ့ မြန်မာ့နွားသိုး ခိုင်းနွားနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးတော့ ပထမ ဆုလည်း ရရှိခဲ့ပါတယ်။ ဆုဆိုတာထက် တောင်သူတွေအတွက် စိုက်ပျိုးရေးနဲ့ အတူ မွေးမြူရေးလုပ်ငန်းကိုပါ စနစ် တကျတွဲလုပ်ရင် အကျိုးအမြတ်ရှိအောင် ဆောင်ရွက်လို့ရတဲ့ အသိပညာတွေရရှိ ခဲ့ပါတယ်။ ဒါကြောင့် ဒီလိုပွဲတွေ ထပ်ပြီး တော့လည်း လုပ်စေချင်တယ်” ဟု အမရ ပူရမြို့နယ် မင်းတဲကုန်းကျေးရွာမှ တောင်သူ ဦးမင်းရီက ဆိုသည်။
ပွဲတော်တွင် တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲများ အပြင် မွေးမြူရေးအစာဆိုင်ရာ စက်မှု ပြခန်း၊ တိရစ္ဆာန်ရောဂါကာကွယ်ရေး ပညာပေးပြခန်း၊ မွေးမြူရေးအသိပညာ ပေးပြခန်း၊ မွေးမြူရေးသုံးဆေးဝါးနှင့် လုပ်ငန်းသုံးပစ္စည်း ကိရိယာပြခန်း၊ မွေးမြူရေးအစာဆိုင်ရာပြခန်း၊ တိရစ္ဆာန် ရောဂါ စောင့်ကြည့်စစ်ဆေးရေး စခန်း (AQS)ပြခန်း၊ မွေးမြူရေးထွက်ကုန်ပစ္စည်း ပြခန်းများစသည့် ပြခန်းပေါင်း ၁၄၅ ခန်း ပါဝင်ပြသထားသည်။
လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန်
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အသွားအလာ ကန့်သတ်မှုများရှိပြီး မွေးမြူရေးလုပ်ငန်း များတွင် ထိခိုက်မှုရှိခဲ့သော်လည်း ယခု အခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင် သည့် အခြေအနေကို ရရှိပြီဖြစ်သည့် အတွက် ရပ်တန့်သွားသည့် လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် ကြိုးစားနေ သည့် ကာလအတွင်းတွင် မွေးမြူရေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ (၂၀၂၂) ကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျင်းပနိုင်ခြင်းသည် မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍ တိုးတက်ဖြစ်ထွန်းရန် အတွက် အရေးပါသည့် ကြိုးစားအားထုတ် မှုဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ ၂၀၂၂ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
ကျေးလက်နေပြည်သူများအနေဖြင့် ကျွဲ၊ နွားများကို မိရိုးဖလာ သဘောတရား အတိုင်း ရှေးရိုးစဉ်ဆက် မွေးမြူကြပြီး အချိန်တန်အရွယ်ရောက်ပါက ဈေးကွက် ထဲ ထုတ်ရောင်းလိုက်ကာ ရသမျှငွေလေး ဖြင့် တင်းတိမ်နေကြဆဲဖြစ်သော်လည်း စီးပွားဖြစ်လုပ်ကိုင်နိုင်သည့် လုပ်ငန်းကြီး တစ်ခုဖြစ်သည့် အားလျော်စွာ မွေးမြူ သည့်စနစ်၊ မွေးမြူသည့်မျိုးများ၊ ကျွေးမွေး သည့်အစီအစဉ်များ ပြောင်းလဲရန် လိုအပ် လျက်ရှိနေသည်။ ထိုသို့ပြောင်းလဲနိုင်ရန် မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ ၂၀၂၂ သည် မွေးမြူရေးခေတ်သစ်သို့ ခြေလှမ်း ပြင်ခြင်းပင် ဖြစ်သည်။
မွေးမြူထုတ်လုပ်မှု နည်းပညာများမျှဝေ
သုံးရက်တာကျင်းပသည့် မွေးမြူရေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲနှင့်အတူ မွေးမြူ ထုတ်လုပ်မှု နည်းပညာများမျှဝေပေးခြင်း၊ မွေးမြူသူအချင်းချင်း ကွန်ရက်ချဲ့ထွင် ခြင်း၊ အရည်အသွေးမြင့် မွေးမြူရေး ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချ နိုင်မည့် နည်းပညာများ ဖြန့်ဖြူးခြင်းတို့ကို ဆောင်ရွက်နိုင်ရန်၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုအခြေခံသည့် ငြိမ်းချမ်း သာယာသော လူ့ဘောင်တစ်ခု တည် ထောင်နိုင်ရန်တို့ကို ရည်ရွယ်သည့် “တို့တွေအနာဂတ်ကောင်းမွန်ဖို့ မွေးမြူ ထုတ်လုပ်ကြပါစို့” ခေါင်းစဉ်ဖြင့် စကား ဝိုင်းဆွေးနွေးပွဲကိုပါ ထည့်သွင်းကျင်းပ ခဲ့သည်။
ယခုကျင်းပသည့် မွေးမြူရေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲသည် မွေးမြူရေး လုပ်ငန်းများအတွက် နည်းပညာများ၊ အသိပညာများ ဖြန့်ဝေနိုင်သည့်အပြင် တိရစ္ဆာန်မွေးမြူသူများအနေဖြင့် စနစ်ကျ သော မွေးမြူရေးကို ဆောင်ရွက်နိုင်ပါက အကျိုးအမြတ်ရရှိနိုင်သည်ကို လက်တွေ့ ခံစားသိမြင်နိုင်စေမည် ဖြစ်ပေသည်။
သတင်းဆောင်းပါး - သန်းမင်းအောင်
ဓာတ်ပုံ - စိုက်ပျိုးရေး
- Log in to post comments