မေလတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ၃၆ နှစ်အတွင်း အပူချိန်အနည်းဆုံးဖြစ်

 

နယူးဒေလီ   ဇွန်   ၁
အိန္ဒိယနိုင်ငံ၏မြို့တော်   နယူးဒေလီ၌  မေလအပူချိန်မှာ  နှစ်ပေါင်း  ၃၆ နှစ်အတွင်း အပူချိန်အနည်းဆုံးအဖြစ်  မှတ်တမ်းတင်ခဲ့ကြောင်း အိန္ဒိယမိုးလေဝသဌာနက ဇွန် ၁ ရက်တွင် ပြောကြားသည်။  
မေလအတွင်း   ပျမ်းမျှအမြင့်ဆုံးအပူချိန်မှာ  ၃၆ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်ဖြစ်ကြောင်း  မိုးလေဝသဌာနက ပြောကြားသည်။ ပျမ်းမျှ အမြင့်ဆုံးအပူချိန် ကျဆင်းမှုသည် မေလအတွင်း မြို့တော်၌ မိုးသည်း ထန်စွာ ရွာသွန်းခြင်းကြောင့်ဖြစ်သည်ဟု  သတ်မှတ်ထားသည်။  ပုံမှန် အားဖြင့်   မေလသည်   ဒေလီမြို့အတွက်   အပူဆုံးလဖြစ်ပြီး ယခုနှစ်    မေလတွင်မူ   အမြင့်ဆုံးအပူချိန်   ၄၀    ဒီဂရီစင်တီဂရိတ်အထက်မှာ     ကိုးရက်သာရှိသည်။  မြို့တော်၏  ဒေသအချို့ တွင်       အပူလှိုင်းနှစ်ရက်သာ ကျရောက်ခဲ့ကြောင်း သိရသည်။                                              ဆင်ဟွာ