မြေခွန်တော်များကို နှစ်စဉ်အချိန်မီ ပေးဆောင်ကြရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းများလိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်

 

နေပြည်တော်  ဒီဇင်ဘာ  ၃၀
ဒေသဝမ်းစာဖူလုံရေး၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို       ခေတ်မီ နည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက် အောင်   ဆောင်ရွက်ပြီး   အခြား စီးပွားရေး     ကဏ္ဍများကိုလည်း ဘက်စုံ     ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး  လုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော်  ဆောင်ရွက်နိုင်ရေး အတွက်   စိုက်ပျိုးမြေများ  ထိခိုက် လျော့ပါးမှုမရှိစေရန် မြေယာမူဝါဒ များ     ချမှတ်ဆောင်ရွက်လျက် ရှိသကဲ့သို့  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို      အကျိုးရှိစွာ အသုံးချ၍ စိုက်ပျိုးရေး၊ မွေးမြူ‌ရေး လုပ်ငန်းများ  တိုးချဲ့လုပ်ကိုင်နိုင် ရေးကိုလည်း စနစ်တကျ အားပေး မြှင့်တင်လျက်ရှိကြောင်း ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး  အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး   ဗဟိုကော်မတီ၏ (၉)ကြိမ်မြောက်   အစည်းအဝေး တွင်          ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။
ဆက်လက်၍    ပြည်ထောင်စု ဝန်ကြီးက မွေးမြူရေးလုပ်ငန်းများ အတွက်   လိုအပ်သည့်  တိရစ္ဆာန် အစာများကို စိုက်ပျိုးရေးလုပ်ငန်း များမှ      ထုတ်လုပ်ရရှိသကဲ့သို့ မွေးမြူရေးတိရစ္ဆာန် စွန့်ပစ်ပစ္စည်း များကို  စိုက်ပျိုးရေးလုပ်ငန်းတွင် သဘာဝမြေဩဇာအဖြစ် ပြန်လည် အသုံးပြုနိုင်သော  အပြန်အလှန် ဆက်စပ်    အကျိုးပြုနေသည့် စိုက်ပျိုးမွေးမြူရေး  လုပ်ငန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက်  စံပြအဖြစ်  အောင်မြင် ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း၊   စိုက်ပျိုး မွေးမြူရေးထွက်ကုန်  ကုန်ကြမ်း များဖြင့် အသေးစား၊ အငယ်စား နှင့် အလတ်စား စက်မှုလုပ်ငန်း (MSME)များ၏ ကုန်ထုတ်လုပ် မှုကို မြှင့်တင်ဆောင်ရွက်ပြီး ဒေသ တွင်း    စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုစေရန် တာဝန် ရှိသူအဆင့်ဆင့်က    စနစ်တကျ စီမံဆောင်ရွက်ကြရန် လိုကြောင်း၊ ယင်းလုပ်ငန်းများအတွက်   မြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊   အသုံးပြုခွင့်များကို စနစ်တကျ ဆောင်ရွက်ပေးလျက် ရှိကြောင်း    ဆွေးနွေးပြောကြား သည်။
ထို့နောက် မြေလွတ်၊ မြေလပ် နှင့်   မြေရိုင်းများ  စီမံခန့်ခွဲရေး ဗဟိုကော်မတီ   အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင် ဦးက အစည်းအဝေးတွင် ဆွေးနွေး      ဆောင်ရွက်ရမည့်       လုပ်ငန်းကို ဖတ်ကြားတင်ပြရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ၊    ဒုတိယဥက္ကဋ္ဌနှင့်   ဗဟို ကော်မတီဝင်များက     အကြောင်း အရာတစ်ခုချင်းအလိုက်  ဆွေးနွေး ဆောင်ရွက်ကြသည်။
၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲ‌ ရေးဗဟိုကော်မတီမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီးပွားရေးလုပ်ငန်း ရပ် အသီးသီးအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ဧက ၁၉၀၀၀၀ ကျော် ခွင့်ပြုထားရှိခဲ့ကာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ စီမံခန့်ခွဲရေး     ကော်မတီများမှ ခွင့်ပြုဧရိယာဧက ၂၃၀၀၀၀ ကျော် စုစုပေါင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ   ခွင့်ပြုဧရိယာဧက ၄၃၀၀၀၀   ကျော်   လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်     ချထားပေးခဲ့ပြီး ဖြစ်သည်။
မြေလွတ်၊        မြေလပ်နှင့်  မြေရိုင်းများ    စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ    အမှန် တကယ်စီးပွားဖြစ် လုပ်ကိုင်လိုသူ များ၊  တစ်နိုင်တစ်ပိုင်  လုပ်ကိုင် လိုသူများ၊ ပြန်လည်နေရာချထား ရေးနှင့်   ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ချထားပေးလျက်ရှိရာ တစ်ဧကလျှင် အာမခံကြေးအား ၁၀၀၀၀  ကျပ်   ပေးသွင်းရပြီး အကောင်အထည်ဖော်  လုပ်ကိုင် ခွင့် တည်ငြိမ်ပြီးစီးခဲ့ပါက အဆိုပါ ပေးသွင်းထားသည့် အာမခံ‌ကြေး အား   ပြန်လည်ထုတ်ပေးခြင်း၊ မြေလွတ်၊  မြေရိုင်းအား  တည်ဆဲ ဥပဒေများနှင့်အညီ ပိုင်ရေးဆိုင်ခွင့် များ ပေးအပ်ခြင်းဖြစ်၍ မြေတန်ဖိုး ကုန်ကြရန်မရှိဘဲ    မြေပိုင်ဆိုင်မှု အခွင့်အရေးရရှိနိုင်သဖြင့်   နိုင်ငံ တော်   အစိုးရက   အခမဲ့ပေးဝေ ချထားသည့် မြေအပေါ် သတ်မှတ် မြေခွန်တော်ကို ကြွေးကျန်မရှိစေ ဘဲ   အပြည့်အဝပေးသွင်းရန်နှင့် သတ်မှတ်စည်းကမ်းချက်များကို တိကျစွာ        လိုက်နာအကောင် အထည်ဖော်   ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဖော်ထုတ် အသုံးပြုခြင်းအတွက်   ကောက်ခံ သည့်      မြေခွန်တော်အနေဖြင့် တစ်ဧကလျှင်    နှစ်ရှည်သီးနှံ စိုက်ပျိုးရေးအတွက် ကျပ် ၃၀၀၀၊ ဥယျာဉ်ခြံသီးနှံအတွက်   ကျပ် ၂၀၀၀ ၊ ရာသီသီးနှံအတွက် ကျပ် ၁၀၀၀၊ မွေးမြူရေးလုပ်ငန်းတွင် ငါး၊ ပုစွန်၊ ကဏန်းမွေးမြူခြင်းအတွက် ကျပ် ၃၀၀၀၊  အခြားတိရစ္ဆာန် မွေးမြူပါက ကျပ် ၁၀၀၀၊ ဓာတ် သတ္တုအပါအဝင်  အခြားလုပ်ငန်း များအတွက်   ကျပ် ၅၀၀၀ မျှသာ သတ်မှတ်     ကောက်ခံလျက်ရှိရာ အမှန်တကယ်    လုပ်ငန်းဆောင် ရွက်သူများအတွက် အလွယ်တကူ ပေးဆောင်နိုင်သည့် ပမာဏမျှသာ ဖြစ်၍ မြေခွန်တော်များကို နှစ်စဉ် အချိန်မီ     ပေးဆောင်ကြရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်း များ လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူ ခံရနိုင်ကြောင်းနှင့်  မြေခွန်တော် ပေးဆောင်ရန် ပျက်ကွက်သူများ ကိုလည်း ဖော်ထုတ်အရေးယူမှု များ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း     သတင်းရရှိ သည်။                         သတင်းစဉ်