မြေအုတ်တို့ပြိုရာ ကျောက်အုတ်တို့ဖြင့် တည်ဆောက်မည်

Type

 

ဦးရွှေဦး

 

၁၅ နှစ်ရှိခဲ့ပါပြီ။ မမေ့စကောင်းသော သဘာဝဘေးကြီးက ၂၀၀၈ ခုနှစ် နွေအကုန် မိုးဦးကျရာသီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။    ၂၀၀၈ ခုနှစ် မေ ၂ ရက် ညနေ ပိုင်းမှစတင်၍ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးသည် ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းအနီးမှတစ်ဆင့် ကုန်းတွင်းပိုင်းသို့ အရှိန်ပြင်းထန်စွာဝင်ရောက်တိုက်ခတ် ခဲ့ရာ ဧရာဝတီတိုင်းအတွင်းရှိ ငပုတော၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်နှင့် ဒေးဒရဲမြို့နယ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းအတွင်းရှိ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးမြို့နယ်နှင့် ရန်ကုန်မြို့တို့၌ လည်းကောင်း၊ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဆေးပေးခန်းများ၊  ရုံးအဆောက်အအုံ များ ထိခိုက်ပျက်စီးခဲ့ပြီး  လူ၊  တိရစ္ဆာန်မြောက်မြားစွာ သေကျေပျက်စီးခြင်း၊ လှေ၊ သမ္ဗန်များ နစ်မြုပ်ပျက်စီးခြင်း၊ ဒေသအတွင်းရှိ စိုက်ပျိုးမြေ၊ ဆားကွင်းမြေ၊ ရေတွင်းရေကန်များမှာ ပင်လယ်ဒီရေဖုံးလွှမ်း တိုက်ခိုက်ခြင်း၊ ဒေသအတွင်း သောက်သုံးရေရှားပါးခြင်း၊ သစ်ပင်များ၊ လျှပ်စစ်မီးလိုင်းများ၊ တယ်လီဖုန်းလိုင်းများ ပျက်စီးပြီး လျှပ်စစ်မီးနှင့် တယ်လီဖုန်းဆက်သွယ်မှု ပြတ်တောက်ခြင်းများ ဖြစ်ခဲ့ရသည်။

 


နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဖြစ်စဉ်


နာဂစ်ဆိုင်ကလုန်းမုန်တိုင်းသည်  မြန်မာနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ဖူးသော       ဆိုင်ကလုန်းများ အနက်    မုန်တိုင်းအချင်းကြီးမား၍   လေတိုက်နှုန်း ပြင်းထန်ပြီး  ပင်လယ်ဒီရေပါ မြင့်မားစွာတက်သည့် အဖျက်စွမ်းအားကြီးမားသော မုန်တိုင်းဖြစ်ပါသည်။ 

 


နာဂစ်မုန်တိုင်းသည်    ၂၀၀၈    ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်၌   ပထမဆုံးဖြစ်ပေါ်သော ဆိုင်ကလုန်းမုန်တိုင်းကြီးဖြစ်ပြီး  ယင်း၏သိပ္ပံအမည် မှာ O1B08 ဖြစ်သည်။ နာဂစ်ဟူ၍ အမည်တပ်ပေးရ သောမုန်တိုင်းအဆင့်မှ အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ပြောင်းလဲရောက်ရှိ ပြီး  နေရာအချို့၌  တစ်နာရီ   မိုင် ၁၅၀  ခန့်အထိ ပြင်းထန်စွာ    တိုက်ခတ်ခဲ့သည်။        မုန်တိုင်းအချင်း ဝက် မိုင် ၁၅၀ မှ ၂၀၀ ခန့်အထိ  ကျယ်ပြန့်ရုံသာမက ဖြတ်ကျော်ဝင်ရောက်ရာ လမ်းကြောင်းရှည်လျားပြီး မုန်တိုင်းကာလကြာမြင့်မှုကို            ကြည့်လျှင်လည်း မုန်တိုင်းငယ်အဆင့်မှ          မုန်တိုင်းကြီးအဆင့်အဖြစ် ကုန်းတွင်းပိုင်းသို့  ဖြတ်ကျော်ဝင်ရောက်ခဲ့သည်အထိ ၇ ရက်မျှ ကြာမြင့်ခဲ့သည်။ 

 


သမီးလှကျွန်း၌ ဗဟိုပြုနေချိန်တွင် မုန်တိုင်းကြီး သည် သိသိသာသာ  ရွေ့လျားခြင်းမရှိဘဲ  ၄  နာရီခန့် ကြာမြင့်ခဲ့ကြောင်း      တွေ့ရှိရသည်။       ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊   လေပြင်းထန်စွာ တိုက်ခတ်ခြင်း၊    မုန်တိုင်းဒီရေမြင့်တက်ပြီး   အလုံး အရင်းဖြင့်ဝင်ရောက်ခြင်း၊         ကုန်းတွင်းပိုင်းအထိ ရေကြီးခြင်း စသည့် အဖျက်စွမ်းအားများကိုဖြစ်ပေါ် စေသည့် ပြင်းထန်သော မုန်တိုင်းကြီးဖြစ်သည်။ 

 


မုန်တိုင်းကြီးသည် ၂၀၀၈ ခုနှစ် မေ ၂ ရက် ညနေ ပိုင်းမှစတင်၍   ဟိုင်းကြီးကျွန်းမှတစ်ဆင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်               တောင်ပိုင်းဒေသအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ကာ  ၂၀၀၈ ခုနှစ် မေ ၃ ရက် နံနက်ပိုင်းမှစတင်၍   ရန်ကုန်တိုင်း၊  တောင်ပိုင်းသို့ ဝင်ရောက်ခဲ့သည်။   ထို့နောက်    မုန်တိုင်းအရှိန် တဖြည်းဖြည်း အားပျော့သွားပြီး ကုန်းတွင်းမုန်တိုင်း အဖြစ် ပဲခူးတိုင်းတောင်ပိုင်း၊ ထိုမှတစ်ဆင့် မွန်ပြည် နယ်နှင့် ကရင်ပြည်နယ် အကြားဒေသများမှ ၂၀၀၈ ခုနှစ် မေ ၃  ရက်  ညပိုင်းတွင် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်  ပျက်ပြယ်သွားခဲ့သည်။ 

 


မုန်တိုင်းကြောင့် သေဆုံး၊ ပျောက်ဆုံး၊ ပျက်စီးမှုအခြေအနေ


ဆိုင်ကလုန်းမုန်တိုင်းသည်    ပင်လယ်ပြင်နှင့် ဆက်စပ်နေသည့် မြစ်ဝကျွန်းပေါ် မြေနိမ့်၊ မြေပြန့် လွင်ပြင်ကို အရှိန်ပြင်းထန်စွာ ဖြတ်သန်းတိုက်ခတ်ခဲ့ သည့်အတွက်   ဧရာဝတီတိုင်းမှ   ခုနစ်မြို့နယ်၊ ရန်ကုန်တိုင်းမှ ကိုးမြို့နယ်    စုစုပေါင်း ၁၆ မြို့နယ် တို့၌ သေကျေပျက်စီးဆုံးရှုံးမှုများ  ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့်   ဧရာဝတီတိုင်းအတွင်း၌   ငပုတော၊ လပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ကျိုက် လတ်နှင့်    ဒေးဒရဲမြို့နယ်   ခုနစ်မြို့နယ်လုံး၌ လည်းကောင်း၊ ရန်ကုန်တိုင်းမှ ကိုးမြို့နယ်အနက် ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်တို့၌လည်းကောင်း  မကြုံစဖူး အရေအတွက်အနေဖြင့်သာမက   တန်ဖိုး ပမာဏအရပါ    ကြီးမားစွာ   ထိခိုက်ဆုံးရှုံးခဲ့ရာ နိုင်ငံတော်တစ်ရပ်လုံးအတွက်     ဝမ်းနည်းကြေကွဲ ဖွယ်ရာ  ဆုံးရှုံးမှုကြီး ဖြစ်သည်။ 

 


-    လူသေဆုံး၊ ပျောက်ဆုံးမှုနှင့် ဒဏ်ရာရရှိမှု အခြေအနေမှာ ဧရာဝတီတိုင်းတွင် သေဆုံးသူ ဦးရေ   ၈၂၈၉၇ ဦး၊   ပျောက်ဆုံးသူဦးရေ ၅၃၈၂၈ ဦး၊ ဒဏ်ရာရသူဦးရေ ၃၇၀၂  ဦးဖြစ်  သည်။   ရန်ကုန်တိုင်းတွင်  သေဆုံးသူဦးရေ ၁၆၄၀ ၊ ပျောက်ဆုံးသူ  ဦးရေ ရှစ်ဦး၊ ဒဏ်ရာ ရသူဦးရေ ၅၂ ဦး ဖြစ်သည်။

 


-    ဧရာဝတီတိုင်း၌   သေဆုံးမှုအများဆုံးမှာ ဘိုကလေးမြို့နယ်   ၃၄၇၄၄  ဦး၊   လပွတ္တာ မြို့နယ်  ၃၃၃၄၄ ဦး၊ မော်လမြိုင်ကျွန်းမြို့နယ် ၅၂၅၀  ၊ ငပုတော မြို့နယ်  ၄၁၇၈  ဦး၊ ဒေးဒရဲ မြို့နယ်    ၄၁၁၁   ဦးတို့ဖြစ်သည်။    လူ ပျောက်ဆုံးမှု အများဆုံးမြို့နယ်မှာ လပွတ္တာ ဖြစ်ပြီး ၄၈၄၆၄ ဦး ပျောက်ဆုံးခဲ့သည်။
-    ရန်ကုန်တိုင်းရှိ လူသေဆုံးသော မြို့နယ်များ အနက်   ကွမ်းခြံကုန်းမြို့နယ်သည်   ၁၄၄၆ ဦးဖြင့် အများဆုံးသေဆုံးပြီး ဒုတိယအများဆုံး မြို့နယ်မှာ ၁၃၀  ဖြင့်   ကော့မှူးမြို့နယ်ဖြစ် သည်။     ရန်ကုန်တိုင်း၌      သေကျေပျက်စီးမှု များပြားသော    မြို့နယ်    ကိုးမြို့နယ်မှာ ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့နယ်များအပြင် သန်လျင်၊   ကျောက်တန်း၊   ခရမ်း၊   သုံးခွ၊ တွံတေး၊ ဒလနှင့် ဆိပ်ကြီးခနောင်တို မြို့နယ် တို့  ဖြစ်သည်။ မုန်တိုင်းဒဏ်ကြောင့် တိုင်း နှစ်တိုင်းအတွင်း  နိုင်ငံပိုင်နှင့်  ပုဂ္ဂလိကပိုင် ပစ္စည်းများဆုံးရှုံးမှုပမာဏမှာ ခန့်မှန်းကျပ် ၁၁ ဒသမ ၇ ထရီလီယံရှိကြောင်း ပဏာမ စိစစ်တွက်ချက် ရရှိသည်။ 

 


နိုင်ငံတော်၏ ချက်ချင်းတုံ့ပြန် အရေးယူဆောင်ရွက်ချက်များ


မုန်တိုင်းဒဏ်ခံရသည့်           နယ်မြေများတွင် ကယ်ဆယ်စောင့်ရှောက်ရေး၊  အမိုးအကာအောက် ရောက်ရှိရေးလုပ်ငန်းများကို       ဒေသအဆင့်ဖြင့် သာမက နိုင်ငံတော်အဆင့်အနေဖြင့်ပါ ဆောင်ရွက် နိုင်ရန်အတွက်  အမျိုးသားသဘာဝဘေး  ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီ အစည်းအဝေးကို ၂၀၀၈ ခုနှစ်   မေ  ၃  ရက်  နံနက်  ၈  နာရီခွဲတွင် နေပြည်တော်ရှိ  ဝန်ကြီးချုပ်ရုံး၌   အရေးပေါ်ခေါ်ယူ ကျင်းပပြီး ၂၀၀၅  ခုနှစ်ကတည်းကပင်  ကြိုတင် ဖွဲ့စည်းထားပြီးသော ဗဟိုကော်မတီနှင့် သက်ဆိုင်ရာ ဆပ်ကော်မတီ ၁၀ ခုလုံးကို မိမိတို့ရည်မှန်းချက် တာဝန်အတိုင်း   ဆောင်ရွက်စေရန်    တာဝန်ပေးခဲ့ သည်။ သက်ဆိုင်ရာ တာဝန်ခံဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများသည်လည်း          ယင်းနေ့မှာပင် မော်တော်ယာဉ်များဖြင့် နေပြည်တော်မှ မုန်တိုင်း သင့်ဒေသသို့ ချက်ချင်းထွက်ခွာခဲ့ကြသည်။

 


အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက် ရေး ဗဟိုကော်မတီအောက်ရှိ ဆပ်ကော်မတီ ၁၀ ခု မှာ ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့်           သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ၊    ဆက်သွယ်ရေး၊    စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနဝန်ကြီး             ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့်            အရေးပေါ်ဆက်သွယ်ရေး ဆပ်ကော်မတီ၊ ပို့ဆောင်ရေးဝန်ကြီးဌာန   ဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရှာဖွေကယ်ဆယ်ရေး ဆပ်ကော်မတီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနဝန်ကြီး   ဥက္ကဋ္ဌအဖြစ်  ဆောင်ရွက် သည့်    ပျက်စီးမှုပမာဏ   သတင်းရရှိရေးနှင့် အရေးပေါ်ထောက်ပံ့ရေးဆပ်ကော်မတီ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး   ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့်    ပျက်စီး ဆုံးရှုံးမှု   အတည်ပြုရေးဆပ်ကော်မတီ၊    ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်သည့် ပို့ဆောင်ရေးနှင့်လမ်းကြောင်း ရှင်းလင်း ရေးဆပ်ကော်မတီ၊ သမဝါယမဝန်ကြီးဌာန ဝန်ကြီး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့်        ဘေးအန္တရာယ် လျော့ပါးရေးနှင့် အရေးပေါ် အမိုးအကာထူထောင်ရေး ဆပ်ကော်မတီ၊  ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဥက္ကဋ္ဌအဖြစ်    ဆောင်ရွက်သည့်    ကျန်းမာရေး ဆပ်ကော်မတီ၊   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန     ဝန်ကြီး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် ပြန်လည်ထူထောင် ရေးနှင့် တည်ဆောက်ရေးဆပ်ကော်မတီ၊ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် လုံခြုံရေးဆပ်ကော်မတီတို့က   ချက်ချင်းပင်    မိမိ ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် လေဘေး သင့်ဒေသများသို့ သွားရောက်ကြသည်။
အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက် ရေးဗဟိုကော်မတီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည်  ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ) အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများကို ဖိဖိစီးစီး  ပေါင်းစပ်ညှိနှိုင်းခြင်း၊   အနီးကပ်ကွပ်ကဲ ကြပ်မတ်ခြင်းတို့ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၀၈ ခုနှစ် မေ ၃ ရက်၌ပင်   ရန်ကုန်မြို့သို့   ရွှေ့ပြောင်း အခြေပြုခဲ့ပြီး   ဗဟိုကွပ်ကဲမှုရုံးကို    ရန်ကုန်တိုင်း စစ်ဌာနချုပ်၌ ဖွင့်လှစ်ထားရှိခဲ့သည်။ 
ဗဟိုကော်မတီသည်           ရှေးဦးကယ်ဆယ်ရေး လုပ်ငန်းများကို     ဆောင်ရွက်ရာတွင်  အောက်ပါ   ရည်မှန်းချက်တာဝန်များချမှတ်၍           အချိန်ပြည့် လုပ်ကိုင် ဆောင်ရွက်ခဲ့သည် -

 


(က)    မုန်တိုင်းပြင်းထန်စွာ   တိုက်ခတ်ခဲ့ရာ ဒေသများ၌ အသက်မသေကျန်ရစ်သူများ ကို အရေးပေါ်ကယ်ဆယ်ရေး၊  လိုအပ် သော စားစရာ၊ သောက်စရာ၊ ဝတ်စရာ များ ထောက်ပံ့ရေးနှင့် ယာယီကယ်ဆယ် ရေးစခန်းများ ဖွင့်လှစ်ထားရှိရေး။
(  ခ  )    လေဘေးသင့်သူများအား    အရေးပေါ် ဆေးဝါးကုသ        စောင့်ရှောက်ရေးနှင့် အခြား ကွင်းဆက်ရောဂါများ မဖြစ်ပွား အောင် ကာကွယ်တားဆီးရေး။
(  ဂ  )    လေဘေးသင့်ဒေသများ၌  ဒေသအလိုက် အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုနှင့်တရား
    ဥပဒေစိုးမိုးမှု   ခိုင်မာတောင့်တင်းရေး။
(ဃ)    ထောက်ပံ့ရေး          လမ်းကြောင်းများ ပြန်လည်ချောမွေ့စေရေးနှင့် တယ်လီဖုန်း        ဆက်သွယ်မှုများ   ပြန်လည်ကောင်းမွန် စေရေး။
(  င  )    ပျက်စီးဆုံးရှုံးမှုစာရင်းများ   ကောက်ယူရေး။
(  စ  )    အထက်ပါ ရည်မှန်းချက်တာဝန်များကိုဆောင်ရွက်ရင်း    လေဘေးသင့်ပြည်သူ များအား ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး။


ယင်းရည်မှန်းချက်များကို             ထိရောက် မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ်   (ရေ)   ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းနှင့် စစ်ရေးချုပ် ဗိုလ်ချုပ် သူရမြင့်အောင်တို့ သည် ပုသိမ်မြို့၌လည်းကောင်း၊ လေဘေးသင့်ဒေသ များ၌ အနီးကပ်စီမံကွပ်ကဲမှုအတွက်  အစိုးရအဖွဲ့ဝင်  ဝန်ကြီးများသည် ၂၀၀၈  ခုနှစ် မေ ၄ ရက်မှ စတင်၍ သက်ဆိုင်ရာ မြို့နယ်အသီးသီးသို့ ရောက်ရှိတာဝန်ယူ ဆောင်ရွက်ခဲ့ကြသည်။  မြို့နယ်နှင့် မြို့နယ်ခွဲများ အလိုက် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် ဝန်ကြီး များမှာ လပွတ္တာမြို့နယ်အား ဝန်ကြီး ဗိုလ်ချုပ်ဌေးဦး၊ ဗိုလ်ချုပ်တင်ထွတ်၊   ဟိုင်းကြီးကျွန်း  (ငပုတော)မြို့နယ်အား ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း၊ ဗိုလ်မှူး ချုပ် အုန်းမြင့်၊ ဘိုကလေးမြို့နယ်အား ဗိုလ်မှူးချုပ် သိန်းအောင်၊ မော်လမြိုင်ကျွန်းမြို့နယ်အား ဗိုလ်မှူး ကြီး သိန်းညွန့်၊   ဖျာပုံနှင့်   ကျိုက်လတ်မြို့နယ်အား ဗိုလ်ချုပ်စိုးနိုင်၊        ဒေးဒရဲမြို့နယ်အား   ဗိုလ်ချုပ် အောင်မင်း၊ ကွမ်းခြံကုန်းမြို့နယ်အား ဗိုလ်မှူးချုပ် လွန်းသီ၊ ကော့မှူးမြို့နယ်အား  ဗိုလ်မှူးချုပ် သူရ အေးမြင့်၊   တွံတေးမြို့နယ်အား   ဦးစိုးသာ၊   ခရမ်း မြို့နယ်အား  ဗိုလ်မှူးချုပ်   မောင်မောင်သိမ်း၊   သုံးခွ မြို့နယ်အား      ဗိုလ်မှူးချုပ်      သူရမြင့်မောင်၊ ကျောက်တန်းမြို့နယ်အား  ဗိုလ်ချုပ်သိန်းဆွေတို့ ဖြစ်သည်။ ပထမပိုင်းတွင် ဗိုလ်ချုပ်ဌေးဦး၊ ဒုတိယ ဗိုလ်ချုပ် ကြီး စိုးသိန်းတို့က တာဝန်ယူခဲ့ကြသည်။ ဗိုလ်မှူးချုပ်လွန်းသီလည်း ပထမပိုင်းတွင် ကွမ်းခြံ ကုန်း၊ ကော့မှူးနှင့် ဒေးဒရဲတို့ကို တာဝန်ယူခဲ့သည်။
ထို့အတူ ဗဟိုကော်မတီအတွင်းရေးမှူးဖြစ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်         ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနဝန်ကြီး          ဗိုလ်ချုပ် မောင်မောင်ဆွေ၊  အဖွဲ့ဝင်များဖြစ်သော ဆက်သွယ် ရေး၊ စာတိုက်နှင့်   ကြေးနန်းဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးချုပ်   သိန်းဇော်၊   ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး   ဗိုလ်ချုပ်သိန်းဆွေ၊    အမှတ်(၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့် တို့သည်  ရန်ကုန်မြို့၌  အခြေပြုပြီး  လိုအပ်သည့် ဒေသများသို့    လှည့်လည်လှုပ်ရှားဆောင်ရွက်ခဲ့ကြ သည်။

 


ထို့ပြင်   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ စီမံမှုဖြင့်  ဧရာဝတီတိုင်းတွင်  အနောက်တောင်တိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်းများ၊      ရဲတပ်ရင်းများကိုလည်းကောင်း၊ ရန်ကုန်တိုင်း၌ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှု  အောက်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ အမှတ်(၁၁) ခြေမြန် တပ်မဌာနချုပ်နှင့်  လက်အောက်ခံတပ်ရင်းများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်နှင့်  လက်အောက်ခံ တပ်ရင်းများကိုလည်းကောင်း၊    ရဲတပ်ရင်းများကို လည်းကောင်း    အသီးသီးစေလွှတ်၍   ရှာဖွေ ကယ်ဆယ်ရေး၊     ကူညီထောက်ပံ့ရေး၊    နေရာ ချထားရေးနှင့် လမ်းကြောင်းပိတ်ဆို့မှုများ ရှင်းလင်း ဖယ်ရှားရေးလုပ်ငန်းများကို  ဆောင်ရွက်စေခဲ့သည်။
တပ်မတော်(ရေ)နှင့်       တပ်မတော်(လေ)မှ ရေယာဉ်များ၊ လေယာဉ်များနှင့် ရဟတ်ယာဉ်များ အသုံးပြု၍  ကြည်း၊  ရေ၊  လေ တပ်ဖွဲ့ဝင်များက လေဘေးသင့်ဒေသများအတွင်း          အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းနှင့်    စားသောက်စရာ၊ ဝတ်စရာအပါအဝင်           ဆေးဝါးပစ္စည်းမျိုးစုံ ပို့ဆောင်ရေးလုပ်ငန်းတို့ကို    အင်တိုက်အားတိုက် နေ့ညမပြတ်ဆောင်ရွက်ခဲ့သည်။
တပ်မတော်            မော်တော်ယာဉ်များနှင့် ထောက်ပံ့ရေးပစ္စည်းများကို လေဘေးကယ်ဆယ် ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများတွင် လိုအပ်သလို အသုံးပြုနိုင်ရေးအတွက်   တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်ထင်အောင်ကျော်  ဦးစီးသည့် အထောက် အကူပြုအဖွဲ့ကိုလည်း   ရန်ကုန်မြို့၌   အခြေပြုစေ လျက် လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ခဲ့သည်။

 


ထို့အတူ စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင် သည် မုန်တိုင်းသင့်ဒေသများအတွက် အလှူငွေနှင့် ပစ္စည်းများလက်ခံရေးနှင့် ကြီးကြပ်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် ၂၀၀၈ ခုနှစ်  မေ ၇ ရက်မှ ၂၀၀၈ ခုနှစ် ဇွန် ၉ ရက်အထိ  တာဝန်ယူပြီး  ဗဟိုကွပ်ကဲမှုရုံး၌ အချိန်ပြည့်ရုံးထိုင်၍ လက်ခံရရှိသော အလှူငွေနှင့် ပစ္စည်းများကို  လေဘေးသင့်ဒေသများသို့    ခွဲဝေ ဖြန့်ဖြူးရေး၊   အချိန်မီရောက်ရှိအောင်   သယ်ယူ ပို့ဆောင်ရေး၊ ဘဏ္ဍာငွေများ  စနစ်တကျသုံးစွဲရေး စသည့်   အချိန်နှင့်တစ်ပြေးညီ   အမြန်ဆောင်ရွက်ရ မည့်ကိစ္စများကို အလှူငွေနှင့် ပစ္စည်းများလက်ခံရေး နှင့်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုယ်စား ဗဟိုကော်မတီ ဥက္ကဋ္ဌဖြစ်သော နိုင်ငံတော်ဝန်ကြီးချုပ်ထံတင်ပြ၍ လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့သည်။ 

 


ယင်းသို့             လုပ်ကိုင်ဆောင်ရွက်ရာတွင်  သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်   ပေါင်းစပ်ညှိနှိုင်း ခြင်း၊   ဗဟိုကွပ်ကဲမှုရုံး၌ အတူတကွ ရုံးထိုင်လျက်ရှိ သော ရထားပို့ဆောင်ရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး၊   လူမှုဝန်ထမ်း၊    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး၊  ပြည်ထဲရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊   တွဲဖက် စစ်ထောက်ချုပ်   စသည့် ပုဂ္ဂိုလ်များနှင့်   ပူးပေါင်း၍  ကယ်ဆယ်ရေးပစ္စည်း ရောက်ရှိရာ၊ သိုလှောင်ရာနှင့်  ပို့ဆောင်ရေး နေရာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး ၍   လိုအပ်သည်များကို ဆုံးဖြတ်ဖြေရှင်းခြင်းတို့အား ထိရောက်စွာ ဆောင်ရွက်ခဲ့သည်။

 


ထို့ပြင် ကယ်ဆယ်ရေးပစ္စည်းများနှင့် စပ်လျဉ်း ၍  စားသောက်ကုန်ပစ္စည်း၊   အိမ်ဆောက်ပစ္စည်း၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်း၊ ဘဏ္ဍာငွေကြေး၊ စာရင်း ဇယား စသည်ဖြင့်   ငွေကြေးပစ္စည်း အမျိုးအစား အလိုက် ဒုတိယဝန်ကြီးများကို တာဝန်ခံများအဖြစ် ပေးအပ်ပြီး လုပ်ငန်းများကို ဖိဖိစီးစီးအရှိန်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့သည်။

 


ခြုံလိုက်လျှင်     ကယ်ဆယ်ရေးလုပ်ငန်းများကို ဝန်ကြီးချုပ်   ဦးဆောင်ပြီး   အစိုးရအဖွဲ့တစ်ဖွဲ့လုံး သွားရောက်ကူညီဆောင်ရွက်ခဲ့သည်မှာ ကမ္ဘာတွင် မြန်မာနိုင်ငံသာရှိခဲ့ပါသည်။ အစိုးရအဖွဲ့ဝင်  ဝန်ကြီး များအနေဖြင့် လေဘေးသင့်မြို့နယ်များကို တာဝန် ခံပြီး   ဆောင်ရွက်ခဲ့ကြသည်။   ဗဟိုကော်မတီ၏ ဦးဆောင်မှု၊ ဆပ်ကော်မတီများ၏ တာဝန်ယူမှုတို့ဖြင့် အဖွဲ့အစည်းအလိုက်သော်လည်းကောင်း၊   တာဝန် ရှိသူ          တစ်ဦးချင်းအလိုက်သော်လည်းကောင်း၊ ကယ်ဆယ်ရေးနှင့်    ပြန်လည်နေရာချထားရေး လုပ်ငန်းများကို ဟန်ချက်ညီညီမျှဝေ ထမ်းဆောင်နိုင် ခဲ့ကြသည်။          အရေးပေါ်ချက်ချင်းလုပ်ကိုင် ဆောင်ရွက်ရမည့် ယင်းကဲ့သို့ အခြေအနေ အချိန်အခါ၌ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုအကြား ထိရောက်သော ပေါင်းစပ်ညှိနှိုင်းမှုများကိုလည်းကောင်း၊   ဗဟိုနှင့် ဒေသဆိုင်ရာများအကြား  အပြန်အလှန်လိုအပ်ချက် များကို   မြန်ဆန်သွက်လက်စွာ    ဖြည့်ဆည်း ဆောင်ရွက်ရေးကိုလည်းကောင်း၊   လတ်တလော ဖြေရှင်းရမည့်ကိစ္စများနှင့် မူဝါဒပါသောကိစ္စများကိုခွဲခြားနားလည်           သိရှိကိုင်တွယ်ရေးတို့ကို လည်းကောင်း၊ လူကြီးများနှင့်အနီးကပ်ထိုင်လျက် ရှိသော အထောက်အကူပြုအဖွဲ့   တာဝန်ခံများက ညီညီညွတ်ညွတ်      တာဝန်ခံဆောင်ရွက်နိုင်ခဲ့ကြ သည်။

 


ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်မှုအခြေအနေ


နိုင်ငံတော်အစိုးရသည်   အရေးပေါ်ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ် ၅ ဘီလီယံကို ပဏာမခွင့်ပြုခဲ့ပြီး စတင်ဆောင်ရွက်ခဲ့ ရာမှ ထပ်မံ၍ လိုအပ်သောဘဏ္ဍာငွေများကို ခွင့်ပြု ပေးခဲ့ပြီး ကျပ် ဘီလီယံ ၇၀ ကျော်ခန့်သုံးစွဲ၍ လိုအပ် ချက်များကိုဖြည့်ဆည်းကာ    လေဘေးသင့်သူများ အတွက် စားစရာဆန်၊ သောက်စရာရေ၊ ဝတ်စရာ အင်္ကျီ  လုံခြည်နှင့်    စောင်များအပြင်   နေစရာ၊ ချက်ပြုတ်စရာ    စသည့်   မိုးကာ၊   ပလတ်စတစ် ပန်းကန်၊ အိုးခွက်၊ ပေါက်ပြား၊  ဓား  စသည်တို့ကို ဖြည့်ဆည်းထောက်ပံ့ခဲ့သည်။     နောက်ပိုင်းတွင် ယာယီနေစရာ    ရွက်ဖျင်တဲများအစား    အမြဲတမ်း နေထိုင်နိုင်သည့် အခိုင်အမာအိမ်များ ဆောက်လုပ် ပေးခြင်း၊      စီးပွားရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ 
ကယ်ဆယ်ရေး၊           ကူညီစောင့်ရှောက်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို မြန်မြန် ဆန်ဆန် ဆောင်ရွက်နိုင်ရန်အတွက် ရှေ့တန်းစခန်း ၁၂ ခု၊      အလယ်တန်းစခန်း        ခြောက်ခုနှင့် နောက်တန်း    စခန်းသုံးခုတို့ဖွင့်လှစ်ပြီး တပ်မတော် သားပေါင်း လေးသောင်းခန့်၊ မြန်မာနိုင်ငံ     ရဲတပ်ဖွဲ့ ဝင်ပေါင်း   လေးထောင်ခန့်၊  လူမှုရေးအသင်း အဖွဲ့ဝင်ပေါင်း ၃၆၀၀၀ ကျော်တို့က    ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို     အင်တိုက်အားတိုက် ပူးပေါင်းတာဝန်ယူဆောင်ရွက် ခဲ့ကြသည်။    ပုဂ္ဂလိက         ဆောက်လုပ်ရေးကုမ္ပဏီ ပေါင်း    ၇၄  ခုကလည်း   ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး         လုပ်ငန်းများကို         ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။ 


(ဆက်လက်ဖော်ပြပါမည်)