မော်တော်ယာဉ်အချို့အား အရောင်းဆိုင်တွင် ဆီရှိလျက်ဖြင့် ရောင်းချပေးခြင်းမရှိသော စက်သုံးဆီအရောင်းဆိုင်အချို့အား စိစစ်အရေးယူ

 

နေပြည်တော်  နိုဝင်ဘာ  ၁၅


အများပြည်သူက  စက်သုံးဆီများ အဆင်ပြေလုံလောက်စွာ  ဝယ်ယူ သုံးစွဲနိုင်ရန်အတွက်   ရန်ကုန်မြို့ အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် များအား   စက်သုံးဆီပြတ်လပ်မှု မရှိစေရန်  စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း  ကြီးကြပ်ရေးကော်မတီအနေဖြင့် သီလဝါ သိုလှောင်ကန်စခန်းများမှ စက်သုံးဆီများကို ဆီသယ်ယာဉ် များဖြင့် လုံလောက်စွာ ဖြည့်တင်း ဆောင်ရွက်ပေးလျက်     ရှိသော် လည်း မော်တော်ယာဉ်အချို့အား အရောင်းဆိုင်တွင်  ဆီရှိလျက်ဖြင့် ရောင်းချပေးခြင်းမရှိသော စက်သုံးဆီအရောင်းဆိုင်   သုံးဆိုင်အား စစ်ဆေးတွေ့ရှိသဖြင့်  စိစစ်၍  ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေစီမံခန့်ခွဲမှု   နည်းလမ်းအရ စက်သုံးဆီတင်သွင်း    သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။                          

သတင်းစဉ်