မောင်တောကုန်သွယ်ရေးစခန်းမှ ၁-၅-၂၀၂၃ ရက်မှ ၂၃-၅-၂၀၂၃ ရက်အထိ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့ခဲ့မှုအခြေအနေ

 

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊  ၁-၅-၂၀၂၃ မှ ၂၃-၅-၂၀၂၃ အထိ ပို့ကုန် ၀  ဒသမ  ၄၆၅   ဒေါ်လာသန်း၊ သွင်းကုန် ၀ ဒသမ ၀၀၁ ဒေါ်လာ သန်း၊ ကုန်သွယ်မှုပမာဏ ၀ ဒသမ ၄၆၆ ဒေါ်လာသန်း ဆောင်ရွက်နိုင် ခဲ့သည်။  တင်ပို့ခဲ့သည့် လယ်ယာ ထွက်ကုန်ပစ္စည်းများမှာ ကွမ်းသီး တန်ချိန်   ၅၄  တန်၊  အုန်းသီး တန်ချိန် ခုနစ်တန်၊ ဆီးသီးခြောက် တန်ချိန် ၁၄၈ ဒသမ ၅ တန်၊ ချင်း (အစို) တန်ချိန် တန် ၈၀၊ သရက် သီး တန်ချိန်   ၃ ဒသမ ၅ တန်၊ မရန်းသီးတန်ချိန်   ၁၃ ဒသမ ၅ တန်နှင့် တညင်းသီးတန်ချိန်  ၄၆ ဒသမ ၅ တန် စုစုပေါင်းတန်ချိန် ၃၅၃ တန်၊ တန်ဖိုး ၀ ဒသမ ၁၃၉ ဒေါ်လာသန်း တင်ပို့ခဲ့သည်။ 
၂၀၂၃  ခုနှစ်    မေ   ၂၄  ရက်  ၁၁  နာရီတွင်   ပြင်ပငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၂၈၂၇ ကျပ်၊ ၁၁၄  တာကာ၊ ၁၀၀ ကျပ်လျှင် ၄ ဒသမ ၀၃ တာကာ၊ တစ်တာကာလျှင်  ၂၄ ဒသမ ၈၀ ကျပ်   ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရသည်။