မြောင်းမြခရိုင် ငါးသယံဇာတများရေရှည်ထိန်းသိမ်းရေး ညှိနှိုင်းဆွေးနွေး


 

မြောင်းမြ   ဇန်နဝါရီ    ၂၅
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ ခရိုင်  ငါးလုပ်ငန်းဦးစီးဌာနအနေ ဖြင့်  ခရိုင်အတွင်း  အင်းချောင်း များ ပြုပြင်တူးဖော်ခြင်းဖြင့်  ရေချို ငါးလုပ်ငန်း ရေပြင်များလျော့နည်း ပျောက်ကွယ်ခြင်းမှ ကာကွယ်ကြ ရန်၊ ငါးအထွက်တိုးအောင် ဆောင် ရွက်ကြရန်၊   ရေချိုငါးလုပ်ငန်း ဥပဒေ ကြေးတိုင်အင်း စည်းကမ်း နှင့်အညီ   လိုက်နာဆောင်ရွက်ကြ ရန်  ကြေးတိုင်လျှောက်  အင်းသား ကြီးများနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို   မြောင်းမြခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှူးရုံးတွင် ဇန်နဝါရီ ၂၄ ရက် က ပြုလုပ်သည်။
အဆိုပါ  ညှိနှိုင်းဆွေးနွေးပွဲ တွင်     ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး      ဦးဆန်းမောင်ဦးက  ရေချိုငါးလုပ်ငန်း        ဥပဒေများနှင့် ပတ်သက်၍  လည်းကောင်း၊  ငါး သယံဇာတများ ရေရှည်ထိန်းသိမ်း နိုင်ရေးနှင့်ပတ်သက်၍  လည်း ကောင်း     ဆွေးနွေးပြောကြား ပြီး    အင်းသားကြီးများက   သိရှိ လိုသည်များကို  မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရသည်။    သတင်းစဉ်