
နေပြည်တော် စက်တင်ဘာ ၂၄
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့် စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင် ထုတ်လုပ်ပေးလျက်ရှိသည်။
ထိုသို့ တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှုနှင့် တိုင်းစစ်ဌာနချုပ်မှ ဆောင်ရွက်ထားရှိ သော ရွေ့လျားအောက်ဆီဂျင် Plant မှ အောက်ဆီဂျင်ထုတ်လုပ်နေမှုကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်