
မော်လမြိုင် မတ် ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန မော်လမြိုင်မြို့ လူငယ် သင်တန်းကျောင်း ဖူဆယ်အားကစားကွင်းသစ် ဖွင့်ပွဲအခမ်းအနားကို မတ် ၁၇ ရက် နံနက်ပိုင်းက အဆိုပါ လူငယ်သင်တန်းကျောင်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်း ခိုင်တို့ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
နောင်အနာဂတ်ကောင်းရန်လို
ဆက်လက်၍ ဒုတိယဝန်ကြီးသည် သင်တန်း သားများနှင့်တွေ့ဆုံ၍ ကျောင်းသားများအနေဖြင့် မည်သည့်အကြောင်းအမျိုးမျိုးကြောင့် ရောက်လာ ကြသည်ဖြစ်စေ ရည်မှန်းချက်ထားပြီး ထူးချွန်သော ကျောင်းသားများဖြစ်အောင် ကြိုးစားကြရန် လိုအပ် ကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုအား ကြိုးစားသင်ယူကြရန်လိုကြောင်း၊ သို့မှသာ မိမိဘဝ ရပ်တည်နိုင်ရေး အထောက်အကူပြုမည်ဖြစ်ကြောင်း၊ နောင်အနာဂတ်ကောင်းရန်လိုကြောင်း တိုက်တွန်း ပြောကြားပြီး လူငယ်သင်တန်းကျောင်းရှိ မီးဖိုဆောင်၊ ထမင်းစားဆောင်နှင့် ကျောင်းသားအိပ်ဆောင် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များ မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ သည် မော်လမြိုင်မြို့ အိမ်တွင်းမှုသင်တန်း ကျောင်းရှိ စက်ချုပ်သင်တန်းကျောင်းတွင် သင်တန်းအမျိုးအစား ခြောက်ခု၌ တက်ရောက်ပညာသင်ကြားလျက်ရှိ သော သင်တန်းသူ ၁၀၈ ဦး၏ လက်တွေ့စက်ချုပ်လုပ် နေမှုနှင့် မုန့်လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လိုက်လံ ကြည့်ရှုသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် လိုက်နာရမည့်စည်းကမ်းများ၊ လေ့လာကြိုးစားအားထုတ်မှုလိုအပ်ချက်များ၊ ထားရှိ ရမည့် သဘောထားများကို ရှင်းလင်းပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ် ဦးစီးမှူးက သိုလှောင်ရုံရှိ ထောက်ပံ့ရေးပစ္စည်းများကို လိုက်လံရှင်းလင်းပြသရာ ဒုတိယဝန်ကြီးက လိုအပ် ချက်များကို လမ်းညွှန်မှာကြားသည်။
ဝန်ထမ်းများနှင့် တွေ့ဆုံ
ဆက်လက်၍ ဒုတိယဝန်ကြီးသည် လူမှုဝန်ထမ်း ဦးစီးဌာန မွန်ပြည်နယ်ရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကျင့်ဝတ်စည်းကမ်းနှင့်အညီ လိုက်နာဆောင် ရွက်ကြရန်လိုကြောင်း၊ အမြဲမပြတ် လေ့လာကြိုးစား နေရန်လိုကြောင်း၊ ဝန်ထမ်းများ အသစ်ခန့်ရာတွင် လည်း ဒေသခံများအား ဦးစားပေးခန့်ထားလိုကြောင်း၊ ဘေးအန္တရာယ်ကျရောက်လာလျှင် ပြည်သူကိုကူညီ ရန် အသင့်ဖြစ်နေရမည်ဖြစ်ကြောင်း မှာကြားပြီး မူလတန်းကြိုကျောင်း အမှတ်(၁)၊ (၂)၊ (၃)နှင့် ကလေး ပြုစုရေးဌာနတို့ကို သွားရောက်စစ်ဆေးသည်။
မတ် ၁၈ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကရင်ပြည်နယ် ဘားအံမြို့ရှိ ကရင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးမှူးရုံးရှိ သိုလှောင်ရုံအားစစ်ဆေးပြီး မူလတန်း ကြိုကျောင်းအမှတ် (၁)သို့ သွားရောက်၍ ကလေး ငယ်များအတွက် ဘက်စုံဖွံ့ဖြိုးမှုကိုအခြေခံသော လေ့ကျင့်သင်ကြားပေးနေမှုကို လည်းကောင်း၊ မူလတန်းကြိုကျောင်း အမှတ်(၂)တွင် ကလေးများ အား လေ့ကျင့်ပြုစု ပျိုးထောင်ပေးနေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဘားအံမြို့ရှိ တောင်ကလေးစံဖရီး တိုးချဲ့ကွက်သစ်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းသို့ သွားရောက်၍ ရေရရှိရေး၊ စိမ်းလန်းသစ်ပင်စိုက်ပျိုးရေး၊ ဝန်ထမ်း များ၏လုံခြုံရေး၊ ရုံးလုပ်ငန်းများအဆင်ပြေချောမွေ့ စေရေးနှင့် သင်တန်းသားများ လက်ခံရန်အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သော ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
မိမိအရည်အချင်းကို မြှင့်တင်နေရန် လိုအပ်
မွန်းလွဲပိုင်းတွင် ပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းများသည် လူသားချင်းစာနာထောက်ထားမှု အတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်သဖြင့် ရပ်ထား၍မရကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိအရည်အချင်းကို အမြဲမပြတ်မြှင့်တင်နေရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်