မော်လမြိုင်မြို့ ကျက်သရေဆောင် ဆံတော်ရှင် ဦးဇိနစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် ကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာကျင်းပ

 

နေပြည်တော်  မတ်   ၁၇


မွန်ပြည်နယ်    မော်လမြိုင်မြို့ ပန်းပဲတန်းရပ်ကွက်ရှိ မော်လမြိုင် မြို့ ကျက်သရေဆောင် ဆံတော် ရှင်     ဦးဇိနစေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နား တော် ကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါ ဘိသေက အနေကဇာတင်မင်္ဂလာ အခမ်းအနားကို မတ်  ၁၆  ရက်က  စေတီတော်ရင်ပြင်ရှိ ဝေဿန္တရာ တန်ဆောင်းဓမ္မာရုံ၌     ပြုလုပ် သည်။

 


အခမ်းအနားတွင်   ပြည်နယ် ဝန်ကြီးချုပ်    ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊  တက်ရောက်လာ ကြသူများက     နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ဝင်   အတုလ ရန်အောင်ကျောင်းတိုက်    ဆရာ တော်  အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကောသလထံမှ   ကိုးပါး သီလ    ခံယူဆောက်တည်ကြပြီး သံဃာတော်များက ပရိတ်တရား တော်များ    ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသည်။    ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်     အဖွဲ့ ဝင်များသည်   ဆရာတော်ကြီးများ ထံသို့  ဆံတော်ရှင်   ဦးဇိနစေတီ တော်မြတ်ကြီး၏   စိန်ဖူးတော် နှင့်    ငှက်မြတ်နားတော်တို့ကို  ဆက်ကပ်လှူဒါန်းသည်။

 


ဆက်လက်၍    ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက် ရောက်လာကြသူများက    ဆရာ တော်ကြီးများနှင့်အတူ    စိန်ဖူး တော်နှင့်     ငှက်မြတ်နားတော် တို့ကို  ပန်းရထားဖြင့်    စေတီတော် အထွတ်အထိပ်သို့    ပင့်ဆောင် ပူဇော်ပြီး ဇယမင်္ဂလာအောင်ဂါထာ တော်များ ရွတ်ဖတ်ပူဇော်တင်လှူ ကြသည်။ 

 


ထို့နောက်      ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက    ဆရာတော်  သံဃာတော်များအား  လှူဖွယ် ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး  ရွှေတောင်ကျောင်း ဆရာတော်ထံမှ     အနုမောဒနာ တရား နာယူကြသည်။
ထို့ပြင်  မော်လမြိုင်မြို့  က္ကစ္ဆာ သယသိဒ္ဓိရှင် လေးကျွန်းသစ္စာရှင် နဂါးမောက် စေတီတော်မြတ်ကြီး တွင်   တည်ထားကိုးကွယ်မည့် နဂါးရုံဘုရားကြီး    ထုဆစ်နေမှု များကို   ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သွားရောက်ကြည့်ရှုကြောင်း သိရသည်။


သတင်းစဉ်