မော်လမြိုင်လေဆိပ်ကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိ

 

မော်လမြိုင် အောက်တိုဘာ ၁၇ 


မွန်ပြည်နယ်တွင်    ပြည်တွင်း ပြည်ပ  ခရီးသွားလုပ်ငန်း  ဖွံ့ဖြိုး တိုးတက်ရေး၊  ခရီးသွားပြည်သူ များ   စိတ်အေးချမ်းသာစွာနှင့်  အဆင်ပြေချောမွေ့စွာ    သွားလာ နိုင်စေရေး       ရည်ရွယ်လျက်     ကိုဗစ်-၁၉       အလွန်ကာလတွင် လေကြောင်းလိုင်းများ    ပြန်လည် ပြေးဆွဲနိုင်ရေးအတွက် မော်လမြိုင် လေဆိပ်ကို  အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိသည်။

 


လေဆိပ်အဆင့်မြှင့်တင်မှုများ နှင့်  ပတ်သက်၍    ပြည်နယ် ဝန်ကြီးချုပ်   ဦးဇော်လင်းထွန်း၊  ပြည်နယ်       ဝန်ကြီးများနှင့် သက်ဆိုင်ရာ   ဌာနတာဝန်ရှိသူ များက လေဆိပ်မှ   တာဝန်ရှိသူ များနှင့် အောက်တိုဘာ ၁၆ ရက် က တွေ့ဆုံဆွေးနွေးရာ   ပြည်နယ် ဝန်ကြီးချုပ်က      မိမိတို့၏ဌာန လုပ်ငန်းရည်မှန်းချက်တာဝန်များကို  တိကျစွာ လိုက်နာဆောင်ရွက် ၍ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေး၊  လေယာဉ်ကွင်း  အဆင့်မြှင့် တင်ရေး၊      လေဆိပ်ပရဝဏ် သန့်ရှင်းသာယာ    လှပစေရေး၊ လေယာဉ်ကွင်း   ပြေးလမ်းများ   လုံခြုံမှုရှိစေရေးနှင့်  ​ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့ကို         အထူး အလေးထား  ကြပ်မတ်ဆောင်ရွက် ရန်   မှာကြားပြီး   မော်လမြိုင် လေဆိပ်တွင်    လေယာဉ်ပြေးဆွဲ ဆောင်ရွက်နိုင်မှု၊         လေဆိပ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးသည်။ 

 


မွန်ပြည်နယ်တွင် ​ပြည်တွင်း ပြည်ပ    ခရီးသွားပြည်သူများ စိတ်ဝင်စားစရာ တန်ခိုးကြီးဘုရား များနှင့်    အပန်းဖြေစရာ  နေရာ များစွာရှိပြီး နှစ်စဉ်  ပြည်တွင်း ပြည်ပမှ ခရီးသွားပြည်သူများစွာ ဝင်ရောက်လျက်ရှိရာ   ကိုဗစ်-၁၉    အလွန်ကာလတွင်      ပြည်ပခရီး သွား ဧည့်သည်များ   လေကြောင်း မှ     လာရောက်နိုင်ရေးအတွက်  မော်လမြိုင်လေဆိပ်ကို   အဆင့် မြှင့်တင်မှုများ ဆောင်ရွက်နေခြင်း ဖြစ်သည်။         

ခရိုင်
(ပြန်/ဆက်)