မော်လမြိုင်ကျွန်းတွင် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်

 

မော်လမြိုင်ကျွန်း    ဇွန်   ၂


ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်တွင် အခြေခံပညာ ကျောင်းများနှင့်   ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို     ဇွန် ၂  ရက် နံနက် ၉ နာရီခွဲမှစပြီး ကျောင်းများတစ်ပြိုင်တည်း စတင်ဖွင့်လှစ် ပြီဖြစ်ရာ ကျောင်းသူကျောင်းသားများ အေးချမ်းပျော်ရွှင်စွာ ကျောင်းစတင်တက်ရောက်နေကြပြီဖြစ်သည်။

 


မော်လမြိုင်ကျွန်းမြို့နယ်တွင်    အခြေခံပညာကျောင်း   ၃၈၁ ကျောင်းနှင့်    ဘုန်းတော်ကြီးသင်ပညာရေးကျောင်း   ၃၇   ကျောင်း စုစုပေါင်း ၄၁၈ ကျောင်းတို့တွင်   ကိုဗစ်-၁၉   စည်းကမ်းနှင့်အညီ ကျောင်း စတင်တက်ရောက်လျက်ရှိနေကြသည်။

 


အဆိုပါမော်လမြိုင်ကျွန်းမြို့နယ်တွင် ဇွန် ၂ရက်မှစပြီး   ကျောင်း စတင်ဖွင့်လှစ်လျက်ရှိသော အခြေခံပညာကျောင်းများနှင့် ဘုန်းတော် ကြီးသင်  ပညာရေးကျောင်းများသို့   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဌာနမှ      တာဝန်ရှိသူများက    ကျောင်းများသို့ လှည့်လည်ပြီး   လိုအပ်သည်များ   ကူညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။  

                       

မော်ကျွန်းမြင့်အောင်