မော်လမြိုင်ကျွန်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေးကြေညာခြင်းလုပ်ငန်းများဆောင်ရွက်

 

မော်လမြိုင်ကျွန်း  မတ်   ၂၀


ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေမှုအခြေအနေကြောင့် မုန်တိုင်းအန္တရာယ်ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေးကြေညာ
ခြင်းလုပ်ငန်းကို မတ် ၂၀ ရက်က မြို့တွင်းလမ်းတစ်လျှောက်   လူ စည်ကားရာနေရာများ၊ ဈေးများ၊ သင်္ဘောဆိပ်၊ ကူးတို့ဆိပ်များတွင် ဆောင်ရွက်ခဲ့သည်။

 


အဆိုပါလုပ်ငန်းများ  ဆောင် ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာ     စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာလင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးမျိုးဇော်နှင့်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍     မုန်တိုင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်ရန်  အချက်များ၊ မုန်တိုင်းသတိပေးချက်       ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်း ဖြစ်ပေါ်နေစဉ်အချိန်တွင် လိုက်နာ ရန်အချက်များ၊   ရှောင်ရှားရန် အချက်များ၊    မုန်တိုင်းဖြစ်ပေါ် ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ ရှောင်ရှားသင့်သည့်   အချက်များ၊ မုန်တိုင်းများ၏     အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေ  ရန် အရောင်ဖြင့်    သတိပေးစနစ် များကို အသံချဲ့စက်ဖြင့် လှည့်လည် ကြေညာခဲ့ပြီး မုန်တိုင်းအသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့် ဝေခဲ့ကြောင်း သိရသည်။


အောင်အောင်
(ပြန်/ဆက်)