မော်လမြိုင်ကျွန်းမြို့နယ်၌ ဓာတ်မြေသြဇာပက်ကြဲခြင်းနှင့် တောင်သူများအား ဓာတ်မြေသြဇာပေးအပ်

 

မော်လမြိုင်ကျွန်း  ဩဂုတ်    ၈


ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် မရဲ့အုန်းပင်စုကျေးရွာ ၌ မိုးစပါး မျိုးသန့်မျိုးထုတ် စိုက်ခင်းများအတွက် ဓာတ်မြေသြဇာပက်ကြဲ ခြင်းနှင့် ဓာတ်မြေဩဇာပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ရာ    ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဇော်မျိုးညွန့်က အမှာစကားပြောကြား ပြီး   ဦးပိုင်အမှတ် (၁၁/၁)   ကွင်းအမှတ်  ၁၁၈၅   တောင်သူ  ဦး‌‌တင် အောင်သန်း၏ လယ်မြေသုံးဧက၌ စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုး နည်းပညာအကူအညီဖြင့်    ပေါင်ပျိုးစနစ်   ပျိုးထောင်စိုက်ပျိုးသည့် ရက် ၉၀ မျိုး‌  မျိုးစေ့ထုတ်  စံပြမိုးစပါးစိုက်ခင်းကို  စပါးခွံ ဘိုကာရှီ မြေဆွေးနှင့် ယူရီးယားမြေဩဇာ ပေါင်းစပ်၍ ပက်ကြဲခြင်း ဆောင်ရွက် သည်။


ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စိုက်ပျိုးရေးဦးစီး ဌာနမှ တာဝန်ရှိသူများက တက်ရောက်လာကြသော တောင်သူများ ကို ဓာတ်မြေဩဇာများ လက်ဝယ်အရောက်ပေးအပ်ကြောင်း သိရ သည်။                                

ရဲကိုမောင်(ပြန်/ဆက်)