မော်လမြိုင်-ရန်ကုန် လေအိတ်ရထားပြေးဆွဲ မွန်ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

 

မော်လမြိုင် အောက်တိုဘာ ၂၁


မွန်ပြည်နယ်အတွင်း     ခရီးသွား ပြည်သူများ   စိတ်အေးချမ်းသာ စွာ ခရီးသွားလာနိုင်ရေးအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ်  ဦးဇော် လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူများသည် အောက် တိုဘာ ၂၁ ရက်  နံနက်ပိုင်းက သွားရောက်ကြည့်ရှုသည်။

 


ပြည်နယ်     ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည်   မော်လမြိုင် ဘူတာကြီး၌   ဘူတာရုံပရိဝုဏ် အတွင်း/ အပြင် သန့်ရှင်းသာယာ လှပစေရေး   ဆောင်ရွက်ထားရှိမှု အခြေအနေကို  ကြည့်ရှုစစ်ဆေး ပြီး မော်လမြိုင်-ရန်ကုန် လေအိတ် ရထားပြေးဆွဲနေမှု အခြေအနေကို ကြည့်ရှုအားပေးကာ  ခရီးသွားပြည် သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

 


ထို့နောက်   မြန်မာ့မီးရထား (ပို့ဆောင်ရေး၊  တိုင်းအမှတ်-၈) မှ    တာဝန်ရှိသူများနှင့်     တွေ့ဆုံ ၍   ရထားခရီးစဉ်များ   ပြေးဆွဲ ဆောင်ရွက်နေခြင်းနှင့် ပတ်သက် ၍      ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ခရီးသွား ပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရေး၊ ဘူတာရုံများ ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင် ရွက်ပေးကြရန်၊ မီးရထားပိုင်မြေ များတွင် ကျူးကျော်နေထိုင်မှုများ မရှိစေရေးနှင့် ရထားလမ်းဘေး ဝဲ၊  ယာ  တစ်လျှောက်   သစ်ပင်၊ ချုံနွယ်များ     ရှင်းလင်းစေရေး ဆောင်ရွက်ကြရန် မှာကြားသည်။

 


ထို့နောက် မော်လမြိုင် အဝေး ပြေးကားဝင်း တိုးချဲ့မည့်မြေနေရာ ကို  ကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများက    ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို  ရှင်း လင်းတင်ပြရာ   ပြည်နယ်ဝန်ကြီး ချုပ်က      လိုအပ်သည်များကို မှာကြားကြောင်း သိရှိရသည်။

 


ခရိုင်(ပြန်/ဆက်)