မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ရေး အကြိုလှုပ်ရှားမှု အနဂ္ဃရတနာမြေ - မြောက်ဦးဓာတ်ပုံပြပွဲ ဖွင့်လှစ်

 

စစ်တွေ   ဧပြီ     ၂၃  


သာသနာရေးနှင့်    ယဉ်ကျေးမှု ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည်   ရခိုင်ပြည်နယ်           ဝန်ကြီးများ၊  တာဝန်ရှိသူများနှင့် အတူ    ယနေ့တွင်  မြောက်ဦးမြို့ အောင်မင်္ဂလာ    ဘုန်းတော်ကြီး ကျောင်းသို့            ရောက်ရှိပြီး    နိုင်ငံတော်       ဩဝါဒါစရိယ ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊         အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ပညာသာမိ အား   ဖူးမြော်ကြည် ညိုပြီး   လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာ ရေးဆိုင်ရာကိစ္စများ လျှောက်ထား သည်။ 

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည်  အံတော်သိမ်ပုထိုး တော်ကြီး၊   ဓမ္မသာလဆောင်၌ သာသနာရေးနှင့်        ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့်   ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့    ကြီးမှူးကျင်းပ သည့်       အနဂ္ဃရတနာမြေ  - မြောက်ဦး  ဓာတ်ပုံပြပွဲ  အခမ်း အနားသို့     တက်ရောက်ဖွင့်လှစ် သည်။ 

 


ဓာတ်ပုံပြပွဲအခမ်းအနားဖွင့်ပွဲ တွင်     ပြည်ထောင်စုဝန်ကြီးက  မြောက်ဦးယဉ်ကျေးမှု  အမွေအနှစ် ဒေသကို     ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး  အဆိုပြု  စာတွဲ အပြည့်အစုံကို  ကမ္ဘာ့အမွေအနှစ် ကော်မတီသို့    အချိန်မီပေးပို့ခဲ့ပြီး ဖြစ်ကြောင်း၊    အနဂ္ဃရတနာမြေ - မြောက်ဦး ဓာတ်ပုံပြပွဲကို ပထမ အကြိမ်        ကျင်းပခြင်းဖြစ်ပြီး စစ်တွေ၊ သံတွဲ၊ ရန်ကုန်၊ နေပြည် တော်၊ မန္တလေးနှင့် ပုဂံမြို့တို့တွင် ဆောင်ရွက်ရန်လျာထားသည်ဟု သိရကြောင်း၊ အနဂ္ဃရတနာမြေ - မြောက်ဦး   ဓာတ်ပုံပြပွဲတွင် မြောက်ဦးဒေသခံ ဓာတ်ပုံပညာရှင် များက  ဓာတ်ပုံ ၁၂၀ ကို ခင်းကျင်း ပြသသွားမည်ဟု  သိရကြောင်း၊ မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ဒေသကို    ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ်     သတ်မှတ်ခံရ ခြင်းဖြင့်   မြောက်ဦးမြို့သာမက ရခိုင်ပြည်နယ်ရှိ   ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများ၊ ဝင်ငွေများ   ပိုမိုရရှိလာနိုင်မည် ဖြစ်ပြီး     လူမှုစီးပွားဘဝများပါ တစ်ဆက်တည်း ဖွံ့ဖြိုးတိုးတက် လာနိုင်မည်ဖြစ်ကြောင်း    ပြော ကြားသည်။

 


ထို့နောက်    ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးက   အနဂ္ဃရတနာ မြေ - မြောက်ဦး   ဓာတ်ပုံပြပွဲနှင့် စပ်လျဉ်း၍ အမှာစကားပြောကြား သည်။ 

 


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးသည် အနဂ္ဃရတနာမြေ - မြောက်ဦး   ဓာတ်ပုံပြပွဲတွင် ပြသ ထားသော            ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုပြီး အံတော်သိမ်ဘုရား၊   ချိန်ကိုက် ပိဋကတ်တိုက်နှင့်   လောင်ပွန်း ပြောက်စေတီများအား     ဖူးမြော် ကြည်ညိုပြီး   ရှားပါးအနုပညာ လက်ရာများကို    သဘာဝနှင့်  လူတို့ပယောဂကြောင့်  မပျောက် ပျက်မ   ဆုံးရှုံးစေရေး စနစ်တကျ   ကာကွယ်ထိန်းသိမ်းရန်  မှာကြား သည်။

 


ဆက်လက်၍    ပြည်ထောင်စု ဝန်ကြီးသည်  မြောက်ဦးနန်းတော်၊ မြောက်ဦးရှေး‌ဟောင်း သုတေသန ပြတိုက်ခင်းကျင်းထားမှု၊    စစ်တွေ မြို့ရှိ   ယဉ်ကျေးမှုပြတိုက်၊   ဗုဒ္ဓ ပြတိုက်၊    လောကာနန္ဒာဘုရား  ဘက်စုံပြုပြင်  မွမ်းမံနေမှုများကို  ကြည့်ရှုစစ်ဆေးပြီး   တာဝန်ရှိသူ များအား        လိုအပ်သည်များ မှာကြားကာ   လောကာနန္ဒာဘုရား ဘက်စုံပြုပြင်နိုင်ရန်နှင့်        ဗုဒ္ဓ ပြတိုက်ရှိ စင်္ကြာမုနိ   ရုပ်ပွားတော် မြတ်အတွက်    လှူဒါန်းငွေများ  ပေးအပ်လှူဒါန်းခဲ့ကြောင်း   သိရ သည်။                        

သတင်းစဉ်