မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး ပေါင်းစပ်ဆောင်ရွက်မည့်အစီအစဉ်အကြောင်း ရှင်းလင်း

 

မြောက်ဦး   ဇွန်   ၅


ရခိုင်ပြည်နယ်          မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုမြို့တော်ကို   ယူနက်စကို  ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက်  ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်မည့် အစီအစဉ် (Integr-ated Plan of Action -IPA)နှင့် ပတ်သက်၍ ရှင်းလင်းပွဲကို      ထမ္မရာဇ်ရပ်ကွက်ရှိ    ခရိုင် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်း အဝေးခန်းမ၌  ဇွန် ၃ ရက်က ပြုလုပ်သည်။

 


ရှင်းလင်းပွဲတွင်      ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ  ဦးကောင်းမြတ်နိုင်က  မြောက်ဦး ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း  တင်သွင်း ရေးအတွက်    နိုင်ငံတကာအထိမ်းအမှတ် အဆောက်အအုံနှင့်  နေရာဒေသများကောင်စီ (ICOMOS)  အဖွဲ့က  လက်တွေ့  လာရောက် စစ်ဆေးမည်ဖြစ်ကြောင်း၊   မြောက်ဦးခရိုင် အတွင်းရှိ ဆရာတော်များ၊ သံဃာတော်များ၊ ဆက်စပ်ဌာနများ၊ ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ဝင်များ၊  ဂေါပကများ၊  ဒေသခံများ၊ NGOS များနှင့်တွေ့ဆုံပြီး   ဆန်းစစ်မည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထား    ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 


ထို့နောက်     ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မြောက်ဦးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်စိမ်းနွယ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့် အစီအစဉ် ကို  ရှင်းလင်းပြောကြားရာတွင် ICOMOS မှ  လာရောက်ဆန်းစစ်မည့်  ပညာရှင်များသည် မြေပြင်ကွင်းဆင်းစစ်ဆေးမည်ဖြစ်၍  ဆက်စပ် သော ဌာနဆိုင်ရာများကလည်း လိုအပ်သည် များ ကြိုတင်ပြင်ဆင် လုပ်ဆောင်သွားကြရန်  ရှင်းလင်းပြောကြားခဲ့သည်။

 


ယင်းနောက်     ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးကောင်းမြတ်နိုင်၊   အဖွဲ့ဝင်ဒုတိယ ဗိုလ်မှူးကြီး  တင်ထူးလှိုင်၊   အဖွဲ့အတွင်းရေး မှူး ဒုတိယ ရဲမှူးကြီးခင်မောင်စိုး၊   မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ    ဦးစိုးစိုးသက်၊ ဌာနဆိုင်ရာများနှင့်    တာဝန်ရှိသူများက သိရှိလိုသည့် အကြောင်းအရာများကို အပြန် အလှန်ဆွေးနွေးခဲ့သည်။

 
မြင့်စိုး(ပြန်/ဆက်)