မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့နယ်များ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီ

 

နေပြည်တော်  ဇွန်  ၂၃    


မေ ၁၄ ရက်က   အလွန်အားပြင်းသော မိုခါမုန်တိုင်း   သက်ရောက်မှုဒဏ်ကြောင့်  ရခိုင်ပြည်နယ်မြောက်ပိုင်း  ၁၀  မြို့နယ်သို့  ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးထားသည့် ၂၃၀ ကေဗွီ ၊ ၆၆ ကေဗွီ၊ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အား လိုင်းများ၊  ဓာတ်အားခွဲရုံများနှင့် ဆက်စပ်ပစ္စည်းများ   ပျက်စီးဆုံးရှုံးခဲ့ရာ     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများ၏    အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်မှုများကြောင့် စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်တော်မြို့များသို့   ဇွန်  ၇  ရက်နှင့် ဇွန် ၁၈ ရက် တို့တွင် ဓာတ်အားစနစ်မှ  လျှပ်စစ်ဓာတ်အား    ပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်သည်။ 

 


ဆက်လက်၍    ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိ ကျန်ရှိနေသော   ဒေသများအား   လျှပ်စစ်မီးရရှိနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ ဇွန် ၂၃ ရက်တွင် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - မြောက်ဦး ဓာတ်အားလိုင်း ပြုပြင် ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြုပြင်ဆောင်ရွက်ပြီးဖြစ်သဖြင့် မြောက်ဦးမြို့ရှိ   ၆၆/၁၁  ကေဗွီ ၁၀ အမ်ဗွီအေ မြောက်ဦးဓာတ်အား ခွဲရုံ၏ ၁၁ ကေဗွီ ဖီဒါ (၅)ဖီဒါမှ  ၁၁/၀.၄  ကေဗွီ   ဖြန့်ဖြူးရေး  ထရန်စဖော်မာ     ၉၄    လုံးဖြင့်     မြို့ပေါ်ရပ်ကွက်  ခုနစ်ရပ်ကွက်နှင့် ကျေးရွာ  ၂၆  ရွာရှိ   မီးသုံးသူ   ၅၃၅၇  ဦး၊  မင်းပြားမြို့ရှိ ၆၆/ ၃၃/၁၁ ကေဗွီ မင်းပြားဓာတ်အား ခွဲရုံ၏ ၁၁ ကေဗွီ ဖီဒါ (၄) ဖီဒါမှ ၁၁/၀.၄    ကေဗွီ     ဖြန့်ဖြူးရေး ထရန်စဖော်မာ   အလုံး  ၄၀  ဖြင့် မြို့ပေါ်ရပ်ကွက်   ရှစ်ရပ်ကွက်နှင့် ကျေးရွာ သုံးရွာရှိ မီးသုံးသူ ၃၁၂၁ ဦး၊ မြေပုံမြို့ရှိ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ မြေပုံဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ ဖီဒါ (၂) ဖီဒါမှ ၁၁/၀.၄ ကေဗွီ ဖြန့်ဖြူးရေး ထရန်စဖော်မာ ၂၄ လုံးဖြင့်  မြို့ပေါ်ရပ်ကွက်   ကိုး ရပ်ကွက်နှင့်  ကျေးရွာ  ငါးရွာရှိ  မီးသုံးသူ ၂၃၁၀ တို့အား ဓာတ်အား ဖြန့်ဖြူးပေးထားပြီး   ဖြစ်ကြောင်း သတင်းရရှိသည်။        
သတင်းစဉ်