မြစ်သား ဇွန် ၁၇ မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သား မြို့နယ်အတွင်းရှိ ကင်းတား ရေလှောင်တမံမှ ယခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် ကျောက်ဆည် ခရိုင်အတွင်းရှိ မြစ်သားမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ တံတားဦး မြို့နယ်များနှင့် မိတ္ထီလာခရ

 

မြစ်သား    ဇွန်   ၁၇


မန္တလေးတိုင်း    ဒေသကြီး ကျောက်ဆည်ခရိုင်    မြစ်သား မြို့နယ်အတွင်းရှိ     ကင်းတား ရေလှောင်တမံမှ ယခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင်   ကျောက်ဆည် ခရိုင်အတွင်းရှိ မြစ်သားမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ တံတားဦး မြို့နယ်များနှင့်   မိတ္ထီလာခရိုင် အတွင်းရှိ   ဝမ်းတွင်းမြို့နယ်တို့၌  မိုးစပါး စိုက်ပျိုးရန် လျာထားဧက ၁၁၀၀၀၀ ကျော်ကို ရေပေးဝေသွား မည်ဖြစ်ပြီး   ဆည်ရေသောက် ဧရိယာများအတွင်း    မိုးစပါး ပျိုးထောင်ရေကို    ၂၀၂၂      ခုနှစ် ဇွန် ၂၀ ရက်မှ  စတင်၍  ရေသောက် မြောင်းအုပ်စုအလိုက်  ရေလှည့် စနစ်များဖြင့် အလှည့်ကျပေးသွား မည်ဖြစ်ကြောင်း မြစ်သားမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 


မန္တလေးတိုင်း   ဒေသကြီး၏ စပါးအများဆုံး      စိုက်ပျိုးရာ ကင်းတား   ရေလှောင်တမံသည် နှစ်စဉ်မိုးစပါး၊ နွေစပါးနှင့် အခြား သီးနှံများကို  စိုက်ပျိုးရေပေးဝေ လျက်ရှိသော  တမံဖြစ်ပြီး  ဒေသ တွင်း သောက်သုံးရေနှင့် ပတ်ဝန်း ကျင် စိမ်းလန်းစိုပြည်ရေးတို့အပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး တို့ကိုပါ အကျိုးပြုလျက်ရှိသော ဘက်စုံရေလှောင်တမံ    တစ်ခု လည်း ဖြစ်သည်။ 
 (၂၀၂၂-၂၀၂၃)   ခုနှစ်   မိုး (ကောက်ကြီး)      ရာသီတွင် ကင်းတားရေလှောင်တမံမှ ယနေ့ ထိ ကန်တွင်းသိုလှောင် ရေပမာဏ ဧကပေ  ၃၁၇၆၄၀ ရှိပြီး  လက်ဝဲ မြောင်း၊    လက်ယာမြောင်းနှင့် ပန်းလောင်မြောင်း   ရေသောက် စနစ် သုံးခုအတွင်း စိုက်ဧကပေါင်း ၁၁၀၃၁၂ ဧကပေးဝေရန် လျာထား ခဲ့သည်။      ပန်းလောင်မြစ်ဆိုင်ရာ မြောင်းခွဲများအား ဇွန် ၂၀ ရက်မှ စ၍   ၁၀  ရက်ဖွင့်   ငါးရက်ပိတ်    ရေလှည့်စနစ်ဖြင့် လည်းကောင်း၊  နတ်လွှဲမြောင်းအား   ရှစ်ရက်ဖွင့်    လေးရက်ပိတ် ရေလှည့်စနစ်ဖြင့် လည်းကောင်း၊   လက်ဝဲမြောင်း ရေသောက်စနစ်တွင်  အုပ်စု(၃)ခုခွဲကာ  ရှစ်ရက်ဖွင့် လေးရက်ပိတ်   ရေလှည့်စနစ်ဖြင့် လည်းကောင်း၊ လက်ယာမြောင်းရေသောက်စနစ် ကိုမူ  ဇွန်  ၂၂  ရက်မှ  အုပ်စု(၃) အုပ်စုခွဲကာ   အလှည့်ကျပေးဝေ သွားမည်ဖြစ်ကြောင်း       သိရသည်။         


မောင်မွှေး