
နေပြည်တော် စက်တင်ဘာ ၁၄
ယနေ့မွန်းလွဲ ၁၂ နာရီခွဲတိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် နှစ်ပေခွဲခန့်တွင် ရောက်ရှိနေသည်။အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာ ချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်း ချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ တစ်ပေခန့် ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း တစ်လက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက် တည်ရှိ နိုင်သည်။
စိုးရိမ်ရေမှတ်ကျော်လွန်
ယနေ့ မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာ ချက်အရ ငဝန်မြစ်ရေသည် သာပေါင်း မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ရှစ်လက်မခန့် ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း တစ်လက်မခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်သည်။
ယနေ့ မွန်းလွဲ ၂ နာရီခွဲ တိုင်းထွာ ချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် နှစ်ပေ ခန့်တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေ သည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ ၂ နာရီခွဲ တိုင်းထွာချက် အရ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် နှစ်ပေခွဲခန့်တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ ၃ နာရီခွဲ တိုင်းထွာ ချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် သို့ ရောက်ရှိနေသည်။ အဆိုပါမြစ်ရေ သည် နောက်တစ်ရက်အတွင်း တစ်ပေခွဲ ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်သည်။
အထူးသတိပြုနေထိုင်
သို့ဖြစ်ပါ၍ မြစ်ကမ်းအနီးနှင့် မြေနိမ့် ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြု နေထိုင်ကြပါရန် အကြံပြု အပ်ပါသည်။
မိုး/ဇလ