မြစ်ရေကြီးမှုအခြေအနေ

နေပြည်တော်  ဩဂုတ်  ၉
စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ
ယနေ့ မွန်းလွဲ ၂ နာရီခွဲ တိုင်းထွာချက်အရ  စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခန့် ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါ မြစ်ရေသည်  နောက်တစ်ရက်အတွင်း   ပေဝက်ခန့်ကျဆင်းလာနိုင်ပြီး   ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ
ယနေ့ မွန်းလွဲ ၂ နာရီခွဲ  တိုင်းထွာချက်အရ သံလွင်မြစ်ရေသည်  ဘားအံမြို့တွင်  ယင်းမြို့၏  စိုးရိမ်ရေမှတ် အထက်သို့ ငါးပေခန့် ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက်  ဆက်လက်တည်ရှိနိုင်သည်။
စာမျက်နှာ  ၁၇  ကော်လံ  ၅  v
v ကျောဖုံးမှသောင်ရင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ
ယနေ့မွန်းလွဲ ၂ နာရီခွဲ  တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေ သည် မြဝတီမြို့တွင်  ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေ ခန့်  ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည်  နောက် တစ်ရက်အတွင်း  ယင်းမြို့၏  စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည် ကျဆင်းနိုင်သည်။
ဘီးလင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ
ယနေ့မွန်းလွဲ ၂ နာရီခွဲ တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခွဲခန့် ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက် အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်သည်။
လေးမြို့မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ
ယနေ့ မွန်းလွဲ ၂ နာရီခွဲ တိုင်းထွာချက်အရ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင်  ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက်သို့  နှစ်ပေခန့် ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက် အတွင်း   ယင်းမြို့၏   စိုးရိမ်ရေမှတ်အောက်သို့    ပြန်လည်ကျဆင်း နိုင်သည်။
သံတွဲချောင်း စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ
ယနေ့ မွန်းလွဲ ၂ နာရီခွဲ တိုင်းထွာချက်အရ သံတွဲချောင်းရေသည် သံတွဲမြို့တွင်   ယင်းမြို့၏   စိုးရိမ်ရေမှတ်အထက်သို့   ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက် အတွင်း  ယင်းမြို့၏  စိုးရိမ်ရေမှတ်အောက်သို့   ပြန်လည်ကျဆင်း နိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ မဒေါက်မြို့၊ ဘားအံမြို့နယ်နှင့် ဘီးလင်းမြို့နယ်များ အတွင်းရှိ  မြစ်ကမ်းအနီးနှင့်  မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။  
မိုး/ဇလ