
နေပြည်တော် မေ ၂၄
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ဂျန်မိုင်ကောင်းနှစ်ခြင်း IDP စခန်း၊ ပလန စိန်ဂျိုးဇက် IDP စခန်းနှင့် နန်းကွေ့စိန်ယောဟန် IDP စခန်းတို့မှ စုစုပေါင်း အိမ်ထောင်စု ၂၅ စု၊ လူဦးရေ ၁၂၅ ဦးသည် မေ ၂၂ ရက်တွင် ၎င်းတို့၏ မူလနေရပ်များသို့ ပြန်လည် ပြောင်းရွှေ့ကြရာ ကချင်ပြည်နယ်အစိုးရအဖွဲ့က စားနပ်ရိက္ခာများ ထောက်ပံ့ပေးသည့်အပြင် မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ရှိ အောင်မင်္ဂလာနှစ်ခြင်း ယာယီတိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု သုံးစု၊ လူဦးရေ ၁၅ ဦးသည် ၎င်းတို့ အစီအစဉ်ဖြင့် အောင်မင်္ဂလာရပ်ကွက်ရှိ ရိုမန် ကက်သလစ် ယာယီတိုက်ပွဲရှောင်စခန်းသို့ ပြောင်းရွှေ့သွားရာ တာဝန်ရှိသူများက အောင်မင်္ဂလာနှစ်ခြင်း ယာယီတိုက်ပွဲရှောင်စခန်းကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။ ဇော်ဝင်းထွန်း