မြစ်ကြီးနားမြို့နှင့် ဖျာပုံမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

 

နေပြည်တော်  ဒီဇင်ဘာ  ၁၄


ကချင်ပြည်နယ်  မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော် များအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်   နယ်မြေခံ ဆေးကုသရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနား မြို့ရှိ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၌  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်မြေခံဆေးကုသ ရေးအဖွဲ့က ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အရိုးအကြော ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ သံဃာ တော် ၄၃ ပါးတို့ကို လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသခြင်းများဆောင်ရွက်ပေးခြင်း၊ EGC စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊     ဓာတ်မှန်ရိုက်၍ ရောဂါရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန်လိုအပ်သည့် သံဃာတော်များ အား နယ်မြေခံတပ်မတော်ဆေးရုံသို့  တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။


ယင်းသို့ ဆောင်ရွက်နေမှုများကို  မြစ်ကြီးနား တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး  လိုအပ်သည်များ   ဖြည့်ဆည်းဆောင်ရွက် ပေးသည်။


အလားတူ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာနှင့်  ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ယနေ့တွင် အနောက်တောင် တိုင်းစစ်ဌာနချုပ်  နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေါ်ညိမ်းကျေးရွာရှိ   မုန်တိုင်းဒဏ်ခံအဆောက်အဦ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက် ပေးသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်ဆေးကုသ ရေးအဖွဲ့က ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ဆီးချို သွေးချို ရောဂါ၊ အရိုး/အကြော ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊  ကလေးရောဂါနှင့် အထွေထွေရောဂါ တို့နှင့်ပတ်သက်၍   ဒေသခံပြည်သူ ၃၂၄ ဦး တို့ကို လိုအပ်သည့်    ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့  ဆောင်ရွက်ပေးနေ မှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တာဝန် ရှိသူများက  သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များ    ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။                   

သတင်းစဉ်