မြစ်ကြီးနားမြို့နှင့် ခန္တီးမြို့တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်   ဧပြီ    ၂၅


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ သံဃာတော်များနှင့်      သာသနာ့ နွယ်ဝင်သီလရှင်များအား ယနေ့  တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေး ကုသရေးအဖွဲ့က အဆိုပါမြို့ရှိ          အဘယရာမ ပရိယတ္တိစာသင်တိုက်၌ ကျန်းမာ ရေး  စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က     သံဃာ တော် ၃၇ ပါးနှင့် သာသနာ့နွယ်ဝင် သီလရှင်   သုံးပါးတို့အား   ခွဲစိတ် ကုသမှုရောဂါ၊     အရိုးအကြော ရောဂါ၊     အာရုံကြော    အားနည်း ရောဂါ၊    အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာ ရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ခြင်း၊  ECG  စက်ဖြင့် နှလုံးစမ်းသပ်  စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေ ပေးခြင်းများ     ဆောင်ရွက်ပေး သည်။  ယင်းသို့  ဆောင်ရွက်ပေး နေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေးနှင့်  တာဝန်ရှိသူ များက         သွားရောက်ကြည့်ရှု အားပေးပြီး အဘယရာမပရိယတ္တိ စာသင်တိုက်ဆရာတော်    အမှူး ပြုသော   သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
အလားတူ      စစ်ကိုင်းတိုင်း ဒေသကြီး   ခန္တီးမြို့နယ်ရှိ   စစ်မှု ထမ်းဟောင်းအဖွဲ့ဝင် ၆၅ ဦးတို့ကို လည်း     အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေခံဆေးကုသ ရေးအဖွဲ့က     နယ်မြေခံတပ်နယ် ခန်းမ၌  သွေးတိုးရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ အရိုး အကြောရောဂါ၊     အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ    ရောဂါ၊  အသည်းရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍  လိုအပ်သည့်  ကျန်းမာရေး   စစ်ဆေးပေးခြင်း များ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံတပ်နယ်မှ     တာဝန်ရှိ သူများက     သွားရောက်ကြည့်ရှု အားပေးစကား           ပြောကြားပြီး စားသောက်ဖွယ်ရာ            များ ထောက်ပံ့      ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်