မြစ်ကြီးနားမြို့၌ ဗဟိုမဏ္ဍပ်အပါအဝင် လမ်းလျှောက်သင်္ကြန်ပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိ

 

မြစ်ကြီးနား   ဧပြီ   ၁၀


ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု     မဟာ သင်္ကြန်ပွဲတော်ကို      စည်ကားစွာ ကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်တို့နှင့်အတူ လမ်း လျှောက်သင်္ကြန်    ပွဲတော်ကိုပါ ထည့်သွင်းကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

 


သင်္ကြန်ပွဲတော်  စည်ကားစွာ ကျင်းပနိုင်ရေးအတွက် ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် မြစ်ကြီးနားမြို့    ရုံးကြီးလမ်းနှင့် အား/ကာတိုက်တန်းလမ်းထောင့် မြို့တော်ခန်းမရှေ့၌  ကချင်ပြည် နယ်    အစိုးရအဖွဲ့   မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်     ဗဟို မဏ္ဍပ်နှင့်      ရေကစားမဏ္ဍပ်ကို တည်ဆောက်လျက်ရှိရာ ၈၀ ရာခိုင် နှုန်းကျော်  ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 


ထို့ပြင်   မင်းရပ်ရပ်ကွက်ရှိ ပြည်သူ့ရင်ပြင်အတွင်းနှင့် ဧရာဦး ပန်းခြံအထိ     ကမ်းနားလမ်း တစ်လျှောက်တွင် လမ်းလျှောက် သင်္ကြန်ပွဲတော် ထည့်သွင်းကျင်းပ နိုင်ရေးအတွက်လည်း ပုသိမ်ထီး များဖြင့် အလှဆင်ချိတ်ဆွဲထားပြီး ရေပန်းပိုက်များတပ်ဆင်၍   ပြင် ဆင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

 


ပြည်နယ်အစိုးရအဖွဲ့    ဗဟို မဏ္ဍပ်၌    ဌာနဆိုင်ရာများနှင့် မြို့ပေါ် ရပ်ကွက်များမှ ယိမ်းအက အလှပြိုင်ပွဲများ၊ ခေတ်ပေါ်တေးဂီတဖျော်ဖြေမှုများကို ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး       ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များအား ဆုများ ထိုက် တန်စွာ ချီးမြှင့်မည်ဖြစ်ကြောင်း နှင့်   ဝန်ကြီးဌာနများကလည်း သင်္ကြန်  ပွဲတော်ရက်များအတွင်း စတုဒိ သာများ      ကျွေးမည်ဖြစ်ကြောင်း  သိရသည်။

ပြည်နယ်(ပြန်/ဆက်)