
မြစ်ကြီးနား အောက်တိုဘာ ၁၇
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ဌာနဆိုင်ရာ များ၊ တပ်ရင်း/ တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းပြီး မြစ်ကြီးနားလေဆိပ် အဆောက်အအုံများ၊ ပတ်ဝန်းကျင်နှင့် လေဆိပ်ဝင်းအတွင်း/အပြင်တို့တွင် သန့်ရှင်းရေးလုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်သည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ တပ်ရင်း/ တပ်ဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များစုပေါင်း၍ လေဆိပ်ဧရိယာပြင်ပ လမ်းဘေးဝဲ/ယာများနှင့် လေဆိပ်ဧရိယာအတွင်းရှိ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက် များကောက်ယူခြင်း၊ မြေယာရှုခင်းအလှပင်များ ပြုပြင်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားလေဆိပ် သည် ပြည်နယ်၏ မြို့တော်လေဆိပ်ဖြစ်သည့်အတွက် အမြဲသန့်ရှင်းသာယာလှပစေရန် မြေယာရှုခင်းများ ပြုပြင်ရေး၊ အလှပန်းပင်များနှင့် အရိပ်ရအပင်များ စိုက်ပျိုးရေးနှင့် ကားပါကင်စသည့် လိုအပ်ချက်များ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်
(ပြန်/ဆက်)