မစ္စတာ ပီတာ ဗောင်းစ်အား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူ

နေပြည်တော်  ဇူလိုင်  ၂၆

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာ ကုန်လွှဲအပ်ခြင်းခံရသော ဗြိတိန်နိုင်ငံသံအမတ်ကြီး မစ္စတာ ဒယ်နီယယ် ပထရစ် ဘရန်ဒန် ချဂ်၏ နေရာတွင် မစ္စတာ ပီတာ ဗောင်းစ်အား     ခန့်အပ်ရန်    ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရက သဘောတူညီပြီး ဖြစ်သည်။ 

 


မစ္စတာ ပီတာ ဗောင်းစ် ကို ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလတွင် မွေးဖွားခဲ့သည်။ ၎င်းသည် ၁၉၉၆  ခုနှစ်တွင်  အက်ဒင်ဘရာ တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကိုလည်းကောင်း၊ ၂၀၀၂ ခုနှစ်တွင် ဘာမင်ဂမ်တက္ကသိုလ်မှ      ကျန်းမာရေးစောင့်ရှောက်မှု စီမံခန့်ခွဲမှုဘာသာရပ်ဖြင့် မဟာဘွဲ့ကိုလည်းကောင်း အသီးသီး ရရှိခဲ့သည်။ ၁၉၉၆ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်မှ အစိုးရမဟုတ်သောအဖွဲ့အစည်း များ၊ ဗြိတိန်နိုင်ငံ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုဌာန၊ ကမ္ဘာ့ဘဏ်နှင့် ပုဂ္ဂလိကကဏ္ဍတို့တွင် တာဝန်ထမ်းဆောင် ခဲ့သည်။ ၎င်းသည် ၂၀၀၃ ခုနှစ်မှစတင်၍  ဗြိတိန်အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ကဘူးလ်မြို့၊ ကင်ရှာ ဆာမြို့နှင့်  နိုင်ရိုဘီမြို့များရှိ ဗြိတိန်သံရုံးများ၊  ဒါကာမြို့နှင့် နယူးဒေလီမြို့များရှိ ဗြိတိန်မဟာမင်းကြီးရုံးများတွင် ရာထူး အဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ လက်ရှိတွင် ဗြိတိန်နိုင်ငံခြားရေး၊  ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ အာရှ၊ ကာရီဘီယံနှင့် ပင်လယ်ရပ်ခြားနယ်မြေ များဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။


မစ္စတာ ပီတာ ဗောင်းစ်သည် အိမ်ထောင်သည်တစ်ဦး ဖြစ်ပြီး သားသမီး (၂) ဦးရှိသည်။              

 

       သတင်းစဉ်