မဘိမ်းမြို့နယ် လဝါကျေးရွာ၌ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ဖွင့်

 

မဘိမ်း   ဖေဖော်ဝါရီ   ၁၇          


ရှမ်းပြည်နယ်မြောက်ပိုင်း   မဘိမ်းမြို့နယ်  လဝါ ကျေးရွာတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို  ယနေ့ နံနက်က လဝါကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ ပြုလုပ်သည်။ 

 


ရှေးဦးစွာ   ကျောင်းဆောင်သစ်ကို      မဘိမ်း မြို့နယ်ပညာရေးမှူး ဒေါ်သန်းတင်၊    လက်ထောက် မြို့နယ်ပညာရေးမှူး    ဦးကျော်မောင်မောင်အေး၊ ကျောင်းအုပ်ဆရာမကြီး     ဒေါ်နွယ်နွယ်အောင်နှင့် တာဝန်ရှိသူများက    ဖဲကြိုးဖြတ်    ဖွင့်လှစ်ပေး သည်။

 


အဆိုပါကျောင်းဆောင်သစ်ကို   ရှမ်းပြည်နယ် အစိုးရအဖွဲ့က   ထောက်ပံ့ငွေကျပ်သိန်း  ၁ဝဝဝ၊ ကမ္ဘောဇဘဏ်လီမိတက်က   အလှူငွေကျပ်သိန်း  ၂ဝဝ၊  FOREVER Group ကုမ္ပဏီလီမိတက်က အလှူ ငွေကျပ် သိန်း ၁ဝဝ နှင့်  ကျေးရွာအလှူရှင်များက  လှူဒါန်းငွေကျပ်သိန်း  ၄ဝဝ  စုစုပေါင်းငွေကျပ်  သိန်း   ၁၇ဝဝ ဖြင့်   ဆောက်လုပ်ခဲ့ကာ   ကျောင်းဆောင်သစ်မှာ အလျားပေ ၁၃ဝ၊ အနံ ပေ  ၃ဝ နှင့် အမြင့် ၂၄ ပေရှိ အာစီစီနှစ်ထပ်ကျောင်းဆောင်သစ်ဖြစ်ကြောင်း  သိရ သည်။                                  

မျိုးမင်း(ပြန်/ဆက်)