
မဘိမ်း အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်း မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို သတ်မှတ်စုရပ်နေရာများ၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံခြင်း မပြု မီ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် သွေးထဲတွင်ရှိသည့် အောက်ဆီ ဂျင်ပမာဏ တိုင်းတာခြင်းတို့ကို ကျန်းမာရေးဝန်ထမ်းများက စနစ် တကျ ဆောင်ရွက်ပေး၍ ပုံမှန် အနေအထားရှိမှသာ ဆေးထိုးပေး ခြင်းဖြစ်ကြောင်း၊ ဘဟဲကျေးရွာ အထက်တန်းကျောင်းနှင့် သတ် မှတ်စုရပ်နေရာများ၌ ကာကွယ် ဆေးထိုးနှံပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ရဲထွဋ်လင်းနှင့် တာဝန်ရှိသူများက လာရောက် ကြည့်ရှုအားပေးကာ ကျန်ရှိသော ကျောင်းသား ကျောင်းသူ များကိုလည်း ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်း(ပြန်/ဆက်)