မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း (COMMIT) ၏ (၁၅) ကြိမ်မြောက် COMMIT အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် COMMIT ဒေသတွင်းအထူးအဖွဲ့ အစည်းအဝေးများကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ   ၂၄


မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန် ကူးမှု      ပူးပေါင်းတိုက်ဖျက်ရေး စီမံကိန်း (COMMIT) ၏ (၁၅)ကြိမ် မြောက်   COMMIT   အဆင့်မြင့် အရာရှိကြီးများ    အစည်းအဝေး  (15th COMMIT Senior Official Meeting- SOM15)   နှင့်   ဒေသ တွင်း    အထူးအဖွဲ့အစည်းအဝေး (COMMIT Regional Task Force Meeting-RTF) တို့ကို နိုဝင်ဘာ ၂၃    ရက်နှင့်   ၂၄    ရက်တို့တွင် ရုံးအမှတ်    (၃၈)   လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး  ရဲတပ်ဖွဲ့မှူး ရုံး အစည်းအဝေးခန်းမ၌ Video Conference စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့      မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊    လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး  ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့မှူး ရဲမှူးချုပ်     မြင့်ထူး      ဦးဆောင် သော  ဌာနဆိုင်ရာ ကိုယ်စားလှယ် များ၊  COMMIT အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊  လာအို၊    ထိုင်း၊     ဗီယက်နမ်နိုင်ငံ တို့မှ               ကိုယ်စားလှယ်များ၊    COMMIT     အတွင်းရေးမှူးရုံးမှ    ကိုယ်စားလှယ်များ  တက်ရောက် ခဲ့ကြသည်။


အစည်းအဝေးများ  တွင် မဲခေါင်     ဒေသတွင်းနိုင်ငံများက (၄) ကြိမ်မြောက် မဲခေါင်ဒေသခွဲ တွင်း လုပ်ငန်းစီမံချက် (4th Sub-Regional Plan of Action-SPA IV)      အကောင်အထည်ဖော်မှုမှ ရရှိသော အောင်မြင်မှုများ၊ အတွေ့ အကြုံကောင်းများနှင့် စိန်ခေါ်မှု အခက်အခဲများ၊ (၅) ကြိမ်မြောက်  မဲခေါင်ဒေသခွဲတွင်း   လုပ်ငန်းစီမံ ချက် (5th Sub-Regional Plan of Action-SPA V) ရေးဆွဲဖော် ထုတ်မည့်            အခြေအနေများ၊ COMMIT   လုပ်ငန်းစဉ်    ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး       အတွက် ဆောင်ရွက်မည့် အခြေအနေများ၊ နိုင်ငံဖြတ်ကျော်  လွှဲပြောင်းညွှန်း ပို့မှုယန္တရား        (Transnational Referral    Mechanism - TRM) (မူကြမ်း) အတည်ပြုနိုင်ရေး ကိစ္စ ရပ်များ၊     နည်းပညာအလွဲသုံးမှု ကြောင့် ဖြစ်ပေါ်လာသော လူကုန် ကူးမှု     မှုခင်းများကို     ပူးပေါင်း  တိုက်ဖျက်နိုင်ရေး     ကိစ္စရပ်များ  နှင့်စပ်လျဉ်း၍      ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။  

 သတင်းစဉ်