“မဲခေါင် - လန်ချန်းနိုင်ငံများတွင် အများပါဝင်နိုင်သော၊ စဉ်ဆက်မပြတ်သော ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်မည့် အလေ့အကျင့်ကောင်းများဆိုင်ရာ ဒေသတွင်းအဆင့် အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပ

 

နေပြည်တော်   မေ   ၂၄ 
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု  အထူး ရန်ပုံငွေ ၂၀၂၂ ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ “မဲခေါင်- လန်ချန်းနိုင်ငံများတွင် အများပါဝင်နိုင်သော၊ စဉ်ဆက် မပြတ်သောရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်မည့် အလေ့ အကျင့်ကောင်းများဆိုင်ရာ    ဒေသတွင်းအဆင့် ဆွေးနွေးပွဲ”  အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Grand Amara Hotel  ၌  Hybrid ပုံစံဖြင့် ကျင်းပသည်။  
ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍   အဖွင့် အမှာစကားပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအခမ်းအနားတွင်   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ           တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai ၊ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါ်မာလာသန်းထိုက်တို့က အဖွင့်အမှာ စကားများပြောကြားခဲ့ပြီး မဲခေါင် - လန်ချန်းအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ   ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အေဂျင်စီများမှ   အကြီးအကဲများက   အွန်လိုင်းမှ တစ်ဆင့်      မိတ်ဆက်စကား      ပြောကြားခဲ့ကြ သည်။
အဆိုပါဆွေးနွေးပွဲကို မဲခေါင် - လန်ချန်း ဒေသ တွင်း၌ အများပါဝင်အကျိုးခံစားနိုင်သော စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သည့်ရင်းနှီးမြှုပ်နှံ မှုများကို မြှင့်တင်နိုင်ရေးအတွက် မဲခေါင် - လန်ချန်း အဖွဲ့ဝင်နိုင်ငံများရှိ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနများအနေဖြင့် ကာလတို၊ ကာလလတ်နှင့် ကာလရှည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများ ရေးဆွဲချမှတ်ရာတွင် အထောက်အကူပြုနိုင်ရန်နှင့် ပုဂ္ဂလိကကဏ္ဍမှ စွန့်ဦး တီထွင်လုပ်ငန်းများကလည်း ယင်းတို့၏ အများပါဝင် အကျိုးခံစားနိုင်သည့်   စီးပွားရေးလုပ်ငန်းပုံစံနှင့် အကောင်းဆုံး   အလေ့အကျင့်များကို   အမြင်ချင်း ဖလှယ်ဆွေးနွေးနိုင်ရန်   ရည်ရွယ်၍   ကျင်းပခြင်း ဖြစ်သည်။ 
ဖွင့်ပွဲအခမ်းအနားအပြီးတွင်    ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ နိုင်ငံတကာနှင့် ဒေသတွင်းမှ ကျွမ်းကျင်ပညာရှင်များ၊ မဲခေါင် - လန်ချန်းအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ စုစုပေါင်း  ၁၃  ဦး တို့က အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးသည်။ 
ဆက်လက်၍ မဲခေါင် - လန်ချန်း  အဖွဲ့ဝင်နိုင်ငံ များရှိ  ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနများမှ   နိုင်ငံ အလိုက်   အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့်   ဆောင်ရွက်ချက်များကို   လည်းကောင်း၊ ယင်းတို့ ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် အများ ပါဝင်အကျိုး  ခံစားနိုင်သော စီးပွားရေးလုပ်ငန်းပုံစံများ နှင့်  လုပ်ကိုင်ဆောင်ရွက်နေသည့်   အလေ့အကျင့် ကောင်းများကိုလည်းကောင်း   အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပြီး   အမြင်ချင်းဖလှယ်   ဆွေးနွေး၍ အကြံပြုချက်များ ပံ့ပိုးပေးခဲ့သည်။
ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဝါဝါမောင်၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ  အမြဲတမ်းအတွင်းဝန်များ၊   ညွှန်ကြား ရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Mongkol Visitstump၊ အဆင့်မြင့်အရာရှိကြီးများနှင့်      အရာထမ်းများ၊ ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ   မဲခေါင် - လန်ချန်း အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများမှ ကိုယ်စားလှယ်များ၊ မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများရှိ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအေဂျင်စီများနှင့် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကကဏ္ဍမှစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို မေ ၂၅ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်