
မအီ ဧပြီ ၁၀
မအီမြို့တွင် နှစ်သစ်ကူး အတာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက် စွာ ကျင်းပနိုင်ရေးအတွက် မြို့မ ဗဟိုမဏ္ဍပ် တည်ဆောက်နေခြင်း ကို မအီမြို့ပေါ် လူငယ်များစုပေါင်း တည်ဆောက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ မြို့မဗဟိုမဏ္ဍပ်ကို အမှတ် (၃) ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးဇော်ဝင်းလေးနှင့် မြို့ပေါ်လူငယ်များ စုပေါင်း အကောင်အထည်ဖော် ဆောင် ရွက်ကြခြင်းဖြစ်ကြောင်း၊ ဗဟို မဏ္ဍပ်တွင် သီဆိုဖျော်ဖြေရန် အတွက် တောင်ကုတ်မြို့မှ FINGERS PLUS တီးဝိုင်းနှင့် အသံချဲ့စက်များကို ငှားရမ်းပြီး သီချင်းများကို ကြိုတင်လေ့ကျင့် နေပြီဖြစ်ကြောင်း၊ ယခုအချိန်တွင် ဗဟိုမဏ္ဍပ်အတွက် မအီမြို့ပေါ်ရှိ ဌာနဆိုင်ရာများမှ ငွေကျပ် ငါးသိန်း ထည့်ဝင်မတည်ပြီး ဗဟိုမဏ္ဍပ် ဖြစ်မြောက်ရေး ကော်မတီနှင့် ဗဟိုမဏ္ဍပ်ကို အကောင်အထည်ဖော် ဆောင် ရွက်ကြသည့် မအီမြို့ပေါ်လူငယ် များက ငွေကျပ် ၁၀ သိန်း ထည့်ဝင်ထားပြီး ဖြစ်ကြောင်း၊ မအီမြို့ပေါ် ရပ်ကွက်များမှ စေတနာရှင်များကလည်း တစ်ဦး ချင်းအလိုက် ပံ့ပိုးမှုများရှိကြောင်း၊ သင်္ကြန်ကာလအတွင်း ဖျော်ဖြေ ရေးကဏ္ဍများအတွက် အခြား ကုန်ကျစရိတ် လိုအပ်ချက်များစွာ ရှိနေ၍ စေတနာရှင်များ လိုအပ်နေ သေးကြောင်း ဗဟိုမဏ္ဍပ်ဖြစ် မြောက်ရေးကော်မတီမှ ကိုကျော်စွာ ထွန်းက ပြောသည်။
မောင်မောင်ဌေး(ပြန်/ဆက်)