မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန် စစ်တွေမြို့နယ်၏ အခြေခံမဲဆန္ဒရှင်စာရင်းကို မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးမည်

 

စစ်တွေ  မတ် ၁၂
ရခိုင်ပြည်နယ်အတွင်း       အခြေခံ မဲဆန္ဒရှင်စာရင်းများ  ပြည့်စုံ မှန်ကန်စေရေးအတွက် စစ်တွေ မြို့နယ်၏   အခြေခံမဲဆန္ဒရှင်စာရင်း ကို      မြေပြင်လူဦးရေစာရင်းနှင့်  တိုက်ဆိုင်စစ်ဆေးခြင်း      ရှေးပြေး လုပ်ငန်းစီမံချက်   (Pilot Project)  ဖွင့်ပွဲကို  မတ် ၁၁ ရက်က စစ်တွေ မြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်      ရခိုင် ပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာ အောင်ကျော်မင်းက  လွတ်လပ်ပြီး  တရားမျှတသော    ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရာတွင်   မဲစာရင်း ပြည့်စုံမှန်ကန်ရေးသည် အရေး ကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ် ကြောင်း၊   အခြေခံမဲဆန္ဒရှင်စာရင်း များကို    မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် မြေပြင် လူဦးရေစာရင်းနှင့်       တိုက်ဆိုင် စစ်ဆေးပြီး ပြည့်စုံမှန်ကန်သော    မဲစာရင်းများရရှိရေး     ပြုစု ဆောင်ရွက်သွားရမည်    ဖြစ် ကြောင်း၊  ပြည့်စုံမှန်ကန်သော  မဲဆန္ဒရှင်စာရင်းရရှိရေး၊  ဥပဒေ နှင့်အညီ    ပါဝင်ရမည့်သူများ၊     ပါဝင်ခွင့်ရရှိပြီး မပါဝင်သင့်သူများ  မပါဝင်စေရေး၊ မဲပေးပိုင်ခွင့်ရှိသူ များအားလုံး မဲဆန္ဒရှင်စာရင်းတွင်   ကျန်ရှိမနေစေရေးတို့ကို    အထူး အလေးထား  ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယနေ့တွင် စစ်တွေ မြို့နယ်၌     ပြုစုပြီးဖြစ်သည့်  အခြေခံမဲဆန္ဒရှင် စာရင်းများကို မြေပြင်လူဦးရေ     စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးသည့် ရှေးပြေး လုပ်ငန်းစီမံချက်   ဆောင်ရွက်မည်  ဖြစ်ကြောင်း ပြောကြားသည်။ 
ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှေးပြေးလုပ်ငန်း စီမံချက်နှင့်          ပတ်သက်၍    ရှင်းလင်းပြောကြားပြီး    ပြည်နယ် ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများ သည်    မြေပြင်လူဦးရေစာရင်း           တိုက်ဆိုင်စစ်ဆေးခြင်း၊ ရှေ့ပြေးလုပ်ငန်းစီမံချက်ပါလုပ်ငန်းအဖွဲ့ များ၏  ရပ်ကွက်၊  ကျေးရွာအုပ်စု အလိုက် အဖွဲ့များခွဲ၍စစ်ဆေးခြင်း များကို    လိုက်လံကြည့်ရှုကြ သည်။
အဆိုပါ   လုပ်ငန်းအဖွဲ့များ အနေဖြင့်  ရှေးပြေးလုပ်ငန်းစဉ် အဖြစ် စစ်တွေမြို့နယ်အတွင်းရှိ ရပ်ကွက် ၃၃ ရပ်ကွက်၊  ကျေးရွာ အုပ်စု ၂၇ စုရှိ  လူဦးရေများ၏ အခြေခံမဲဆန္ဒရှင်    စာရင်းများ  မှန်ကန်ရေးအတွက်    မြေပြင် လူဦးရေစာရင်းနှင့်   တိုက်ဆိုင် စစ်ဆေးခြင်းကို  ကွန်ပျူတာနည်း ပညာအသုံးပြု၍           အပြန်အလှန်     စစ်ဆေးဆောင်ရွက်မည်   ဖြစ် ကြောင်း  သိရသည်။ 
တင်ထွန်း
(ပြန်/ဆက်)