မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁၈


ပြည်ထောင်စု          ရွေးကောက်ပွဲ ကော်မရှင်သည်     လွတ်လပ်ပြီး တရားမျှတသည့်      ပါတီစုံဒီမို ကရေစီ   အထွေထွေရွေးကောက်ပွဲ များကို         ကျင်းပပြုလုပ်နိုင်ရန်  ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက် ရှိရာ   လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ   ဥပဒေနှင့် အညီ  လွတ်လပ်စွာ  မဲပေးနိုင်ရေး အတွက်          ပဲခူးတိုင်းဒေသကြီး အတွင်း    မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံတည်နေရာများ အတည်ပြု     သတ်မှတ်ခြင်းများ ဆောင်ရွက်သည့် ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၉ နာရီခွဲ တွင်    ပြည်ခရိုင်   အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန     အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးသို့           ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်   ဦးစိုးဦးနှင့်   ဦးတင် မောင်ဆွေ၊ ပြည်ခရိုင် တပ်နယ်မှူး၊ ပဲခူးတိုင်းဒေသကြီးနှင့် ပြည်ခရိုင် ရွေးကောက်ပွဲအရာရှိများ၊   ခရိုင် အုပ်ချုပ်ရေးမှူး၊   ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဝန်ကြီးဌာနမှ   ဦးစီးမှူး၊   ပေါက် ခေါင်း၊   ပေါင်းတည်၊  ပန်းတောင်း၊ ပြည်၊ ရွှေတောင်၊ သဲကုန်းမြို့နယ် တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရွေးကောက်ပွဲ      အရာရှိ များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးများ၊             ပြည်မြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု  ၆၉ အုပ်စုမှ တာဝန်ရှိသူများ တက် ရောက်ကြပြီး  ကော်မရှင်အဖွဲ့ဝင် များက   အမှာစကား   ပြောကြား သည်။ 

 


ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက  မဲဆန္ဒ ရှင်စာရင်း ပြည့်စုံမှန်ကန်ရေး၊ မဲရုံ တည်နေရာ သတ်မှတ်အတည်ပြု နိုင်ရေးနှင့်     မဲရုံသုံးပစ္စည်းများ လိုအပ်ချက်တို့နှင့်          စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်း      ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်