
နေပြည်တော် နိုဝင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့် ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင် တိုင် မီးထွန်းပွဲတော်အား နိုဝင်ဘာလ ၂၅၊ ၂၆ နှင့် ၂၇ ရက်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တန်ဆောင်တိုင်မီးထွန်းပွဲတော် ကာလအတွင်း ဆီမီး ၉၀၀၀ ကပ်လှူပူဇော်ခြင်း၊ အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း၊ မီးရှူးမီးပန်း များ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်းများကို သုံးရက်တိုင်တိုင် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိခြင်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက် ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ ရိုးရာမုန့်ဆိုင်များ ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်