မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများအနက် ဦးရေ တစ်သန်းပြည့်မြောက်သည့် ဘုရားဖူးပြည်သူအား ဓမ္မလက်ဆောင်ပစ္စည်းများ ဂုဏ်ပြုပေးအပ်

 

နေပြည်တော်   အောက်တိုဘာ    ၃၁


ပြည်ထောင်စုနယ်မြေ နေပြည်တော်  ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်      ဝတ္ထုကံတော်တွင်    တည်ထားပူဇော်အောင်မြင်ခဲ့သည့်   ကမ္ဘာပေါ်ရှိ     ထိုင်တော်မူ    ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်   ဉာဏ်တော် အမြင့်ဆုံးဖြစ်တော်မူသော   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ  အများပြည်သူများ  ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ် ၈ ရက်မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်း ပြည်ပမှ ဘုရားဖူး လာရောက်သူများဖြင့် နေ့စဉ်မပြတ် စည်ကားလျက်ရှိသည်။


ထိုသို့   မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးသို့ ရဟန်း၊ ရှင်လူ အများပြည်သူများ       ဖူးမြော် ကြည်ညိုနိုင်ရန်     စတင်ဖွင့်လှစ် ပေးခဲ့သည့် ဩဂုတ် ၈ ရက်မှစ၍ ဘုရားဖူးပြည်သူ  အများအပြား  နေ့စဉ်        လာရောက်ဖူးမြော် ကြည်ညိုကြရာ ယနေ့ထိ ဘုရား ဖူးလာသူ ပြည်သူ တစ်သန်းကျော် အနက်မှ ရန်ကုန်တိုင်းဒေသကြီး  အင်းစိန်မြို့နယ်မှ    ဦးကျော်ဝဏ္ဏ သည် ဦးရေ တစ်သန်းပြည့်မြောက် သည့် ကံထူးသူတစ်ဦးဖြစ်ကြောင်း  သိရှိရသည်။


အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးသို့     လာရောက် ဖူးမြော်ကြသူများအနက်     ဦးရေ တစ်သန်း   ပြည့်မြောက်သူအဖြစ် လာရောက်ဖူးမြော်သည့် ဦးကျော် ဝဏ္ဏနှင့်     မိသားစုဝင်များအား ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန် ရှိသူများက ဘုရားကြီးမုခ်ဦးတွင် ကြိုဆိုနှုတ်ဆက်ကြပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး      နှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်   အတွင်းရှိ ကျောက်စာရုံ   စေတီတော်များ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၊ ဂန္ဓကုဋိတိုက်များ၊   မုစလိန္ဒကန်၊ နဂါးရုံဘုရား၊ မာရဝိဇယကျောင်း တော်၊       သုဓမ္မာဇရပ်များအား လှည့်လည်ဖူးမြော်        ကြည်ညို ကြသည်။


ယင်းနောက် ယာယီရှင်းလင်း ဆောင်၌    ဘုရားဂေါပကအဖွဲ့မှ  တာဝန်ရှိသူတစ်ဦးက မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး         နှင့် သာသနိက   အဆောက်အဦများ  တည်ထား     ကိုးကွယ်မှုဆိုင်ရာ များနှင့်  ဦးရေ  တစ်သန်းမြောက် ဘုရားဖူးပြည်သူဖြစ်လာရသည့် အကြောင်းရင်းကို      ရှင်းလင်း ပြောကြားသည်။


ထို့နောက်    ဦးဆောင်ဘုရား ဒါယကာ    နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်       ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုအရ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဦးရေ တစ်သန်းမြောက် ဘုရားဖူးပြည်သူ   ဦးကျော်ဝဏ္ဏ အား   ဉာဏ်တော်  ၉  လက်မ အမြင့်ရှိသော စကျင်ကျောက်ဖြင့်  ထုဆစ်ထားသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ပုံတော်တူ ဆင်းတုတော်တစ်ဆူ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး       မှန် ပေါင်သွင်း ဓာတ်ပုံတစ်ပုံ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး      နှင့် သာသနိက     အဆောက်အဦများ ဆိုင်ရာ သမိုင်းကြောင်း ပါဝင်သည့် CD တစ်ချပ်နှင့် ငွေကျပ် ၁၂ သိန်း တန်ဖိုးရှိ Creamy Paper ဖြင့် ရိုက်နှိပ်ထားပြီး ပါဠိ၊ ရိုမန်အက္ခရာ နှစ်မျိုးတို့ဖြင့်    ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ     ပိဋကတ်ပါဠိ တော် ၅၃ ကျမ်း အုပ် (၄၀) တစ်စုံ တို့ကို အမှတ်တရ ဓမ္မလက်ဆောင် အဖြစ် ဂုဏ်ပြုပေးအပ်ပြီး အဆိုပါ ပိဋကတ်          ပါဠိတော်ကျမ်းကို ဦးကျော်ဝဏ္ဏနှင့်  ဇနီး  ဒေါ်နွယ်နီ ဝင်း  မိသားစုအမည်ဖြင့် ကမ္ပည်း ရေးထိုးထားကာ       လှူဒါန်းလို သော ဘုန်းတော်ကြီးကျောင်းသို့ ကိုယ်တိုင်လှူဒါန်းနိုင်ရန်  တစ်ပါ တည်း     စီစဉ်ပေးထားကြောင်း သိရှိရသည်။
မာရဝိဇယ ရုပ်ပွားတော်မြတ် ကြီးသို့    လာရောက်ဖူးမြော်ကြ သူများအနက်    ဦးရေ   တစ်သန်း ပြည့်မြောက်သူ ဘုရားဖူးပြည်သူ ဦးကျော်ဝဏ္ဏနှင့်      မိသားစုဝင် များ၏   ကြည်နူးပီတိ   စကားသံ များကိုလည်း  ယခုလို   ကြားသိရ သည်။


ဦးကျော်ဝဏ္ဏ 
(ဦးရေတစ်သန်းမြောက် 
ဘုရားဖူးပြည်သူ)


သီတင်းကျွတ် ရုံးပိတ်ရက်မှာ  ဒီနေပြည်တော်မှာရှိတဲ့     အစ်မတို့ ဆီကို   အလည်လာရင်းနဲ့   ဒီနေ့ မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးကို လာရောက်ဖူးမြော်တာဖြစ် ပါတယ်။ ကျွန်တော်တို့က ရန်ကုန် တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကနေ   မိသားစုနဲ့အတူ    အခုလို လာရောက်     ဖူးမြော်တာဖြစ်ပါ တယ်။   ဒီဘုရားကြီးကို  ရောက် တော့ ဝင်ခွင့်ကတ်ထုတ်တဲ့ နေရာ မှာ     တိုက်ပုံအင်္ကျီနဲ့      ဦးလေး တစ်ယောက်က        ကျွန်တော့်ကို လက်ဆွဲ         နှုတ်ဆက်ပါတယ်။ ဒီဘုရားကြီးရဲ့ ဂေါပကလို့ပြော ပါတယ်။ ဒီမာရဝိဇယ ဘုရားကြီး ကို  လာရောက်  ဘုရားဖူးပြည်သူ များအနက်       ဒီနေ့ကျွန်တော် ရောက်ရှိကြောင်း       စာရင်းသွင်း ကတ်ပြားထုတ်တဲ့       အချိန်မှာ အယောက်တစ်သန်းမြောက် ဘုရား ဖူး    ပြည်သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုကံထူးသူအဖြစ်  စာရင်းဝင်သွားတဲ့အတွက်ကြောင့် အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါ တယ်။ ဒီလိုအယောက် တစ်သန်း မြောက် ကံထူးရှင်ဖြစ်တဲ့  အချိန် မှာ      ကျွန်တော်တို့မိသားစုကို အခမ်းအနားနဲ့ ဂုဏ်ပြုကာ ဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က မာရဝိဇယရုပ်ပွားတော်မြတ် ကြီးနဲ့ သာသနိက အဆောက်အဦ များဆိုင်ရာ သိမှတ်ဖွယ်ရာများကို ရှင်းလင်းပြောပြပါတယ်။ ဘုရားဖူး ပြည်သူများ    တစ်နေ့   တစ်နေ့ တိုးတက်                များပြားလာတဲ့ အကြောင်းတွေကို ပြောပါတယ်။ ဒါ့အပြင် ဉာဏ်တော် ၉ လက်မ အမြင့်ရှိတဲ့   စကျင်ကျောက်ဖြင့် ထုဆစ်ထားတဲ့       မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး      ပုံတော် တူ   ဆင်းတုတော်တစ်ဆူ၊   မာရ ဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မှန်ပေါင်သွင်း     ဓာတ်ပုံတစ်ပုံ၊ မာရဝိဇယ   ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးနှင့်    သာသနိကအဆောက် အဦများဆိုင်ရာ   သမိုင်းကြောင်း ရှင်းလင်းချက်   CD     တစ်ချပ်၊ ငွေကျပ် ၁၂ သိန်းတန်ဖိုးရှိ Creamy Paper ဖြင့် ရိုက်နှိပ်ထားပြီး ပါဠိ/ရိုမန် အက္ခရာနှစ်မျိုးတို့ဖြင့် ပြုစု ထားသော      ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်   ပါဠိတော်  ၅၃  ကျမ်း အုပ်  (၄၀) တစ်စုံတို့ကို ဂုဏ်ပြု ပေးအပ်ပါတယ်။    အဲဒီအတွက် ကြောင့် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရပါတယ်။


ဦးသန့်ဆွေ


ကမ္ဘာပေါ်ရှိ       ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်    ဉာဏ်တော်     အမြင့်ဆုံး ဖြစ်တဲ့  နေပြည်တော်  ဗဟိုချက် မဆိုတဲ့    နေရာမှာ     တည်ထား ကိုးကွယ်ထားတဲ့  မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးရဲ့ သာသနိက အဆောက်အဦတွေကို နိုင်ငံတော် အကြီးအကဲလည်းဖြစ်၊ ဦးဆောင်  ဘုရားဒါယကာလည်း    ဖြစ်တဲ့ နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ         နိုင်ငံတော် ဝန်ကြီးချုပ်      ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်       ဦးစီးပြီးတော့ စနစ်တကျ              စီမံအကွက်ချ  တည်ဆောက်ပြီးစီးတဲ့နောက်မှာ သာသနာသက္ကရာဇ် ၂၅၆၇ ခုနှစ်၊ မြန်မာသက္ကရာဇ်  ၁၃၈၅  ခုနှစ် ဒုတိယ  ဝါဆိုလပြည့်နေ့က   ဗုဒ္ဓါ ဘိသေကအနေကဇာတင်၍ ဗုဒ္ဓ ဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော် တင်လှူပူဇော်ခြင်း နှင့်   ရေစက်ချ   အောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာအခမ်း အနားကို နိုင်ငံတော်ဩဝါဒါစရိယ  ဆရာတော်ကြီးများနှင့် ပြည်ပမှ  အထူးဖိတ်ကြားထားတဲ့ ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများ  အပါ အဝင် ဘုရားကြီးကို လှူဒါန်းကြတဲ့  အလှူရှင်များပါဝင်ပြီး   စည်ကား သိုက်မြိုက်စွာနဲ့ ကျင်းပအောင်မြင် ပြီးစီးခဲ့ပါတယ်။    အဲဒီနောက်မှာ ဘုရားဖူးပြည်သူများ    စိတ်အေး ချမ်းသာစွာနဲ့ ဖူးမြော်နိုင်ဖို့အတွက် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့ ကစပြီး စက်တင်ဘာလ ၃ ရက်နေ့ ထိ   အခမဲ့    ဝင်ရောက်ဖူးမြော် ခွင့်ပြုခဲ့ပါတယ်။       အဲဒီကာလ တစ်လျှောက်မှာ ၁၉.၈.၂၀၂၃ ရက် နေ့မှာ နိုင်ငံတော်အကြီးအကဲက ရဟန်း   ရှင်လူ  ဘုရားဖူးပြည်သူ များကို   ရင်းရင်းနှီးနှီး  လိုက်လံ နှုတ်ဆက်တဲ့နေ့မှာပဲ     လူဦးရေ ၉၇၀၀၀   ကျော်ရှိပြီး   အများဆုံး ဝင်‌ရောက်ဖူးမြော်ခဲ့တာကို တွေ့ရှိ ရပါတယ်။ ဒုတိယကတော့ ဩဂုတ် လ ၁၆ ရက်နေ့ကတော့ ၆၆၀၀၀ ကျော်ပေါ့။   အခမဲ့    ဝင်ရောက် ဖူးမြော်   ခွင့်ပြုတဲ့ကာလအတွင်း စက်တင်ဘာလ   ၃   ရက်နေ့အထိ ဘုရားဖူး    ဦးရေက     ၆၁၀၀၀၀ ကျော်ရှိပါတယ်။   အဲဒီနောက်မှာ စက်တင်ဘာလ  ၄  ရက်နေ့က စပြီး   နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့ ဘုရားဖူးပြည်သူ တွေကိုတော့ လွတ်လွတ်လပ်လပ်  အခမဲ့   ဖူးမြော်ခွင့်ပေးပြီးတော့ ကင်မရာပါတဲ့     တယ်လီဖုန်းကို တော့          သတ်မှတ်နှုန်းထား ကျပ်၁၀၀၀ နှုန်းနဲ့ ဘုရားကြီးစီမံ ထိန်းသိမ်းဖို့ အလှူတော်ငွေအဖြစ် ကောက်ခံခဲ့ရာ    လှူဒါန်းပူဇော် လိုတဲ့    ဘုရားဖူးများ    ဝင်ရောက် ဖူးမြော်ခဲ့ခြင်း           ဖြစ်ပါတယ်။  စက်တင်ဘာလ ၄ ရက်နေ့ကစပြီး ရပ်နီးရပ်ဝေး အနယ်နယ်အရပ်ရပ် က ဘုရားဖူးများဖြင့် ကြိတ်ကြိတ် တိုး    စည်ကားပြီး     လာရောက် ဖူးမြော်လျက်ရှိရာမှာ     သီတင်း ကျွတ် ရုံးပိတ်ရက်ကာလ အဖိတ် နေ့မှာ  ဘုရားဖူးဦးရေ   ၁၆၇၀၀ ကျော်   လာရောက်ဖူးမြော်ခဲ့ပါ တယ်။     သီတင်းကျွတ်လပြည့် နေ့မှာတော့ မာရဝိဇယဘုရားကြီး ရဲ့    ဗုဒ္ဓဥယျာဉ်တော်အတွင်းမှာ တခြား     တန်ခိုးကြီးဘုရားများ နည်းတူ    ဆီမီးများ    ပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ ဝတ်ရွတ် အသင်းတွေနဲ့ ရွတ်ဆိုခြင်းများကို လည်းပဲ  သုံးရက်တာ ဆောင်ရွက် ခဲ့ပါတယ်။   ဒါကြောင့်   ဘုရားဖူး ပြည်သူတွေဟာ     လပြည့်ညမှာ အထူး    စည်ကားလာပါတယ်။ ဘုရားဖူးဦးရေ   ၇၆၀၀၀   ကျော် လာရောက်      ဖူးမြော်ခဲ့ပါတယ်။ ဩဂုတ်လ    ၈      ရက်နေ့ကနေ သီတင်းကျွတ်    လပြည့်နေ့အထိ ဘုရားဖူးလူဦးရေ ၉၇၅၀၀၀ ကျော် ရှိခဲ့ပါတယ်။ လပြည့်ကျော် ၁ ရက် နေ့မှာပဲ   နိုင်ငံတော်ဝန်ကြီးချုပ် ရုံးမှ     ဘုရားဖူးပြည်သူ     ဦးရေ တစ်သန်းပြည့်မြောက်တဲ့ ဘုရားဖူး ပြည်သူကို    ဓမ္မလက်ဆောင်တွေ ပေးအပ်ဖို့အတွက်        သေချာ ရေတွက်ထားဖို့    လမ်းညွှန်ချက် လက်ခံရရှိပြီးနောက်     လပြည့် ကျော် ၁ ရက်နေ့ကစပြီး ဘုရားဖူး ပြည်သူဦး‌ရေကို      ကျွန်တော်တို့  သေချာ       ရေတွက်ခဲ့ပါတယ်။ လပြည့်နေ့ညမှာ ဦးရေ တစ်သန်း ပြည့်မီဖို့အတွက်     ၂၀၄၂      ဦး ကျန်ရှိတဲ့အတွက်   ယနေ့နံနက် ၆ နာရီကစပြီး ဘုရားဖူးဝင်ရောက် တဲ့  ဦးရေကို  စိစစ်ဆောင်ရွက်တဲ့ အခါ နံနက် ၁၀ နာရီမှာ ၂၀၂၇ ဦး ဆိုတော့ ၁၅ ဦးအလို ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ခန့်မှန်းချိန် ၁၀ နာရီ ၃   မိနစ်မှာ   ၁၅  ဦး   စိစစ်ပြီး ဝင်ရောက်မှုကို ဆောင်ရွက်လိုက် တဲ့အခါ      အခုဓမ္မလက်ဆောင် ဂုဏ်ပြုပေးအပ်ခြင်းခံရတဲ့ ဦးကျော် ဝဏ္ဏက ဦးရေ  တစ်သန်းမြောက် ဘုရားဖူးပြည်သူ   ဖြစ်ခဲ့ပါတယ်။ ဦးကျော်ဝဏ္ဏကို   ဂုဏ်ပြုဓမ္မဒါန လက်ဆောင်တွေကို  နိုင်ငံတော်   အကြီးအကဲရဲ့  ကိုယ်စား   ဘုရား ကြီးမှ       တာဝန်ရှိပုဂ္ဂိုလ်များက ချီးမြှင့်ခြင်း    ဖြစ်ပါတယ်။    မာရ ဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နဲ့တကွ  သာသနာ့အဆောက်အဦ များ၊  ဗုဒ္ဓဥယျာဉ်တော်ကလည်းပဲ       စတင်တည်ဆောက်ကတည်းက              နိုင်ငံတော်ရဲ့ ဘတ်ဂျက်နဲ့ အသုံး ပြုခြင်းမရှိဘဲ အများပြည်သူ ခုနစ် ရက်သားသမီးတွေရဲ့    စုပေါင်း အလှူနဲ့  တည်ဆောက်ထားတာ ဖြစ်ပြီး  အခုလို ပြည်သူအားလုံး          ဖူးမြော်ပြီး ကြည်ညိုသဒ္ဓါ  ပွားများ ကြရတာ ဖြစ်ပါတယ်။ ဒါလည်းပဲ ကျွန်တော်တို့ရဲ့  သတ်မှတ်ပြဋ္ဌာန်း ထားတဲ့  ရည်ရွယ်ချက်  ၄  ရပ်နဲ့ အညီ ကမ္ဘာတည်သရွေ့ ထွန်းလင်း တောက်ပ တည်တံ့ခိုင်မြဲနေစေဖို့ အတွက်   ရဟန်းရှင်လူ   ဘုရားဖူး ပြည်သူတွေရဲ့  အလှူဒါနတွေနဲ့  ဆက်လက်ပြီးတော့       ရေရှည် တည်တံ့ခိုင်မြဲရေးအတွက်    စီမံ ထိန်းသိမ်းမွမ်းမံ ဆောင်ရွက်သွား ရမှာဖြစ်တဲ့အတွက်       ဘုရားဖူး ပြည်သူများတွေ    အနေနဲ့လည်း စိတ်အေးချမ်းသာစွာ လာရောက် ဖူးမြော်နိုင်ကြဖို့၊     ကြည်ညိုသဒ္ဓါ   ပွားများစေကြဖို့ ဆုမွန်ကောင်း   ပို့သအပ်ပါတယ် ခင်ဗျာ။


ဒေါ်နွယ်နီဝင်း 


ကျွန်မကတော့ ကိုကျော်ဝဏ္ဏ ရဲ့ ဇနီး ဒေါ်နွယ်နီဝင်း ဖြစ်ပါတယ်။ ကျွန်မတို့ မိသားစုက  ရန်ကုန်က ဖြစ်ပါတယ်။     ဒီသီတင်းကျွတ် ရုံးပိတ်ရက်မှာ     နေပြည်တော် မှာရှိတဲ့   အစ်မတို့ဆီကို    အလည် လာရောက်ရင်းနဲ့      မာရဝိဇယ ဘုရားကြီးကို လာရောက်ဖူးမြော် တာပါ။     ဘုရားကြီးက     အလွန် သပ္ပာယ်ပါတယ်။     ဘုရားရင်ပြင် တော်ပေါ်တက်လိုက်တာနဲ့ အလွန် အေးချမ်းတယ်။    ဒီနေ့ကျွန်မ အမျိုးသားက    ဘုရားဖူးပြည်သူ  ဦးရေ တစ်သန်းမြောက်  ဘုရားဖူး ပြည်သူ ဖြစ်ခွင့်ရခဲ့တယ်။ အလွန် ဂုဏ်ယူပါတယ်။       ဂေါပကရုံး တာဝန်ရှိသူတွေကိုလည်း ကျေးဇူး တင်ပါတယ်။     မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို     တည် ထားကိုးကွယ်ခဲ့တဲ့      နိုင်ငံတော် အကြီးအကဲကိုလည်း     အထူးပဲ ကျေးဇူးတင်ကြောင်း  ပြောလိုပါ တယ်။    ဒီမာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို    အနယ်နယ် အရပ်ရပ်က   ဘုရားဖူးပြည်သူ တွေလည်း လာရောက်ဖူးမြော်ကြ ဖို့ ဖိတ်ခေါ်ပါတယ်။


ဦးသန်းထက်အောင်


ကျွန်တော်    ဘုရားဖူး     လာ ရောက်ဖြစ်တာဆိုရင်      ငါးကြိမ် မြောက်ရှိပါပြီ ။ ဖူးလို့ကို မဝပါဘူး။ စိတ်ထဲလည်း ကြည်နူးပီတိဖြစ်ရပါ တယ်။ ကျွန်တော့်ရဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ ဝန်ထမ်းတွေကို နေပြည်တော်မှာရှိတဲ့ ဘုရားတွေ ကို   လိုက်ပို့တိုင်း    ဒီမာရဝိဇယ ဘုရားကြီးကို လိုက်ပို့ဖြစ်တယ်။  အခြား     အထင်ကရဘုရားတွေ လည်းလိုက်ပို့ဖြစ်တယ်။ ကျွန်တော့် ဆီကိုလာတဲ့သူတိုင်းကို    ဘုရား မဖူးဘဲ ပြန်မလွှတ်တဲ့ သဘောမျိုး ဖြစ်အောင်ကို     ပို့ဖြစ်ပါတယ်။  အနယ်နယ်အရပ်ရပ်က ဘုရားဖူး မိတ်ဆွေတွေလည်း ကုသိုလ်လာယူ ပြီးတော့     ဒီလိုဖူးမြော်ချင်တယ် ဆိုရင်တော့      နေပြည်တော်မှာ လာရောက်လည်ပတ်ရင်းနဲ့ အထင် ကရဘုရားတွေ၊ စေတီပုထိုးတွေ အများကြီးရှိပါတယ်။ လာရောက် ဖူးမြော်ဖို့လည်း  ဖိတ်ခေါ်ပါတယ်။  နေပြည်တော်မှာ    တန်ခိုးကြီး ဘုရားတွေ အများကြီးရှိတဲ့ အထဲ မှာ  ထူးခြားမှုအနေနဲ့     မာရဝိဇယ ဗုဒ္ဓ   ရုပ်ပွားတော်မြတ်ကြီးဟာ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက် ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက်      ဉာဏ်တော်အမြင့်ဆုံး       ဘုရား ကြီး      ဖြစ်ပါတယ်။    မြန်မာမှု လက်ရာတွေလည်း     အများကြီး ရှိပါတယ်။   ဘုရားဖူး   ပြည်သူ တွေအနေနဲ့     ကြည်ညိုသဒ္ဓါပွား ဖို့လည်း      ကောင်းပါတယ်။   လာရောက်ဖူးမြော်သူတွေအနေနဲ့ လည်း      ဘုရားကြီးရဲ့     ရုပ်ပွား တော်ကို   ဖူးမြော်လိုက်ရခြင်းဖြင့်   ရင်ထဲမှာ  အေးချမ်းမှု၊ ပီတိဖြစ်မှုနဲ့ သဒ္ဓါပွားမှုတွေ အများကြီးဖြစ်ပေါ် ပါတယ်။


ဒေါ်တင်မိုးခိုင်


ရန်ကုန်က       မောင်လေးတို့ မိသားစု     နေပြည်တော်ကိုလာ တော့    မာရဝိဇယဘုရားကြီးကို  လိုက်ပို့တာပါ။ မနေ့ကတည်းက လာဖို့ကို            မလာဖြစ်ခဲ့တာပါ။ ဒီနေ့မှ မနက်စောကြီးထပြီးတော့ မနက်စာစားပြီး လာခဲ့ကြတာပါ။ မာရဝိဇယဘုရားကြီး       မပြီးခင် ကတည်းက         ဖူးချင်နေတာ။ ပထမဦးဆုံး ဖွင့်တဲ့နေ့ကလည်း  လာရောက်     ဖူးမြော်ခဲ့ပါတယ်။ ဒီနေ့လည်း နိဗ္ဗာန်ထောက်ပံ့နိုင်ဖို့ ကိုယ့်ရဲ့ မောင်လေးကို ထောက်ပံ့ ပေးတာ။   အခုလိုမျိုး    ဘုရားဖူး ပြည်သူ ဦးရေတစ်သန်းမြောက် ဘုရားဖူးပြည်သူ ဖြစ်တဲ့အတွက် အလွန်    ဝမ်းမြောက်မိပါတယ်။   အလွန်လည်း   ကြည်နူးမိပါတယ်။      မနက်ကတည်းက     အစောကြီး ထပြီးတော့ မာရဝိဇယဘုရားကြီး ကို  ဖူးမြော်စေချင်လို့  လာရောက်     ပို့ပေးဖြစ်တာပါ။     မထင်မှတ်ဘဲ အခုလိုမျိုး    ဖြစ်သွားတဲ့အတွက်     အိပ်မက်လားလို့တောင်     ထင်မိ ပါတယ်။   မာရဝိဇယ ဘုရားကြီးမှာ ရှိတဲ့ ဂေါပက အဖွဲ့ဝင်တွေကလည်း            ဖော်ရွေကြပါတယ်။    ဧည့်ဝတ် လည်း   ကျေပါတယ်။   ဘုရား တွေကို  စုံအောင်  လိုက်ပြပေးတဲ့ အတွက်     ဝမ်းသာပီတိ     ဖြစ်ရ ပါတယ်။ 


သတင်းစဉ်