
ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓ ဥယျာဉ်ဝတ္ထုကံတော်တွင် တည် ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက် ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ရဟန်းရှင်လူ အများ ပြည်သူများ ဖူးမြော်ကြည်ညိုနိုင် ရေးအတွက် ဩဂုတ် ၈ ရက်မှ စတင်၍ ၁၆ ရက်အထိ လုံခြုံရေး အရ လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ကာ အခမဲ့ဝင်ရောက် ဖူးမြော် ခွင့်ပြုသွားမည်ဖြစ် ကြောင်း အသိပေးနှိုးဆော်ထားရှိ ခဲ့သည်။
ထို့ကြောင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက် ဖူးမြော်ကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်း ရှင်လူ ဘုရားဖူးပြည်သူများဖြင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း အထူး စည်ကား များပြားလျက်ရှိပြီး အဆိုပါ ဘုရားဖူးပြည်သူများနှင့် တွေ့ဆုံ၍ ကြည်ညိုသပ္ပာယ်လှ သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ကိုယ်တိုင်ကိုယ်ကျ ဖူးမြင်ခဲ့ရသည့် ရင်တွင်းဝမ်းသာ ပီတိစကားသံများကို ရေးသား ဝေမျှလိုက်ရပါသည်။
ဦးဝင်းမောင် (ပျော်ဘွယ်မြို့)
ဘုရားကြီး ဖူးမြော်ခွင့်ပြုတဲ့ မနေ့ကတည်းက လာဖို့စီစဉ်ထား ပေမယ့် အလုပ်ကိစ္စလေးတွေ ပေါ်လာခဲ့လို့ ဒီနေ့မှ လာရောက် ဖူးမြော်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်က ကလေးတွေကို အခမဲ့စာသင်ပေးနေတဲ့ ဆရာ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားကြီးကို ဖူးမြော်ဖို့ ကလေးတွေနဲ့အတူ လာရောက် ခြင်းဖြစ်ပါတယ်။ သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေကနေ ဘုရား ကြီးကို ဖူးမြော်ခဲ့ရပေမယ့် အခုလို ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်လိုက် ရတဲ့အခါ ရင်ထဲမှာ ပြောမပြတတ် အောင် ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက်လည်း အင်မတန် ဂုဏ်ယူမိပါတယ်။
နောက်ပြီး ဘုရားကြီးက ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်တွေ အနက် ဉာဏ်တော်အမြင့်ဆုံး လည်း ဖြစ်တယ်လို့ သိရှိရပါတယ်။ ဒီလိုမျိုး ကြည်ညိုသပ္ပာယ်ဖို့ကောင်း တဲ့ ဘုရားကြီးကို တည်ဆောက် ပူဇော်ပေးကြတဲ့ တာဝန်ရှိသူတွေ အားလုံးကို ဗုဒ္ဓဘာသာဝင်တွေ ကိုယ်စား ကျွန်တော်က အထူး ကျေးဇူးတင်ရှိ ပါတယ်လို့လည်း ပြောလိုပါတယ်။ ဗုဒ္ဓဥယျာဉ်တော် အတွင်းမှာ တည်ဆောက်ထားတဲ့ သာသနိက အဆောက်အအုံတွေ ဟာလည်း ဗိသုကာအဆင့်အတန်း အတော်လေးမြင့်မားတာကို တွေ့ရ ပါတယ်။ ဒါကြောင့် ရပ်ဝေး၊ ရပ်နီး က ဓမ္မမိတ်ဆွေတွေအနေနဲ့ ထူးကဲ စွာဖူးတွေ့ရမယ့် မာရဝိဇယဘုရား ကြီးကို လာရောက်ဖူးမြော်ကြပါလို့ တိုက်တွန်းလိုပါတယ်။
ဒေါ်လှလှဆင့်(နေပြည်တော်)
ကျွန်မအနေနဲ့ ဒီဘုရားကြီး စတင်တည်ဆောက် ပူဇော်မယ် ဆိုကတည်းက ကြည်ညိုလွန်းလို့ အလှူငွေတွေ လှူဒါန်းပြီး ဌာပနာ သွင်းတဲ့အချိန်မှာလည်း လက်ဝတ် ရတနာတွေ လှူဒါန်းခဲ့ပါတယ်။ ဘုရားကြီးကို ဖူးမြော်ခွင့်ပြုတဲ့ အခါမှာလည်း ဖူးမြော်ချင်လွန်းလို့ လာရောက်ဖူးမြော်ကြတာ ဖြစ်ပါ တယ်။ ဘုရားမုခ်ဦးကို စရောက်တဲ့ အခါမှာ တာဝန်ရှိသူတွေက လုံခြုံ ရေးအရ စနစ်တကျ စစ်ဆေး ဆောင်ရွက်ပေးတဲ့အတွက်လည်း သဘောကျမိပါတယ်။ ဘုရားကြီး ပရိဝုဏ်ထဲကို ဝင်ရောက်တဲ့အခါ မှာ ကြီးကျယ်ခမ်းနားစွာတည် ဆောက်ထားတဲ့ သာသနိက အဆောက်အအုံတွေကို မြင်မိပြီး အတော်လေး အံ့ဩမိသွားပါတယ်။ ရုပ်မြင်သံကြားမှာပဲ မြင်ဖူးတဲ့ဘုရား ကြီးကို အခုလက်တွေ့မျက်မြင် ဖူးတွေ့လိုက်ရတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။ ဘုရားဖူး တွေ အေးအေးဆေးဆေးနားနေဖို့ အဆောင်တွေကိုလည်း စနစ်တကျ ထည့်သွင်းထားတဲ့အတွက် ဘုရား ဖူးရင်း မိသားစုလိုက်အနားယူ အပန်းဖြေဖြစ်ခဲ့ကြပါတယ်။
ကျောက်စာရုံစေတီမှာ ထည့် သွင်းရေးထိုးထားတဲ့ ပိဋကတ် သုံးပုံကျမ်းစာတွေကို သွားရောက် ဖူးမြော်လေ့လာရင်း ဗုဒ္ဓဘာသာ ရေရှည်တည်တံ့အောင် ဆောင်ရွက် ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ မိုးတွေ ရွာနေပေမယ့်လည်း ဘုရားကြီး ကို ဖူးမြော်ချင်တဲ့ စိတ်တစ်ခုတည်း နဲ့ စိတ်တူကိုယ်တူလာရောက်ကြသူတွေကိုမြင်တွေ့ပြီး ဝမ်းသာ ပီတိဖြစ်လို့ မျက်ရည်တောင်ကျမိ ပါတယ်။ ဒါကြောင့် ခုနစ်ရက်သား သမီးတွေအနေနဲ့ ထူးခြားမှုတွေနဲ့ ပြည့်စုံနေတဲ့ ဘုရားကြီးကို လာ ရောက်ဖူးမြော်ကြစေလိုပါတယ်။
ဦးစိုးဝင်းထွန်း ( ပျော်ဘွယ်မြို့)
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ဆောက်နေတာ တွေကို မြန်မာ့အသံနှင့် ရုပ်မြင် သံကြားကနေ ထုတ်လွှင့်ကတည်း က ဘုရားကြီးတည်ဆောက်ပြီးတဲ့ အချိန်မှာ သွားရောက်ဖူးမြော်မယ် လို့ အားခဲထားတာပါ။ ဘုရားကြီး ကို မနေ့ကစပြီး ဖူးမြော်လို့ရပြီဆို လို့ ဒီနေ့မှာ မိုးရွာနေတဲ့ကြားထဲက ပျော်ဘွယ်ကနေ ဆိုင်ကယ်နဲ့ လာရောက်ဖူးမြော်တာပါ။ ဘုရား ကြီးကို ဖူးမြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော်လာရကျိုး နပ်သွားပြီ လို့ စိတ်ထဲမှာ ခံစားမိသွားတယ်။ ဘုရားကြီးဟာ ကမ္ဘာမှာလည်း အကြီးဆုံး စကျင်ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်ကြီး ဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါကြောင့် ကျွန်တော် တို့အတွက် အင်မတန်မှ ဝမ်းသာ ဂုဏ်ယူမဆုံး ဖြစ်ရပါတယ်။ ကျောက်စာရုံစေတီတွေ တည် ဆောက် ပူဇော်ထားမှုကလည်း ကျွန်တော့်အတွက်တော့ အံ့မခန်း ဖြစ်မိပါတယ်။ ဘုရားကြီးကို တည်ဆောက်ပူဇော်ပေးတဲ့ တာဝန် ရှိသူတွေအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။ မြန်မာပြည်အရပ် ရပ်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကို လာရောက်ဖူးမြော်ကြည်ညို ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ဦးသန်းထွန်း (သာစည်မြို့)
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို ဖူးမြော်လို့ ရပြီဆို တဲ့သတင်း ကြားကြားချင်းမှာ အင်မတန်မှ ဝမ်းသာမိပါတယ်။ ဒါကြောင့် မနက်အစောပိုင်းမှာပဲ အိမ်နီးချင်းတွေနဲ့ ဆွေမျိုးတွေ စုပြီး ကားနဲ့လာရောက်ဖူးမြော် ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အသက်အရွယ်ကလည်း ကြီးပြီ ဆိုတော့ တစ်သက်မှာတစ်ခါ အခုလိုဘုရားကြီးကို ဖူးမြော်ခွင့် ရလို့ ဝမ်းသာပီတိဖြစ်မိပါတယ်။ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို စကျင်ကျောက်တွေနဲ့ ထုဆစ်ထား တဲ့အတွက် ကျွန်တော်တို့တစ်သက် ဖူးမြော်ခဲ့ရတဲ့ ဘုရားတွေထဲမှာ အင်မတန်မှ ထူးခြားသပ္ပာယ်ပါ တယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုး တွေအတွက်လည်း ဒီဘုရားကြီး ဟာ သမိုင်းအစဉ်အဆက် ဂုဏ်ယူ စရာကောင်းတဲ့ ဘုရားကြီးတစ်ဆူ ဖြစ်လာမှာပါ။ ဘုရားကြီးတည် ဖို့ စကျင်ကျောက်ကို ရေလမ်း ကြောင်း၊ ကုန်းလမ်းကြောင်း အဆင့်ဆင့်နဲ့ ခက်ခက်ခဲခဲ တည် ထားပူဇော်ရတယ်လို့လည်း သိရှိ ခဲ့ရပါတယ်။ ဒီလို အခက်အခဲ အမျိုးမျိုးကို ကျော်လွှားပြီး ကြည်ညိုသပ္ပာယ်စရာ ကောင်း လွန်းလှတဲ့ ဘုရားကြီးကို တည် ဆောက်ပူဇော်ခဲ့တဲ့ တာဝန်ရှိသူ အားလုံးကို ကျွန်တော်တို့ ဗုဒ္ဓ ဘာသာဝင်တွေကိုယ်စား ကျေးဇူး တင်ရှိပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို ပြည်သူတွေအနေ နဲ့ လာရောက်ဖူးမြော် ကြည်ညို ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ဒေါ်ပြုံးပြုံးလွင် (နေပြည်တော်)
အရင်ဆုံး ကျွန်မအနေနဲ့ သမိုင်းဝင်မယ့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို တည်ထား ပူဇော်ပေးကြသူတွေ အားလုံး ကို ကျေးဇူးတင်လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဘုရား ကြီး တည်ထားပူဇော်ဖို့ဆိုတာ တော်ရုံတန်ရုံ ဇွဲရှိရုံနဲ့ မဖြစ်နိုင်ပါ ဘူး။ အင်မတန်မှ ကြည်ညိုသပ္ပာယ် ချင်စရာ ကောင်းတယ်ဆိုတာ ကိုယ်တိုင်ဖူးမြော်ဖူးမှ သိမှာဖြစ်ပါ တယ်။ ဒါ့အပြင် ဘုရားကြီးကို စကျင်ကျောက်နဲ့ပဲ ထုဆစ်ပူဇော် ထားတဲ့အတွက် ကမ္ဘာမှာအကြီး ဆုံး ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်သလို ကြီးကျယ်ခမ်းနား ထည်ဝါပြီး ကြည်ညိုသပ္ပာယ်ဖို့ ကောင်းပါတယ်။ ဘုရားကြီးကို အခက်အခဲတွေ ကြားထဲကနေ ထုဆစ်ပြီး အခုလို ဖူးမြော်ဖို့ အတွက် ရေလမ်း၊ ကုန်လမ်းက နေ သယ်ဆောင်ခဲ့တဲ့ သာ့သနာ အကျိုးဆောင်တွေနဲ့ အလှူရှင် တွေအားလုံးအတွက် ပြည်သူ တစ်ယောက်အနေနဲ့ ဝမ်းသာ ဂုဏ်ယူမိပါတယ်။
ဦးတင်ထွဋ်(နေပြည်တော်)
ဒီလို ကြည်ညိုသပ္ပာယ်ဖို့ ကောင်းတဲ့ဘုရားကြီးကို ဖူးမြော် ခွင့်ရလိမ့်မယ်လို့ ကျွန်တော့်ဘဝ မှာ မထင်ခဲ့ပါဘူး။ အခု ကိုယ်တိုင် ဖူးတွေ့ခဲ့ရတော့ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဘုရားကြီးတည်ထား ပူဇော်ထားတဲ့ ဗုဒ္ဓဥယျာဉ်အတွင်း မှာလည်း ဘုရား၊ ကျောင်းကန်၊ သာသနိက အဆောက်အအုံတွေ ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ နောက်ပြီး ဗုဒ္ဓရဲ့အဆုံးအမတွေကို ဒီဘုရားကြီးမှာ အများကြီးတွေ့ခဲ့ရ ပါတယ်။ ကျောက်စာရုံစေတီတွေ မှာလည်း ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာ ဋီကာကျမ်းစာတွေကို ရေးထိုးထားတဲ့အတွက် ဗုဒ္ဓဘာသာ ရဲ့အမွေအနှစ် အစစ်အမှန်တွေ ကို ဖော်ပြထားတဲ့ နေရာကြီး တစ်နေရာဆိုလည်း မမှားပါဘူး။ တည်ဆောက်ထားတဲ့ ဗိသုကာ လက်ရာ ဟန်ပန်တွေကလည်း အဆင့်အတန်း မြင့်မားပါတယ်။ နောက်ရက်တွေမှာလည်း မိသားစု နဲ့အတူ အသေးစိတ်လေ့လာဖို့ အတွက် နောက်တစ်ခေါက် လာရောက်ဖူးမြော်မှာ ဖြစ်သလို ပြည်သူများ အနေနဲ့လည်း လာရောက်ဖူးမြော်ကြဖို့ တိုက်တွန်း လိုပါတယ်။
ဒေါ်ဝတ်ရည်ထွေး(နေပြည်တော်)
ဘုရားကြီးကို စတင်ဖူးမြော် ခွင့်ပြုတော့မယ်လို့ ကြားကတည်း က အလွန်ဖူးမြော်ချင်စိတ် ဖြစ်ပေါ် နေခဲ့တာပါ။ ဒီနေ့တော့ မိုးရွာနေ တဲ့ကြားထဲက မရောက်ရောက် အောင် လာရောက်ဖူးမြော်ခြင်း ဖြစ်ပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေထဲမှာတော့ ဖူးတွေ့ ခဲ့ရပေမယ့် အခုအပြင်မှာ ဖူးမြင် ရတော့ လွန်စွာသပ္ပာယ် ကြည်ညို လှပါတယ်။ နောက်ပြီး မသန်စွမ်း တွေနဲ့ သက်ကြီးဘိုးဘွားတွေ ဘုရားရင်ပြင်ပေါ်ကိုတက်ရောက် ပြီး ဖူးမြော်နိုင်ဖို့ စက်လှေကား စီစဉ်ပေးထားမှုကလည်း အတော် လေး အဆင်ပြေပါတယ်။ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးရဲ့ ပတ်ပတ် လည်မှာရှိတဲ့ ဂန္ဓကုဋိတိုက်အတွင်း မှာလည်း ၅၅၀ ဇာတ်နိပါတ်တော် ကို ပြသထားခြင်းဟာလည်း ဗုဒ္ဓ ဘာသာရဲ့အနှစ်သာရကို ထင်ဟပ် စေပါတယ်။ ကျောက်စာရုံစေတီ မှာဆိုလည်း လေ့လာစရာတွေ အများကြီးရှိနေပါတယ်။ ကျောက် စာရုံစေတီတွေ ဘက်ကနေလည်း ဘုရားကြီးကို ဖူးမြော်လို့ရအောင် တည်ဆောက်ထားတဲ့ အတတ် ပညာကလည်း ထူးခြားပါတယ်။ ဒါကြောင့် အနယ်နယ်အရပ်ရပ် က မိတ်ဆွေ၊ သူငယ်ချင်းတွေ လာရောက်ဖူးမြော်ကြဖို့ နှိုးဆော် လိုပါတယ်။
ကိုသက်နိုင်စိုး(နေပြည်တော်)
ဒီဘုရားကြီးက ကျွန်တော်တို့ နေပြည်တော်အတွက် ဂုဏ်ယူ စရာတစ်ခုဖြစ်ပါတယ်။ နောက်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်တွေထဲ မှာ ဉာဏ်တော်အမြင့်ဆုံးဘုရား ကြီးဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အတွက်လည်း ဂုဏ်ယူစရာအဖြစ် ပေါ်ထွန်းလာခဲ့သလို ဘာသာရေး အတွက်လည်း အဖိုးမဖြတ်နိုင်တဲ့ ဘုရားကြီးတစ်ဆူ ဖြစ်ပါတယ်။ ဘုရားကြီးကို နေပြည်တော် ပတ်ဝန်းကျင်မြို့နယ်က ဒေသခံ တွေအပြင် တခြားတိုင်းဒေသကြီး နဲ့ ပြည်နယ်တွေက ဘုရားဖူး ပြည်သူတွေလည်း တစ်ခဲနက် လာရောက် ဖူးမြော်ကြတာကို ဝမ်းသာဖွယ်ရာ တွေ့မြင်ရပါတယ်။ အနယ်နယ်အရပ်ရပ်က ဘုရားဖူး ပြည်သူတွေအနေနဲ့ ဒီဘုရားကြီး ကို ဖူးမြော်ပြီး နေပြည်တော်က အထင်ကရ နေရာတွေကိုလည်း လာရောက် လည်ပတ်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။
တွေ့ဆုံမေးမြန်း - အောင်ဟိန်း
ဓာတ်ပုံ - ဟိန်းအောင်