
နေပြည်တော် နိုဝင်ဘာ ၂၅
ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး တန်ဆောင်တိုင်မီးထွန်းပွဲ တော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ် တော်အတွင်းရှိ ရေပန်းရင်ပြင် တော်၌ စည်ကားသိုက်မြိုက်စွာ ဖြင့် ကျင်းပပြုလုပ်သည်။
လာရောက်ကြည့်ရှု
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီအတွင်း ရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး ဘုရား ဖူးလာ ရဟန်းရှင်လူပြည်သူများက လည်း စည်ကားများပြားစွာ လာရောက်ကြည့်ရှုကြသည်။
ကြိုဆို
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနားကျင်းပမည့်နေရာသို့ရောက်ရှိကြရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုင်းရင်းသား၊ တိုင်းရင်းသူများက မီးကြာခွက် များ ကိုင်ဆောင်၍ လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ယဉ်ကျေးမှုအဖွဲ့များက ဦးရွှေရိုး ဒေါ်မိုးအက၊ အိုးစည်ဒိုးပတ်များ တီးမှုတ်၍လည်းကောင်း ကြိုဆို ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ကြည့်ရှုအားပေး
ထိုသို့ ဖဲကြိုးဖြတ်ဖွင့်လှစ် သည်နှင့်တစ်ပြိုင်နက် မီးပုံးပျံငယ် အလုံး ၄၅၀ ကို တစ်ပြိုင်တည်း လွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများပစ်ဖောက်ခြင်းနှင့် မြိုင်မြိုင် ဆိုင်ဆိုင် လတန်ဆောင်တိုင် တေးသီချင်းဖြင့် ကပြဖျော်ဖြေ ခြင်းများနှင့် အာရောဂျံ စိန်နားပန် မီးပုံးပျံ လွှတ်တင်ခြင်းများကို ဆောင်ရွက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြ သူများက ကြည့်ရှုအားပေးကြ သည်။
မီးပုံးပျံလွှတ်တင်
ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြ သူများသည် စွမ်းအားရှင်(၁) ညမီး ကြီး မီးပုံးပျံလွှတ်တင်မှု၊ သစ္စာ မဏ္ဍိုင် စိန်နားပန်မီးပုံးပျံလွှတ်တင် မှု၊ အားမာန်သစ်ညမီးကြီးမီးပုံးပျံ လွှတ်တင်မှု၊ အောင်မြင်ခြင်း မိုးကောင်းကင် စိန်နားပန်မီးပုံးပျံ လွှတ်တင်မှုနှင့် ဆင်နှစ်ကောင် စိန်နားပန် မီးပုံးပျံလွှတ်တင်မှုများ ကို ကြည့်ရှုအားပေးကြသည်။
မီးပုံးပျံများ လွှတ်တင်ရန် ပြင်ဆင်မှုများ ဆောင်ရွက်နေချိန် တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ် တေးဂီတအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး မြဝတီတေးဂီတအဖွဲ့တို့မှ အနု ပညာရှင်များနှင့် ပြင်ပအနုပညာ ရှင်များက ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေ တင်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်၍ ရင်ပြင်တော်ကြီး ပေါ်၌ လှည့်လည်ဖူးမြော်ကြည် ညို၍ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်ဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက်လာကြသူများ နှင့်အတူဆီမီး ၃၆၀၀ကို အတူ တကွ ထွန်းညှိပူဇော်ကြသည်။
ခင်မင်ရင်းနှီးစွာဖြင့်နှုတ်ဆက်
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ သည် ရင်ပြင်တော်ကြီးနှင့် ကျောက်စာရုံ စေတီတော်များ အတွင်း လှည့်လည်ဖူးမြော်၍ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး တန်ဆောင်တိုင်မီးထွန်းပွဲ တော်သို့ လာရောက်ကြသူများနှင့် ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူ များအား ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်ခဲ့ကြသည်။
လာရောက်ဖူးမြော်နိုင်
ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော် အခါ သမယအဖြစ် တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ပွဲတော်ကာလ အတွင်း ဆီမီး ၉၀၀၀ ကပ်လှူ ပူဇော်ခြင်း၊ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်း အဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီး ကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ ပထမ အကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ် ကပ်လှူပူဇော်ခြင်းများ ကို ဆောင်ရွက်သွားမည်ဖြစ်သည့် အပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် အတွင်း LED မီးများဖြင့် အလှဆင် ပူဇော်ထားရှိခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းအရောင်းဆိုင် ခန်းများ၊ ဒေသထွက်မြန်မာ့ရိုးရာမုန့်ဆိုင်များ ခင်းကျင်းပြသ ရောင်းချသွားမည် ဖြစ်သဖြင့် အများပြည်သူများအနေဖြင့် လာ ရောက်ဖူးမြော် ကြည်ညိုနိုင် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်