
နေပြည်တော် နိုဝင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓ ဥယျာဉ်ဝတ္ထုကံတော်တွင် တည် ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက် ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ တန်ဆောင်တိုင် မီးထွန်း ပွဲတော်ကာလအတွင်း မီးပုံးပျံ လွှတ်တင်ပူဇော်ခြင်း အခမ်းအနား ကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက် အထိ သုံးရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပပူဇော်ခဲ့ရာ အဆိုပါအခမ်းအနားတွင် ပါဝင် ဆောင်ရွက်ခဲ့ကြသော မီးပုံးပျံ လွှတ်တင်ပေးသည့် တောင်ကြီး မြို့မှ မီးပုံးပျံပညာရှင်အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေး စခန်း(ရွာတော်)ရှိ ဆင်ဖြူရှင်ခန်းမ ၌ ကျင်းပပြုလုပ်သည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာန များ၊ နေပြည်တော်ကောင်စီ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နှင့် မြန်မာစီးပွားရေးကော်ပိုရေး ရှင်းတို့မှ တာဝန်ရှိသူများ၊ အခမ်း အနားတွင် ပါဝင်ကူညီဆောင်ရွက် ခဲ့ကြသည့် တောင်ကြီး မီးပုံးပျံ လွှတ်တင်သည့်အဖွဲ့များ၊အထောက် အကူပြုအဖွဲ့များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြသည်။
အောင်မြင်စွာဆောင်ရွက်နိုင်
ရှေးဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောက ဂုဏ်ပြု အမှာစကား ပြောကြားရာတွင် နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့ သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ တန်ဆောင်တိုင် မီးထွန်းပွဲတော် ကာလအတွင်း ဆီမီး ၉၀၀၀ ကပ်လှူပူဇော်ခြင်း၊ အသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ပူဇော် ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော် ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံကြီးများ လွှတ်တင်ပူဇော် ခြင်း၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ် ကပ်လှူပူဇော်ခြင်းအခမ်း အနားများကို အောင်မြင်စွာ ဆောင် ရွက်နိုင်ခဲ့ကြောင်း၊ တန်ဆောင် တိုင်ပွဲတော်ကာလအတွင်း မီးပုံးပျံ များ လွှတ်တင်ပူဇော်နိုင်မှုအနေ ဖြင့် ညမီးကြီး ၁၁ လုံး၊ စိန်နားပန် အလုံး ၂၀ စုစုပေါင်း မီးပုံးပျံ ၃၁ လုံး အား လွှတ်တင်နိုင်ခဲ့ပြီး တောင်ကြီး မြို့မှ မီးပုံးပျံပညာရှင်များအဖွဲ့ အနေဖြင့် ရရှိသည့် အချိန်တစ်လခွဲ ခန့်ကာလအတွင်း ပြီးစီးအောင်မြင် အောင် ကြိုတင်ပြင်ဆင် ဆောင် ရွက်ခဲ့ပြီး ဘေးအန္တရာယ်ကင်းရှင်း စွာနှင့် အောင်မြင်စွာ လွှတ်တင်နိုင် ရေးအတွက် စနစ်တကျဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပထမအကြိမ် တန်ဆောင်တိုင် မီးထွန်းပွဲတော် မီးပုံးပျံပွဲတော် အခမ်းအနားကြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အဘက်ဘက် မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးခဲ့ကြသည့် ဝန်ကြီးဌာနများ နေပြည်တော်ကောင်စီ၊ နေပြည် တော် စည်ပင်သာယာရေး ကော်မတီ၊ မီးရှူးမီးပန်း ပစ်လွှတ် ရေးအဖွဲ့၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီ အသင်းနှင့် မိတ်ဖက်ကုမ္ပဏီများ အားလုံးနှင့် အထောက်အကူပြု အဖွဲ့များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြော ကြားသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က ဂုဏ်ပြုအမှာစကားပြောကြားပြီး တောင်ကြီးမြို့ မီးပုံးပျံအဖွဲ့မှ ကိုယ်စားလှယ် ဦးတိုးက ကျေးဇူး တင်စကား ပြန်လည်ပြောကြား သည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယင်းနောက် ဒုတိယဗိုလ်ချုပ် ကြီး ညိုစောက မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တန်ဆောင် တိုင်မီးထွန်းပွဲတော် မီးပုံးပျံ လွှတ်တင်ခြင်းတွင် တောင်ကြီး မီးပုံးပျံ လွှတ်တင်သည့်အဖွဲ့အား အမှတ်တရ ဂုဏ်ပြုလက်ဆောင် များ ပေးအပ်ခဲ့ပြီး(ဝဲပုံ) ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ကာ အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်