
မာန်အောင် ဇွန် ၃
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် တွင် စပါးမျိုးစေ့ထုတ် ဧက ၁၀၀ စိုက်ပျိုး ဆောင်ရွက်ကြမည့် တောင်သူများအတွက် မျိုးစပါး မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ မျိုးစေ့ထောက်ပံ့ ပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲ ရေးကော်မတီဥက္ကဋ္ဌ ဦးရွှေလှ အောင်က အမှာစကားပြောကြား ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းစောက စပါး မျိုးစေ့ ထောက်ပံ့ပေးရခြင်း ရည်ရွယ်ချက်နှင့် မျိုးစေ့ထုတ် လုပ်ငန်း ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် မျိုးစေ့ ထုတ်လုပ်နည်းပညာကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ စပါးမျိုးစေ့ထုတ် လုပ်ငန်းကို ဧက ၁၀၀ စိုက်ပျိုး ဆောင်ရွက်ကြမည့် တောင်သူ ၃၇ ဦးအတွက် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ များက စပါးမျိုးစေ့များကို ထောက်ပံ့ပေးအပ်ကြောင်း သိရ သည်။
မင်းသိန်းထွန်း