မာလဝီနိုင်ငံ၌ ကလေးငယ် ငါးသိန်းကျော် အာဟာရချို့တဲ့မှု အန္တရာယ်နှင့် ကြုံတွေ့ရဖွယ်ရှိဟုဆို

 

ဂျီနီဗာ  မေ    ၂၀
မာလဝီနိုင်ငံ၌ အသက်ငါးနှစ်အောက် ကလေးငယ် ၅၇၃၀၀၀ ထက် မနည်းမှာ အာဟာရချို့တဲ့မှုအန္တရာယ်နှင့်   ကြုံတွေ့ရဖွယ်ရှိကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ၏ သတိပေးချက် များကို ကိုးကား၍ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက မေ ၁၉ ရက်တွင် ပြောသည်။ 
မာလဝီနိုင်ငံသည် မတ်လတွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဖရက်ဒီ ကြောင့် ဖြစ်ပေါ်လာသောပျက်စီးဆုံးရှုံးမှုများဖြင့် ရင်ဆိုင်နေရဆဲ နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အပြင် အဆိုပါမုန်တိုင်းကြောင့် ကလေးငယ်များစွာ အပါအဝင် လက်ရှိတွင်   ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ   လူပေါင်း  ၆၅၀၀၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ  စတီဖန်ထရမ်ဘလေက  သတင်း ထောက်များအား ပြောသည်။ 
အာဟာရချို့တဲ့မှု ခံစားနေရသော ကလေးငယ် သန်းတစ်ဝက်ကျော် ရှိလာမည့် အလားအလာမှာ လက်သင့်ခံနိုင်စရာမရှိကြောင်း၊ ချက်ချင်း တုံ့ပြန်ဆောင်ရွက်မှု မပြုလုပ်နိုင်ပါက အသက်အန္တရာယ်ဆုံးရှုံးသွားနိုင် ဖွယ်ရှိကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ယူနီဆက်ဖ်ဌာနေ ကိုယ်စားလှယ် ဂျီအန်ဖရန်ကို ရိုတီလီယာနိုက  ပြောသည်။  ထို့ပြင် ယူနီဆက်ဖ်က ကလေးငယ် ၃ ဒသမ ၃ သန်းအပါအဝင် အရေးပေါ်အကူ အညီလိုအပ်သော လူပေါင်း ၆ ဒသမ ၅ သန်းကို ကူညီပံ့ပိုးပေးနိုင်ရန် မာလဝီနိုင်ငံအတွက် အမေရိကန်ဒေါ်လာ  ၅၂ ဒသမ ၄ သန်းမှ ၈၇ ဒသမ ၇ သန်းသို့ တိုးမြှင့်တောင်းခံလိုက်ကြောင်း ပြောသည်။                                                       
ဆင်ဟွာ