လယ်ယာသုံးစက်ကိရိယာများအား သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့်ပြုရန် ဆောင်ရွက်

 

နေပြည်တော်  ဇူလိုင်   ၂၈


လယ်ယာသုံး စက်ကိရိယာပစ္စည်းများ တင်သွင်းခြင်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို  ယနေ့   မွန်းလွဲ   ၂  နာရီတွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌  Virtual  စနစ်ဖြင့် ကျင်းပသည်။

 


အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်  ဦးမင်းမင်းက  JICA, Two Step Loan စီမံကိန်း Steering Committee အစည်းအဝေးတွင် ကုမ္ပဏီလုပ်ငန်းရှင်များတင်ပြခဲ့သည့် လယ်ယာသုံးစက်ကိရိယာများ သွင်းကုန်လိုင်စင်ရရှိရန်နှင့် နိုင်ငံခြားငွေပေးချေရန်အတွက် အခက်အခဲ များကို ကူညီဆောင်ရွက်ပေးရန်ကိစ္စနှင့် ပတ်သက်၍ လယ်ယာသုံး စက်ကိရိယာများအတွက် လက်ရှိလျှောက်ထားသော သွင်းကုန်လိုင်စင် ကို စိစစ်ခွင့်ပြုမှု၊ လုပ်ငန်းရှင်များ အဆင်ပြေချောမွေ့စေရေးအတွက် လယ်ယာသုံးစက်ကိရိယာများအား   သွင်းကုန်လိုင်စင်လျှောက်ထား ခြင်းမှ    ကင်းလွတ်ခွင့်ပြုရန်    ဆောင်ရွက်မှု၊   လိုင်စင်သက်တမ်း ပြင်ဆင်သတ်မှတ်မှုနှင့် လယ်ယာလုပ်ငန်းသုံးအပြင် အခြားလုပ်ငန်း ကဏ္ဍများတွင်ပါ အသုံးပြုနိုင်သည့်   စက်ပစ္စည်းနှင့်  အပိုပစ္စည်းများ တင်သွင်းမှုကိစ္စတို့ကို ရှင်းလင်းဆွေးနွေးသည်။  

 


ထို့နောက် တက်ရောက်လာကြသူများမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက်        လယ်ယာသုံးစက်ကိရိယာတင်သွင်းမှုနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို တင်ပြမေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ      ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း   သိရသည်။ 


သတင်းစဉ်