လယ်ယာမြေကို နှစ်နှစ်အထက် လှပ်ထားခြင်းကို စိစစ်တွေ့ရှိပါက ဥပဒေ၊နည်းဥပဒေများနှင့်အညီ ပြန်လည်သိမ်းယူ

 

နေပြည်တော်   ဧပြီ    ၂၅
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၂) ကြိမ်မြောက်  အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်နှင့်  အဖွဲ့ဝင်များ တက်ရောက် ကြသည်။
ဦးစွာ  ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အနေဖြင့်    လယ်ယာမြေပေါ်၌   နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ၊ ဒေသတွင်းဖွံ့ဖြိုးရေး ဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ကြန့်ကြာမှုမရှိစေဘဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အတည်ပြုဆောင် ရွက်ပေးရန် လိုအပ်ကြောင်း။ 
ကြပ်မတ်ဆောင်ရွက်
လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ရရှိပြီး သူများအနေဖြင့်   ခွင့်ပြုသည့်  နေ့ရက်မှ ခြောက်လ အတွင်း သတ်မှတ်သည့် နည်းလမ်းအတိုင်း လုပ်ငန်း ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်သွား ရမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိပါက လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်အနေဖြင့် လယ်ယာ မြေဥပဒေ ပုဒ်မ ၃၁ ပါ ပြဋ္ဌာန်းချက်နှင့်အညီ အခြား နည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့်ကို ပြန်လည်ပယ်ဖျက် နိုင်ရေး ဆောင်ရွက်ခြင်းကိုလည်း ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များက ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း။
လယ်ယာမြေကို နှစ်နှစ်အထက် လှပ်ထားခြင်းကို  စိစစ်တွေ့ရှိပါက  ဥပဒေ၊  နည်းဥပဒေများနှင့်အညီ ပြန်လည်သိမ်းယူပြီး စိုက်ပျိုးလုပ်ကိုင်နိုင်သူများကို  စိစစ်၍ ပြန်လည်ခွဲဝေကာ  စိုက်ပျိုးလုပ်ကိုင်နိုင်ရေး  စီမံဆောင်ရွက်ပေးခြင်းဖြင့်       နိုင်ငံတော်အတွက် လယ်ယာကုန်ထုတ်  စွမ်းအားတိုးတက်လာနိုင်မည် ဖြစ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း လုပ်ပိုင် ခွင့်ရဧရိယာ အားလုံးကို စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ဖော်ထုတ်လုပ်ကိုင်ပြီးစီးခြင်း၊ သီးနှံပင် များ စိုက်ပျိုးဖြစ်ထွန်းမှုရှိပြီး ဆွတ်ခူးနိုင်ရန် အရွယ် ရောက်ရှိနေခြင်း၊ အနာဂတ်တွင် လယ်ယာမြေအဖြစ်  ဆက်လက်တည်တံ့သွားရန်    အခြေအနေရှိခြင်း၊ လယ်ယာမြေအဖြစ် ဆက်လက်တည်တံ့သွားခြင်း ဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးစီးပွားအတွက် ပိုမိုဖော်ဆောင်ပေးနိုင်ခြင်း စသည့်အနေအထားကို ရောက်ရှိပါက    လုပ်ပိုင်ခွင့်     ရရှိထားသူအနေဖြင့် လယ်ယာမြေအဖြစ်    ပြောင်းလဲသတ်မှတ်ပေးရန် ဥပဒေနှင့်အညီ  လျှောက်ထားနိုင်ပြီး  လယ်ယာမြေ ဥပဒေပါ အခွင့်အရေးများကို ခံစားနိုင်ကြမည်ဖြစ် သကဲ့သို့ နိုင်ငံတော်အတွက်လည်း လယ်ယာမြေများ ကို ဥပဒေနှင့်အညီ တိုးချဲ့လာနိုင်မည် ဖြစ်ပါကြောင်း။
သီးနှံစိုက်ပျိူးထုတ်လုပ်မှုမြင့်မား
အချို့သော   နေရာဒေသများ၌  လယ်မြေတွင်  စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းထက် တောင်သူ များအတွက် ဝင်ငွေပိုမိုရရှိနိုင်မည့် ဒေသနှင့်ကိုက်ညီ သော  ဝင်ငွေရ  သီးနှံ  Cash  Crop   ကို  ပြောင်းလဲ စိုက်ပျိုးခွင့်ပြုပေးနိုင်ပါရန် တင်ပြလာမှုများ တွေ့ရှိရ ကြောင်း၊ ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့အနေဖြင့်  လယ်ယာမြေဥပဒေပုဒ်မ   ၂၈  ပုဒ်မခွဲ (က)   အရ သတ်မှတ်ချက်များနှင့်   ကိုက်ညီမှု  ရှိ/မရှိ  စိစစ်ပြီး ဒေသအတွင်း   ဆန်စပါးဖူလုံမှုနှင့်    ပတ်ဝန်းကျင် လယ်ယာမြေများကို ထိခိုက်နိုင်မှုမရှိပါက ဒေသနှင့် ကိုက်ညီပြီး တောင်သူများအတွက် ဝင်ငွေပိုမိုရရှိ နိုင်မည့် ဝင်ငွေရသီးနှံ Cash Crop ပြောင်းလဲစိုက်ပျိုး နိုင်ရေးကို ခွင့်ပြုပေးနိုင်ရန်လည်း လိုအပ်ပါကြောင်း၊ ခွင့်ပြုချက်မရှိပဲ     မိမိသဘောအလျောက်      သီးနှံ ပြောင်းလဲစိုက်ပျိုးခွင့်    မရှိသည်ကို   သိရှိနားလည် ကြစေရန်ကိုလည်း     အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊  သို့မှသာ သီးနှံစိုက်ပျိူးထုတ်လုပ်မှု မြင့်မားလာပြီး  ဒေသအတွင်း စီးပွားဖွံ့ဖြိုးမှု တိုးတက်လာမည်ဖြစ်၍ ဆွေးနွေးဆုံးဖြတ်သွားရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက်    ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့  အတွင်းရေးမှူး ဦးသက်နိုင်ဦး က အစည်းအဝေးတွင် ဆွေးနွေးရမည့်     လုပ်ငန်းစာတွဲများကို    တင်ပြရာ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က လုပ်ငန်းကဏ္ဍ အလိုက်   အကြောင်းအရာတစ်ခုချင်းအပေါ်    စိစစ် ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏  (၁၂) ကြိမ် မြောက် အစည်းအဝေးတွင် တိုင်းဒေသကြီး ပြည်နယ်၊ နေပြည်တော်  လယ်ယာမြေ  စီမံခန့်ခွဲမှုအဖွဲ့များမှ ဥပဒေ၊     နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်        အညီ လျော်ကြေး၊ နစ်နာကြေး တွက်ချက်တင်ပြလာသော  လုပ်ငန်းကိစ္စရပ်များ၊    တိုင်းဒေသကြီး    ပြည်နယ် ခုနစ်ခုတွင်  လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ရရှိပြီး     ခွင့်ပြုသည့်နေ့ရက်မှ     ခြောက်လအတွင်း သတ်မှတ်သည့် နည်းလမ်းအတိုင်း  စတင်အသုံးမပြု သည့် ကိစ္စရပ်များ၊ လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်နှင့်အညီ  ဒဏ်ကြေးငွေပေးဆောင်ရန်        အဆိုပြုတင်ပြလာသော  လုပ်ငန်းကိစ္စရပ်များနှင့် သတ်မှတ်ဒဏ်ကြေး      ပေးဆောင်ပြီးဖြစ်ကြောင်း ဘဏ်ငွေသွင်းချလန် မိတ္တူများနှင့်အတူ ပြန်လည် တင်ပြလာခြင်းအတွက် ခွင့်ပြုမိန့်(ပုံစံ-၁၅) ထုတ်ပေး နိုင်ရေး   ကိစ္စရပ်များကို    ပြည်ထောင်စုအစိုးရအဖွဲ့ က ထုတ်ပြန်သည့် Standard Operating Proce-dure–SOP ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရန် ကိစ္စရပ်များကို  ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။                                  သတင်းစဉ်