လယ်ယာမြေ လျော့နည်းသွားခြင်းမရှိစေရန် အထူးအလေးထားဆောင်ရွက်ကြရမည်

 

ဘားအံ   မတ်   ၁၉


ကရင်ပြည်နယ်     လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၂)ကြိမ် မြောက်နှင့်   ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ  စီမံခန့်ခွဲ ရေးကော်မတီ၏ (၁/၂၀၂၂)  ကြိမ် မြောက်   လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို    မတ် ၁၈    ရက်က ပြည်နယ် အစိုးရအဖွဲ့ရုံး   အစည်း အဝေးခန်းမ(၂)၌ ကျင်းပသည်။

 


အလေးထားဆောင်ရွက်ကြရမည်


အစည်းအဝေးတွင် ပြည်နယ် လယ်ယာမြေ    စီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ များ၏ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်  ဦးစောမြင့်ဦးက   လယ်ယာမြေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို   စနစ်တကျ         စီမံခန့်ခွဲနိုင်ရန်လို ကြောင်း၊ ခွင့်ပြုချက်မရှိဘဲ မြေအသုံး ချနေမှုများသည် တရားမဝင်ဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ  လယ်ယာမြေ    စီမံ ခန့်ခွဲရေး ကော်မတီအဆင့်ဆင့်မှ   ကြပ်မတ်ကွပ်ကဲပေးရန် လိုကြောင်း၊   လယ်ယာမြေ       (တစ်နည်းအားဖြင့်)စိုက်ပျိုးမြေများ    လျော့နည်းသွား ခြင်းမရှိစေရန် အထူးအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သေချာစွာစိစစ်ပြီးမှသာ ဆက်လက်    ထောက်ခံတင်ပြခြင်း၊    ခွင့်ပြုပေး ခြင်းများကို ဆုံးဖြတ်ပေးကြရန် လိုကြောင်း ပြောကြားသည်။

 


ရှင်းလင်းတင်ပြ


ထို့နောက်    ပြည်နယ်လယ်ယာ မြေ   စီမံခန့်ခွဲမှုအဖွဲ့၊   ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး    ကော်မတီများ၏          အတွင်းရေးမှူး  လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန  ပြည်နယ်ဦးစီးမှူး ဦးမင်းမင်းက လယ်ယာမြေစီမံခန့်ခွဲရေးကိစ္စရပ် များနှင့်    မြေလွတ်၊    မြေလပ်နှင့် မြေရိုင်းများ   စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များအား  ရှင်းလင်းတင်ပြ ပြီး  ပြည်နယ်ကော်မတီဝင်များက   ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြ ကာ      ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား     ပြောကြား ခဲ့သည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)