
နေပြည်တော် အောက်တိုဘာ ၁၄
စိုက်ပျိုးရေး၊ မွေးမြူရေးပညာရှင်များအနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးသာမက လယ်ယာကဏ္ဍ ပြောင်းလဲတိုးတက်ရေးကိုပါ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်၍ ပညာရပ်အသီးသီးတွင် ထူးချွန်ထက်မြက် သော လူသားအရင်းအမြစ်များ ပေါ်ထွန်းလာရေးကိုလည်း စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးတက္ကသိုလ် စုဝေးခန်းမဆောင်၌ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များမှ မဟာသိပ္ပံနှင့် ပါရဂူသင်တန်းတက်ရောက်နေကြသည့် သင်တန်းသား သင်တန်းသူ များနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုး ရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် များအနေဖြင့် အထူးပြုဘာသာရပ်အလိုက် ထူးချွန် သူများ မွေးထုတ်ပေးရာတွင် သီးနှံတစ်ခုချင်းအလိုက်၊ နည်းပညာရပ်တစ်ခုချင်းအလိုက် ထူးချွန်သူများ ပေါ်ထွန်းလာရေးအတွက် စူးစူးစိုက်စိုက် ကြိုးပမ်းကြ ရန်လိုကြောင်း၊ သုတေသနပြု လေ့လာတွေ့ရှိချက်များ အပေါ် ဆွေးနွေးသုံးသပ်နိုင်ရန် နည်းပညာရပ်ဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲများ၊ ဟောပြောပွဲများကို ဘာသာ ရပ်အလိုက်ကျင်းပပြီး လွတ်လွတ်လပ်လပ် အမြင် ချင်းဖလှယ် ဆွေးနွေးနိုင်သည့် အစီအစဉ်များ ဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပညာရှင်အဖွဲ့(Myanmar Academy of Agriculture, Livestock and Fisheries) ပြန်လည်ဖွဲ့စည်းပြီး စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရန် ဆောင်ရွက်ခြင်းနှင့် အဆိုပါအဖွဲ့၏ ဦးဆောင်မှု ဖြင့် သုတေသနညီလာခံများ၊ စာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများကျင်းပခြင်း၊ စာအုပ်စာစောင်များ ထုတ်ဝေခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မဟာသိပ္ပံနှင့် ပါရဂူသင်တန်းသားများ၏ လေ့လာ တွေ့ရှိချက်စာတမ်းများ တင်သွင်းနိုင်မည့် အခွင့် အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ဘွဲ့ရရုံ မျှ လေ့လာသင်ယူခြင်းမဟုတ်ဘဲ အမှန်တကယ် အတွေ့အကြုံကောင်းရှိသော အရည်အသွေးပြည့်ဝ သူများအဖြစ် ပေါ်ထွန်းလာစေရန် မျှော်မှန်းဆောင် ရွက်ခြင်းဖြစ်၍ သက်ဆိုင်သူအားလုံးတို့က ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း။
ဖွံ့ဖြိုးပြီးသော နိုင်ငံများတွင် Industrial Revo-lution 4.0 ကို ကျင့်သုံးနေကြပြီဖြစ်သကဲ့သို့ စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံများအနေဖြင့်လည်း ပိုမိုထိရောက်သော ခေတ်မီထုတ်လုပ်မှု လုပ်ငန်းစဉ် များပါဝင်သည့် Agricultura 4.0 ကို ပြောင်းလဲ ကျင့်သုံးနေကြပြီဖြစ်ရာ မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူ ရေးကဏ္ဍ ပြောင်းလဲတိုးတက်ရေး လုပ်ငန်းစဉ်များ တွင် ကျရာအခန်းကဏ္ဍက ထူးချွန်ပြောင်မြောက်စွာ ပါဝင်စွမ်းဆောင်နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များမှ မဟာသိပ္ပံနှင့် ပါရဂူသင်တန်း တက်ရောက်နေကြသည့် သင်တန်းသား သင်တန်းသူ များနှင့်အတူ ကော်ဖီနှင့်မုန့်များ သုံးဆောင်ကြပြီး သင်ကြားမှုနှင့် သင်ယူမှုဆိုင်ရာကိစ္စရပ်များ ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (အပေါ်ပုံ)
သတင်းစဉ်