လယ်ဝေးမြို့နယ် ချောင်းမငယ်ရေလှောင်တမံအတွင်း ငါးမျိုးစိုက်ထည့်


 

နေပြည်တော်  ဇန်နဝါရီ   ၁၈
ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံ ဇာတများ  ရေရှည်ထိန်းသိမ်းနိုင် ရေး၊  ကျေးလက်နေပြည်သူများ ငါးရိက္ခာကို    ပိုမိုရရှိစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးတို့အတွက် သဘာဝ မြစ်ချောင်းအင်းအိုင်   ဆည်တမံ များအတွင်း ငါးမျိုးများစိုက်ထည့် ပေးလျက်ရှိရာ   နေပြည်တော် တိုင်း    ငါးလုပ်ငန်းဦးစီးဌာနမှ  လယ်ဝေးမြို့နယ်   ချောင်းမငယ် ရေလှောင်တမံအတွင်း  ရေဆင်း ငါးလုပ်ငန်းစခန်းမှ  ထုတ်လုပ် သော နှစ်လက်မအောက်ခံအရွယ် ငါးမြစ်ချင်းသားပေါက် ကောင်ရေ ၁၀၀၀၀၀    မျိုးစိုက်ထည့်သည့် အခမ်းအနားကို     ဇန်နဝါရီလ ဒုတိယပတ်က ကျင်းပသည်။
ငါးမျိုးများစိုက်ထည့်
ငါးမျိုးစိုက်ထည့်ပွဲတွင်   ငါး လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝေလင်းမောင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြား ရေးမှူးများ၊ ရေဆင်းငါးလုပ်ငန်း စခန်းတာဝန်ခံ၊    ဒက္ခိဏခရိုင် တာဝန်ခံ၊   လယ်ဝေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူးနှင့် ဝန်ထမ်း များ၊ ဒေသခံရေလုပ်သားများက စုပေါင်း၍ ငါးမျိုးများ စိုက်ထည့် ပေးသည်။       
နည်းပညာများပံ့ပိုး
ဆက်လက်၍    ညွှန်ကြားရေး မှူးချုပ်နှင့်အဖွဲ့သည် ချောင်းမ ငယ်      ရေလှောင်တမံအတွင်း ရေပေါ်လှောင်အိမ်ဖြင့်    ငါးမွေး မြူထားမှု   အခြေအနေများကို    ကြည့်ရှုစစ်ဆေးပြီး  ချောင်းမငယ် ရေလှောင်တမံအနီး နေထိုင်သည့် ရေပေါ်လှောင်အိမ် ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်      စိတ်ပါဝင်စားသည့်      ရေလုပ်သား များနှင့်  တွေ့ဆုံ၍   ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့်            ငါးမွေး မြူရေးနည်းပညာများ    ပံ့ပိုးပေး နိုင်မည့်      အခြေအနေများနှင့်    ပတ်သက် ၍        ရှင်းလင်းပြောကြား ရာ   ရေလုပ်သားများက   သိရှိလို သည် များကို             ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း         သိရ သည်။ 
သတင်းစဉ်